ဟန်နီနွေဦး
From Wikipedia, the free encyclopedia
Remove ads
ဟန်နီနွေဦး ( ၁၉ မတ် ၁၉၉၉ မွေးဖွား) သည် မြန်မာ့တပ်မတော်ကို လက်နက်စွဲကိုင်တော်လှန်နေသော မြန်မာအမျိုးသမီး သရုပ်ဆောင်ဟောင်းတစ်ဦး ဖြစ်သည်။ ၂၀၂၁ ခုနှစ်မြန်မာနိုင်ငံအာဏာသိမ်းပြီးနောက်တွင် ထင်ရှားသောတော်လှန်ရေးသမားများထဲမှ တစ်ဦးဖြစ်လာခဲ့သည်။[၁][၂]
အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ဦးဆောင်ပါဝင်ပတ်သက်မှုကြောင့် သူမအား ဖမ်းဆီးရန် စစ်ကောင်စီက ဝရမ်းထုတ်ခဲ့သည်။ သူမသည် သူရဲကောင်းတစ်ဦးဖြစ်ပြီး အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် သူမ၏ ပါဝင်လှုပ်ရှားမှုများကြောင့် "ပြည်သူ့မိန်းကလေး" အဖြစ် သတ်မှတ်ခံရသည်။[၃][၄]
Remove ads
အစောပိုင်းဘဝ
ဟန်နီနွေဦးကို ၉ ရက်နေ့ မတ်လ ၁၉၉၉ ခုနှစ်တွင် ရန်ကုန်မြို့တွင် မွေးဖွာခဲ့သည်။ ဗမာ – ရခိုင် ကပြားဖြစ်သည်။[ကိုးကားချက်လိုသည်]
အသက်မွေးဝမ်းကြောင်း
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် ဂျာမန်ဘာသာ ပညာသင်ကြားနေစဉ် ၂၀၁၉ ခုနှစ်တွင် ပြည်တွင်းမဂ္ဂဇင်းများနှင့် ဂီတဗီဒီယိုများတွင် မော်ဒယ် အဖြစ် ပါဝင်ခဲ့သည်။[၅] သူမသည် တီဗီကြော်ငြာ ၂၀ ကျော်တွင်ပါဝင်ခဲ့သည်။[၆] Oppo ၏ brand ambassador တစ်ယောက် အဖြစ်လည်း ခန့်အပ်ခံခဲ့ရသည်။[၇][၈] ၂၀၂၀ ခုနှစ်ထုတ် Yangon In Love ဇာတ်ကားတွင် အဓိကနေရာမှ ပါဝင်သရုပ်ဆောင်ခဲ့သည်။
ပရဟိတများ
သူမသည် အကျိုးအမြတ်မယူသောအဖွဲ့အစည်း Care Teen တွင်လည်း ပါဝင်ဆောင်ရွက်ခဲ့သည်။ ထိုအဖွဲ့အစည်းသည် ဆင်းရဲနွမ်းပါးသောကလေးများအား သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ခြင်းနှင့် ကျန်းမာရေးနှင့် ပညာရေးဝန်ဆောင်မှုများ ပေးခဲ့သည်။[၉]
နိုင်ငံရေး
၂၀၂၁ ခုနှစ် မြန်မာနိုင်ငံ အာဏာသိမ်းပြီးနောက်တွင် သူမသည် အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲများစွာတွင် ပါဝင်လှုပ်ရှားခဲ့ခြင်းကြောင့် တောခိုရန် ဖြစ်လာခဲ့သည်။ အခြားသော ထင်ရှားကျော်ကြားသူ အများအပြားနှင့် အတူ အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှု (CDM) တွင် ပါဝင်ရန် တောင်းဆိုခဲ့ပြီး ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီကို ထောက်ခံခဲ့သည်။ ယင်းအတွက်ကြောင့် အများပြည်သူ ငြိမ်းချမ်းတည်ငြိမ်ရေးကို နှောင့်ယှက်ရန် လှုံ့ဆော်မှုဖြင့် တရားစွဲဆိုခြင်း ခံခဲ့ရသည်။ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် တပ်မတော်သားများက လမ်းမတော်မြို့နယ်ရှိ သူမ၏ မိသားစုနေအိမ်သို့ ရောက်ရှိလာပြီး စစ်အစိုးရက နေအိမ်အား ချိတ်ပိတ်သိမ်းယူလိုက်ကြောင်း ကြေညာခဲ့သည်။ နောက်ပိုင်းတွင် သူမသည် ကျောင်းသားလက်ရုံးတပ်တော် ဟု လူသိများသော တော်လှန်ရေးအဖွဲ့တွင် ပါဝင်ခဲ့ပြီး လက်ရှိတွင် ဘဏ္ဍာရေးမှူး အဖြစ် တာဝန်ထမ်းဆောင်နေသည်။ စစ်ရေးသင်တန်းဆင်းပွဲ အခမ်းအနားတွင် သူမသည် လက်ဖြောင့်တပ်သားဆုကို ရရှိခဲ့သည်။[၃]
Remove ads
ကိုးကား
ပြင်ပလင့်ခ်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads