သုခ (ဗုဒ္ဓဘာသာ)

From Wikipedia, the free encyclopedia

သုခ (ဗုဒ္ဓဘာသာ)
Remove ads
  • [] (၁) ချမ်းသာ-ပျော်ရွှင်-ခြင်း၊ (ချမ်းသာ-ပျော်ရွှင်-တတ်သောတရား၊ သုခ-သောမနဿ-ဝေဒနာစေတသိက်)။ []
  • (၂) ချမ်းသာခြင်း၏-အမြစ်အရင်း-အခြေခံ၊ သုခမူလ။ []
  • (၃) ချမ်းသာသောအာရုံ-သုခါရမ္မဏ။ []
  • (၄) ချမ်းသာကြောင်း-ချမ်းသာကို ဖြစ်စေတတ်သည့်-တရား။ []
  • (၅) ချမ်းသာရာဌာန၊ နတ်ပြည်၊ သုခပစ္စယဌာန။ []
  • (၆) ချမ်းသာကြောင်းဈာန်သမာပတ် (ပဌမဈာန်စသည့် အဗျာဗဇ္ဈ)၊ []
  • (၇) ချမ်းသာရာ-နိဗ္ဗာန်-နိဗ္ဗာန။ []
  • (၈) ငြိမ်သက်-အေးချမ်း-သော ဥပေက္ခာဝေဒနာ[]
  • (၉) သုခနှင့် ဥပေက္ခာဝေဒနာ ၂-ပါး-သုခေါပေက္ခာ။[၁၀]
  • (၁၀) အလိုရှိ-ချစ်-နှစ်သက်-အပ်သော-စိတ်နှလုံးကို ပွားစေတတ်သော-ဣဋ္ဌပိယမနာပ။ [၁၁]
  • (၁၁) ချမ်းသာမှု အရဟတ္တဖိုလ်-ပဋိပ္ပဿဒ္ဓိ။ [၁၂]
  • (၁၂) ကြီးပွား-တိုးတက်-ခြင်း-ဝုဍ္ဎိ။ [၁၃]
  • (၁၃) သုခ-လုလင်-သတို့သား-သာမဏေ။ [၁၄]
  • (၁၄) သုခသုတ်[၁၅]
  • (၁၅) (ကိုယ်, စိတ်တို့၌ ဖြစ်သောကျင်နာခြင်းဟူသော ဒုက္ခဝေဒနာကို) ကောင်းစွာခဲစားတတ်သော သုခဝေဒနာ။ [၁၆]
  • (၁၆) (ကိုယ်, စိတ်တို့၏ ကျင်နာခြင်းကို) ကောင်းစွာတူးဖြိုတတ်သော သုခဝေဒနာ၊ [၁၇]
  • (က) ကာယိကသုခဝေဒနာ
  • (ခ) စေတသိကသုခဝေဒနာ။ [၁၈]
  • (ဂ) ဝိပဿနာစိတ်နှင့် ယှဉ်သော စေတသိကသုခ၊ ဝိပဿနာသုခ။ [၁၉]
  • (ဃ) နိရာမိသသုခ။ [၂၀]
  • (င) ဈာနသုခ။ [၂၁]
  • (စ) နိက္ခမသုခ။
  • (ဆ) ပဝိဝေကသုခ။
  • (ဇ) ဥပသမသုခ။
  • (ဈ) သမ္ဗောဓိသုခ၊ [၂၂]
  • (ည) အရဟတ္တမဂ်သုခ။
  • (ဋ) အရဟတ္တဖိုလ်သုခ။ [၂၃]
  • (၁၇) ချမ်းသာစေတတ်သောတရား။
  • (၁၈) ဖြစ်သောချမ်းသာရှိ-ချမ်းသာခြင်းသို့ရောက်-သည်ကို-ပြုတတ်သောတရား။ [၂၄]
  • (၁၉) ထာဝစဉ်-အကြားမလပ်-မြဲသောချမ်းသာ။ [၂၅]
  • (၂၀) ပြုလွယ်-လွယ်ကူ-သော။ သုကရ၊ [၂၆]
  • (၂၁) ပဋိပတ္တိသုခ။
  • (၂၂) ဝိမောက္ခသုခ။ [၂၇]
  • (၂၃) ဒိဋ္ဌဓမ္မိကသုခ။
  • (၂၄) သမ္ပရာယိကသုခ။
  • (၂၅) ပရမတ္ထသုခ။ [၂၈]
  • (၂၆) ငြိုငြင်-ပင်ပန်း-ဆင်းရဲ-ခြင်းမရှိသော။ [၂၉][၃၀]
Remove ads

ချမ်းသာ ၂ မျိုး

  • ၁။ ကာမဂုဏ် ပြည့်စုံမှုလျှင် အကြောင်းရင်းရှိသော ‘ဂီဟိသုခ’ချမ်းသာ၊
  • ၂။ ရဟန်း အဖြစ်လျှင် အကြောင်းရင်းရှိသော ‘ပဗ္ဗဇိတသုခ’ချမ်းသာ၊ (တစ်နည်း)
  • ကာမဂုဏ်ကို အကြောင်းပြု၍ ဖြစ်သော ‘ကာမသုခ’ ချမ်းသာ၊
  • ၂။ ကာမဂုဏ်မှ ထွက်မြောက်ခြင်းကို အကြောင်းပြု၍ ဖြစ်သော ‘နေက္ခမ္မသုခ’ချမ်းသာ၊ (တစ်နည်း)
  • လောက၌ အကျုံး ဝင်သော ‘ဥပဓိသုခ’ ချမ်းသာ၊
  • ၂။ လောကုတ္တရာ၌ အကျုံးဝင်သော ‘နိရုပဓိသုခ’ ချမ်းသာ၊ (တစ်နည်း)
  • အာသဝေါတရားတို့၏ အကြောင်းဖြစ်သော ‘သာသဝသုခ’ ချမ်းသာ၊
  • ၂။ အာသဝေါတရားတို့၏အကြောင်း မဟုတ်သော ‘အနာသဝသုခ’ ချမ်းသာ၊ (တစ်နည်း)
  • ကိလေသာ၏အာရုံဖြစ်၍ ဝဋ်သုံးပါးသို့ ရောက်ကြောင်းဖြစ်သော ‘သာမိသသုခ’ ချမ်းသာ၊
  • ၂။ ကိလေသာ အာရုံမဟုတ်မူ၍ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော ‘နိရာမိသသုခ’ ချမ်းသာ၊ (တစ်နည်း)
  • အရိယာပုဂ္ဂိုလ်တို့၏ ‘အရိယသုခ’ ချမ်းသာ၊
  • ၂။ ပုထုဇဉ်တို့၏ ‘အနရိယသုခ’ ချမ်းသာ၊ (တစ်နည်း)
  • ကိုယ်၌ဖြစ်သော ‘ကာယိကသုခ’ချမ်းသာ၊
  • ၂။ စိတ်၌ ဖြစ်သော ‘စေတသိကသုခ’ ချမ်းသာ၊ (တစ်နည်း)
  • ပီတိနှင့်တကွဖြစ်သော ‘သပ္ပီတိကသုခ’ ချမ်းသာ၊
  • ၂။ ပီတိကင်းသော ‘နိပ္ပီတိကသုခ’ ချမ်းသာ၊ (တစ်နည်း)
  • သာယာအပ်သော သဘောရှိသော ‘သာတသုခ’ချမ်းသာ၊
  • ၂။ လျစ်လျူရှုအပ်သော သဘောရှိသော ‘ဥပေက္ခာသုခ’ ချမ်းသာ၊ (တစ်နည်း)
  • ဥပစာရသမာဓိ အပ္ပနာသမာဓိကို မှီ၍ဖြစ်သော ‘သမာဓိသုခ’ ချမ်းသာ၊
  • ၂။ ဥပစာရသမာဓိ အပ္ပနာသမာဓိမှ ကင်းသော ‘အသမာဓိသုခ’ ချမ်းသာ၊ (တစ်နည်း)
  • ပီတိနှင့်တကွဖြစ်သော ဈာန်ကို အာရုံပြု၍ဖြစ်သော ‘သပ္ပီတိကာရမ္မဏသုခ’ ချမ်းသာ၊
  • ၂။ ပီတိကင်းသော ဈာန်ကို အာရုံပြု၍ဖြစ်သော ‘နိပ္ပီတိကာရမ္မဏသုခ’ချမ်းသာ၊ (တစ်နည်း)
  • သာတသဘောရှိသော ဈာန်ကို အာရုံပြု၍ဖြစ်သော ‘သာတာရမ္မဏသုခ’ ချမ်းသာ၊
  • ၂။ ဥပေက္ခာသဘောရှိသော ဈာန်ကို အာရုံပြု၍ဖြစ်သော ‘ဥပေက္ခာရမ္မဏသုခ’ ချမ်းသာ၊ (တစ်နည်း)
  • ရူပါဝစရဈာန်လျှင် အာရုံရှိသော ‘ရူပါရမ္မဏသုခ’ချမ်းသာ၊
  • ၂။ အရူပါဝစရဈာန်လျှင် အာရုံရှိသော ‘အရူပါရမ္မဏသုခ’ချမ်းသာ။ [၃၁]
Remove ads

ချမ်းသာခြင်း၏ အကြောင်းများ

အကျဉ်းပြ၊ [၃၂] ။ ချမ်းသာကြောင်းလေးပါး ဂါထာ၊ [၃၃] ။ ဂါထာများ၊ [၃၄] ။ ၂-ပါး၊ သုခဝိဟာရသုတ်[၃၅] ဣန္ဒြေစောင့်စည်းမှု၊ စားသောက်မှု၌ ဆင်ခြင်မှု။ ။ [၃၆] ကောဓပယ်ရကြောင်း။ ။ အာနန္ဒသုတ်[၃၇]ဖာသုဝိဟာရသုတ်-အံ။ ။ ရထောပမသုတ်-သံ၊ ရဟန်းတို့ ချမ်းသာကြောင်း။ ။ စူဠသကုလုဒါယီသုတ်-ပဏ်။ ။ [၃၈] ။ ဩကာသာဓိဂမဝဏ္ဏနာ၊ [၃၉] ။ ချမ်းသာလိုလျှင် သူတပါးကို မညှဉ်းဆဲရကြောင်း ဂါထာ၊ [၄၀][၄၁] ။ ချမ်းသာလိုသူ စွဲမယူရကြောင်းဂါထာ၊ [၄၂] ။ ချမ်းသာခြင်းအကြောင်း ၅-ပါး၊ [၄၃] သဒ္ဓါ၊ ဟီရိ၊ ဩတ္တပ္ပ၊ အာရဒ္ဓဝီရိယ၊ ပညဝါ။ ။ အာနန္ဒသုတ်[၄၄]

  • (၁) မိမိကိုယ်တိုင် သီလနှင့်ပြည့်စုံ၍ အဓိသီလ သူတပါးကို မကဲ့ရဲ့ခြင်း။
  • (၂) သူတပါးအတွက် မကြောင့်ကြခြင်း။
  • (၃) ဘုန်းကံနည်းပါးသည်ကို မပူပန်ခြင်း။
  • (၄) ဈာန်ကို ဝင်စားနေခြင်း။
  • (၅) အရဟတ္တဖိုလ်ကို ဝင်စားနေခြင်း။ ။ ချမ်းသာလို၊ မိတ်မပြစ်မှား၊ ပြုငြားအကု၊ ရှောင်ကြဉ်မှုဟူသော ဂါထာ၊ [၄၅]
  • ချမ်းသာ ဟူသမျှကို မည်သူကမှ မပေးနိုင် မိမိ စိတ်ကောင်းကသာ ပေးနိုင်ကြောင်း ဂါထာ။ ။ ၂၁၀။ ။ ချမ်းသာနေရကြောင်း ဥဒါန်းကျူးသော ဂါထာများ၊ [၄၆]
  • နည်းငယ်ချမ်းသာ၊ စွန့်တုံပါ၊ များစွာကောင်းကျိုးရ ဟူသော ဂါထာ။ ။ [၄၇]
  • ပဉ္စကင်္ဂသုတ်[၄၈] ဈာန်နှင့်ယှဉ်သော သုခ ဝေဒနာကို အဆင့်ဆင့် သာလွန်ပုံကို ဟောထား၏၊ [၄၉]
  • ဗောဓိရာဇကုမာရသုတ်[၅၀] သုခဖြင့် သုခရှာမရ၊ ဒုက္ခဖြင့် သုခရှာမှသာ ရနိုင်ကြောင်းလျှောက်ထား၍ ဒုက္ခဖြင့် ရှာတိုင်း သုခမရနိုင်ကြောင်း ဘုရားလောင်းဘဝက ဆင်းရဲစွာ ကျင့်ခဲ့ဘူးကြောင်းကို အကျယ်ပြန်၍ ဟောထား၏၊ ဋ္ဌ-၌လည်းကောင်းမင်းသား၏ (သားသမီးမရနိုင်ခြင်း)အကြောင်းကိုလည်း ပြထား၏။ [၅၁]
  • ဘုရားရှင်သာသနာတော်၌ ပျင်းသူဒုက္ခရောက်၍ , ဝီရိယရှိသူသုခရှိကြောင်း [၅၂]
  • ဘူမိဇသုတ်[၅၃] ဖဿကြောင့် သုခဒုက္ခ ဖြစ်ကြောင်း အသျှင်သာရိပုတ္တရာထေရ်က ဘူမိဇ မထေရ်အား ရှင်းပြထား၏၊ တဖန် ဘုရားရှင်က အခြားအကြောင်းများလည်း ရှိသေးကြောင်း ဟောထား၏။ [၅၄]
Remove ads

လူတို့ကြီးပွါးကြောင်း ချမ်းသာကြောင်းများ

လူတို့ကြီးပွါးကြောင်း ၅-ပါး၊ လိစ္ဆဝီကုမာရသုတ်[၅၅]၊ ၁-မိဘကိုလုပ် ကျွေးခြင်း၊ ၂-မယားကျေးကျွန်တို့အား ပေးကမ်းချီးမြှင့်ခြင်း၊ ၃-အိမ်နီး လယ်ယာနီးတို့အား ပေးကမ်းခြင်း၊ ၄-ရိုးရာနတ်တို့အား ပူဇော်ပသခြင်း၊ ၅-သမဏဗြာဟ္မဏတို့အား လှူဒါန်း၍ အရိုအသေပြုခြင်း၊ မှတ်သားဖွယ် ကောင်းသော ဂါထာများပါ၏။ ဥဇ္ဇယသုတ်[၅၆]၊ ပစ္စုပ္ပန်သံသရာ၌ ချမ်းသာကြောင်း၊ ပျက်စီးကြောင်းများကို ဟောထား၏၊ မှတ်သားဖွယ် ဂါထာများ။ ။ ဒီဃဇာဏုသုတ်[၅၇] ။ လူတို့ချမ်းသာလေးပါးကို ဟောသော အာနဏျသုတ်[၅၈]၊ အတ္ထိသုခ၊ ဘောဂသုခ၊ အာနဏျသုခ၊ အနဝဇ္ဇသုခ။ ။ လူစီးပွားတက်မှု ကျမှုအတွက် ဆုံးမသော ဂါထာများ၊ [၅၉]

သုခနှင့်စပ်၍ မှတ်သားဖွယ်များ

သုခဝဂ္ဂ၊ [၆၀] ။ သုခအစစ်မှာ လောကုတ္တရာနယ်တွင်သာ ရှိကြောင်း၊ [၆၁] ။ သုခလိုက လိုက်နာရန်ညွှန်ပြသော ဂါထာ၊ [၆၂] ။ သုခလိုက ဒုက္ခနှင့် ရင်းနှီးရကြောင်း၊ [၆၃] ။ သုခလိုငြား ဒုက္ခပွါး၏၊ [၆၄]သုခသုတ်[၆၅] ဝေဒနာသုံးပါး၏ အပျက်ကိုမြင်လျှင် နှစ်သက်ခြင်းကင်းကြောင်း၊ ၂-ဂါထာပါ၏။ ။ သုခိတသုတ်[၆၆] ချမ်းသာသူကိုမြင်သော် ငါတို့လည်း မရေတွက်နိုင်အောင် ချမ်းသာဘူးခဲ့သည်တကားဟု ဆင်ခြင်အောက်မေ့၍ ငြီးငွေ့သင့်ကြောင်း ဟောထား၏။ သုခ-ဒုက္ခ၌ အမြင်ချင်း မတူကြပုံ၊ [၆၇] သုခပတ္ထနာသုတ်[၆၈] သုခလ္လိကာနုယောဂ၊ သုခလ္လိကာနုယောဂါနိ သံသဝဏ္ဏနာ၊ [၆၉] တိတ္ထိတို့အလိုနှင့် သာသနာတော်အလို သုခယူကြပုံ ခွဲပြခန်း။ ။ သုခပုဒ်အဖွင့်၊ [၇၀] အဆင့်ဆင့်သာလွန်သော သုခများကို ပြဆိုခဏ်း၊ [၇၁] သူတပါးတို့ကို ကိုယ်စိတ်ဆင်းရဲစေ၍ သုခရှာလျှင် သုခ မတွေ့ရဘဲ ဒုက္ခသာတွေ့ရတတ်ကြောင်းဂါထာ၊ [၇၂] (သုခလိုငြား ဒုက္ခပွါး၏)။ ။ [၇၃] သူတပါးကို မညှဉ်းဆဲဘဲ သုခရှာလျှင်မူ သုခတွေ့ရတတ်ကြောင်း၊ ၂-ဂါထာ၊ [၇၄]

Remove ads

သုခဖြစ်ကြောင်းများ

၅-ပါး၊ [၇၅] သဒ္ဓါ-ဟိရိမာ-ဩတ္တပ္ပီ-အာရဒ္ဓဝီရိယ-ပညာဝါ။ ။ ၆-ပါး၊ သုခသောမနဿသုတ်[၇၆] ဂါထာ။ ။ သုခဝိဟာရသုတ်[၇၇] ဂါထာများပါ၏။ ။ သုခေါ ဝိပါကော ပုညာနံ စသော ဂါထာ၊ [၇၈] ။ သုခေါ ဝိဝေကော တုဋ္ဌဿ စသော ဂါထာ၊ [၇၉][၈၀] အဆင့် ဆင့်သာလွန်သော သုခကိုပြသော ဂါထာလည်းပါ၏။ ။ သုခါ သံဃဿ သာမဂ္ဂီ စသော ဂါထာ၊ [၈၁] သုခသုတ်[၈၂] ဖြစ်လျှင်ဒုက္ခ၊ မဖြစ်လျှင်သုခ-ဟု ဟောထားတော်မူ၏။ ။ ဒုတိယသုခသုတ်၊ ဤ၌ကား-သာသနာတော်၌ မွေ့လျော်လျှင် သုခ၊ မမွေ့လျော်လျှင် ဒုက္ခ-ဟု ဟောထား၏။ ။ သမဂ္ဂါနံ တပေ သုခေါ၊ [၈၃] ။ သုခဝဂ်၊ [၈၄] ။ သုခပုဒ် အဖွင့်၊ [၈၅] ။ (ချမ်းသာခြင်းအကြောင်းများ အခန်း၌လည်း ရေးခဲ့ပြီ)၊ [၈၆] သုခပတ္ထနာသုတ်၊ [၈၇] ချီးမွမ်းခံရမှုပစ္စည်းဥစ္စာရမှု၊ သုဂတိ ဘဝသို့ရောက်ရမှု ကောင်းကျိုးသုံးမျိုးကို တောင့်တသော် သီလစောင့် ထိန်းရန် တိုက်တွန်းထားတော်မူ၏၊ ဂါထာများပါ၏၊ [၈၈]

Remove ads

ချမ်းသာကြောင်း တရား ၁၀ ပါး

  • ၁။ သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
  • ၂။ သူ့ဥစ္စာ ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
  • ၃။ ကာမတို့၌ မှားယွင်းသော အကျင့်မှ ရှောင်ကြဉ်ခြင်း၊
  • ၄။ မဟုတ်မမှန် ပြောမှုမှ ရှောင်ကြဉ်ခြင်း၊
  • ၅။ ကုန်းချောမှုမှ ရှောင်ကြဉ်ခြင်း၊
  • ၆။ ရုန့်ရင်း ကြမ်းတမ်းစွာ ပြောဆိုမှုမှ ရှောင်ကြဉ်ခြင်း၊
  • ၇။ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းမှ ရှောင် ကြဉ်ခြင်း၊
  • ၈။ သူတစ်ပါးဥစ္စာကို ရှေးရှုကြံစည်မှုမှ ရှောင်ကြဉ်ခြင်း၊
  • ၉။ သတ္တဝါတို့အား ဖျက်ဆီး လိုမှုမှ ရှောင်ကြဉ်ခြင်း၊
  • ၁၀။ မှန်သော အမြင်ရှိခြင်း။ [၈၉]
Remove ads

ချမ်းသာ ၂ မျိုး

  • ၁။ ကိုယ်၌ ဖြစ်သော ချမ်းသာခြင်း၊
  • ၂။ စိတ်၌ ဖြစ်သော ချမ်းသာခြင်း။ [၉၀]

ချမ်းသာ ၃ မျိုး

  • ၁။ မနုဿသုခ- လူ့ချမ်းသာ၊
  • ၂။ ဒိဗ္ဗသုခ- နတ်ချမ်းသာ၊
  • ၃။ နိဗ္ဗာနသုခ- နိဗ္ဗာန် ချမ်းသာ။ [၉၁]

ချမ်းသာ ၄ မျိုး

  • ၁။ အတ္ထိသုခ- ရရှိမှု ချမ်းသာ၊
  • ၂။ ဘောဂသုခ- သုံးဆောင်မှု ချမ်းသာ၊
  • ၃။ အာနဏျ သုခ- ကြွေးမြီမရှိမှု ချမ်းသာ၊
  • ၄။ အနဝဇ္ဇသုခ- အပြစ်မရှိသော ချမ်းသာ။ [၉၂]

ချမ်းသာ, ဆင်းရဲဖြစ်စေသော တရား ၅ ပါး

  • ၁။ ရုပ်၊
  • ၂။ ဝေဒနာ၊
  • ၃။ သညာ၊
  • ၄။ သင်္ခါရ၊
  • ၅။ ဝိညာဏ်။ [၉၃]

ချမ်းသာ၍ သုဂတိရောက်ကြောင်း ၅ ပါး

  • ၁။ ယုံကြည်မှု သဒ္ဓါ ရှိခြင်း၊
  • ၂။ ရှက်မှု ဟိရီ ရှိခြင်း၊
  • ၃။ ကြောက်လန့်မှု ဩတ္တပ္ပ ရှိခြင်း၊
  • ၄။ ထက်သန်သော ဝီရိယ ရှိခြင်း၊
  • ၅။ သိမှု ပညာ ရှိခြင်း။ (အံ၊၂၊၂-၃။) (အံ၊မြန်၊၂။၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ချမ်းသာ၍ သုဂတိရောက်ကြောင်း တရား ၂ ပါး

  • ၁။ ဣန္ဒြိယေသု ဂုတ္တဒွါရတာ- စက္ခု စသော ဣန္ဒြေ ခြောက်ပါးတို့၌ လုံခြုံသော တံခါးရှိခြင်း၊
  • ၂။ ဘောဇနေ မတ္တညုတာ- ဘောဇဉ်၌ အတိုင်းအရှည်ကို သိခြင်း။ [၉၄]

ချမ်းသာကြောင်း တရား ၄ ပါး

  • ၁။ မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်း၊
  • ၂။ တရားတော်၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်း၊
  • ၃။ သံဃာတော်၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်း၊
  • ၄။ အရိယာပုဂ္ဂိုလ်တို့ နှစ်သက်မြတ်နိုးအပ်သော မကျိုး, မပေါက်, မပြောက်, မကျားသော ငါးပါးသီလနှင့် ပြည့်စုံခြင်း။ [၉၅]

ချမ်းသာခံစားခြင်း ၃ ပါး

  • ၁။ အောက်အောက် ချမ်းသာကို ဖြစ်စေ၍ အထက် အထက် ချမ်းသာကို ခံစားခြင်း (ပဌမဈာန်ဘုံ၌ ဖြစ်သော ဗြဟ္မာ)၊
  • ၂။ ဈာန်ချမ်းသာ ခံစားခြင်းဖြင့် ထက်ဝန်းကျင် နှံ့သော ချမ်းသာကို ခံစားခြင်း (အာဘဿရဘုံ၌ ဖြစ်သော ဗြဟ္မာ)၊
  • ၃။ ဈာန်ချမ်းသာ ခံစားခြင်းဖြင့် ထက်ဝန်းကျင်နှံ့သော ချမ်းသာကို ခံစားခြင်း (သုဘကိဏှာဘုံ၌ ဖြစ်သော ဗြဟ္မာ)။ [၉၆]

ချမ်းသာစွာ နေခြင်း ၅ မျိုး

  • ၁။ ပဌမဈာန်သို့ ရောက်၍ နေခြင်း၊
  • ၂။ ဒုတိယဈာန်သို့ ရောက်၍ နေခြင်း၊
  • ၃။ တတိယဈာန်သို့ ရောက်၍ နေခြင်း၊
  • ၄။ စတုတ္ထဈာန်သို့ ရောက်၍ နေခြင်း၊
  • ၅။ (အရဟတ္တ ဖိုလ်) ပညာကို ယခုဘဝ၌ပင် ရောက်၍ နေခြင်း။ [၉၇]

ချမ်းသာစွာ နေရကြောင်း တရား ၂ ပါး

၁။ သံဝေဂဖြစ်ဖွယ်ရာ ဌာနတို့၌ ထိတ်လန့် တုန်လှုပ်လျက် သံဝေဂ ဖြစ်ခြင်း၊ ၂။ ထိတ်လန့်သော စိတ်ရှိသည် ဖြစ်၍ အသင့်အားဖြင့် နှလုံးသွင်းလျက် ကမ္မဋ္ဌာန်းအလုပ် အားထုတ်ခြင်း။ (ခုဒ္ဒက၊၂၁၆။) (ခုဒ္ဒက၊မြန်။၁၉၉။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ချမ်းသာစွာ နေရကြောင်း တရား ၂ ပါး

  • ၁။ အမျက်မထွက်ခြင်း အက္ကောဓ၊
  • ၂။ ရန်ငြိုးမဖွဲ့ခြင်း အနုပနာဟ၊ (တစ်နည်း)
  • သူ့ကျေးဇူးကို မချေဖျက်ခြင်း အမက္ခ၊
  • ၂။ အပြိုင်မပြုခြင်း အပဠာသ၊ (တစ်နည်း)
  • မငြူစူခြင်း အနိဿာ၊
  • ၂။ ဝန်မတိုခြင်း အမစ္ဆရိယ၊ (တစ်နည်း)
  • မလှည့်ပတ်ခြင်း အမာယာ၊
  • ၂။ မစဉ်းလဲခြင်း အသာဌေယျ၊ (တစ်နည်း)
  • ဒုစရိုက်တရားတို့မှ ရှက်ခြင်း ဟိရီ၊
  • ၂။ ဒုစရိုက်တရားတို့မှ လန့်ခြင်း ဩတ္တပ္ပ။ [၉၈]

ချမ်းသာစွာ နေရခြင်း ၅ မျိုး

  • ၁။ မျက်မှောက်မျက်ကွယ် သီတင်းသုံးဖော်တို့၌ မေတ္တာကာယကံ ရှေးရှုတည်ခြင်း၊
  • ၂။ မျက်မှောက်မျက်ကွယ် သီတင်းသုံးဖော်တို့၌ မေတ္တာဝစီကံ ရှေးရှု တည်ခြင်း၊
  • ၃။ မျက်မှောက်မျက်ကွယ် သီတင်းသုံးဖော်တို့၌ မေတ္တာမနောကံ ရှေးရှု တည်ခြင်း၊
  • ၄။ မျက်မှောက် မျက်ကွယ် သီတင်းသုံးဖော်တို့နှင့် သီလတူမျှခြင်း၊
  • ၅။ မျက်မှောက် မျက်ကွယ် သီတင်းသုံးဖော်တို့နှင့် အယူဒိဋ္ဌိ တူမျှခြင်း။ [၉၉]
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads