အမျိုးသား စာကြည့်တိုက် (ရန်ကုန်)

From Wikipedia, the free encyclopedia

အမျိုးသား စာကြည့်တိုက် (ရန်ကုန်)map
Remove ads

အမျိုးသားစာကြည့်တိုက် (ရန်ကုန်) သည် မြန်မာနိုင်ငံရန်ကုန်တိုင်းဒေသကြီးရန်ကင်းမြို့နယ်တွင် တည်ရှိပြီး မြန်မာနိုင်ငံ၏ အမျိုးသားစာကြည့်တိုက်တစ်ခု ဖြစ်သည်။ စာကြည့်တိုက်ကို နံနက် ၁ဝနာရီ မှ ညနေ ၄နာရီအထိ (နိုင်ငံတော် ရုံးပိတ်ရက်များ မှ အပ တနင်္လာ မှ သောကြာနေ့ အထိဖွင့်လှစ်သည်။)[]

အချက်တိုများ တည်ထောင်, တည်နေရာ ...
Remove ads

ဖြစ်ပေါ်လာပုံ

၁၉၅၂-ခုနှစ်တွင် ဘားနတ်အခလွတ်စာကြည့်တိုက် ကို ပြည်ထောင်စုယဉ်ကျေးမှု ဝန်ကြီးဌာနမှ လွှဲပြောင်းရယူခဲ့ပြီး နိုင်ငံတော်စာကြည့်တိုက် ဟု အမည်ပြောင်းလဲခဲ့သည်။ ဂျူဗလီဟောအဆောက်အဦး (ယခုတပ်မတော် စစ်သမိုင်းပြတိုက်) တွင် အမျိုးသားပြတိုက်၊ အနုပညာ ခန်းဆောင်တို့ နှင့် တွဲ၍ ဖွင့်လှစ်ခဲ့သည်။ အခြားသော ဌာနများနှင့်တွဲ၍ ဖွင့်ထားရသဖြင့် စာကြည့်တိုက်၏ လုပ်ငန်းဆောင်ရွက်မှုများအတွက် နေရာလုံလောက်မှုမရှိခဲ့ပေ။

၁၉၆၂-ခုနှစ်၊ တော်လှန်ရေးကောင်စီအစိုးရလက်ထက်တွင် ယဉ်ကျေးမှုဗိမာန် ဦးစီးဌာန၊ ညွှန်ကြားရေးဝန်၏ စီမံအုပ်ချုပ်မှုအောက်တွင် အမျိုးသားပြတိုက်နှင့် အတူထားရှိခဲ့သည်။ ၂.၇.၁၉၆၂ ခုနှစ်တွင် အမှတ်(၁၆၆)၊ ပန်းဆိုးတန်းလမ်း၊ ဒုတိယထပ်နှင့် တတိယထပ်များသို့ ပြောင်းရွှေ့ခဲ့သည်။

၁၉၆၄-ခုနှစ်တွင် အမျိုးသားစာကြည့်တိုက် ဟု အမည်ပြောင်းခဲ့သည်။

၁၉၆၅-ခုနှစ်တွင် ရန်ကုန်မြို့တော်ခန်းမ၊ တတိယထပ် တောင်ဘက်နှင့် အနောက်တောင်ဘက်ခြမ်းရှိ အခန်းများသို့ ပြောင်းရွှေ့ခဲ့ပြီး ပြည်သူလူထုအတွက် ပြန်လည်ဖွင့်လှစ်ခဲ့သည်။

၁၉၈၄-ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့တွင် ကမ်းနားလမ်းရှိ ခြောက်ထပ်ရုံး အဆောက်အဦး ပထမထပ်နှင့် ဒုတိယထပ်များသို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့သည်။

၂၀၀၂-ခုနှစ်တွင် လေးထောင့်ကန်လမ်းနှင့် အရှေ့မြင်းပြိုင်ကွင်းလမ်းထောင့်သို့ ပြောင်းရွှေ့ခဲ့ပြီး ၁၂.၆.၂၀၀၂ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။

၂၀၀၈-ခုနှစ်၊ ဩဂုတ်လ တွင် ယခုလက်ရှိတည်နေရာ၊ အမှတ် (၈၅-က)၊ သီရမင်္ဂလာရိပ်သာလမ်းသွယ်၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့ သို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့သည်။ []

  • အမျိုးသားစာကြည့်တိုက် (ရန်ကုန်) တွင် စုဆောင်းထားရှိသည့် စာအုပ်၊ စာနယ်ဇင်းများ -
  1. စာအုပ် ၂၀၃၃၇၅ အုပ်
  2. မဂ္ဂဇင်း ၁၄၁၁၃၇ အုပ်
  3. ဂျာနယ် ၆၉၄၃၄ စောင်
  4. သတင်းစာ ၂၄၃၂၇၇ စောင်
  5. ပေ ၁၇၅၁၁ ကျမ်း
  6. ပုရပိုက် ၁၉၇၀ ဆူ
  7. လက်ရေးစာ ၃၄၅ အုပ် []
Remove ads

စာစုလုပ်ငန်း

အမျိုးသားစာကြည့်တိုက်သည် ကုလသမဂ္ဂမှ ထုတ်ဝေသောစာအုပ်များနှင့် ၁၉၆၂ - ခုနှစ်၊ ပုံနှိပ်ထုတ်ဝေသူများအက်ဥပဒေတို့အရ စာအုပ်၊ စာနယ်ဇင်းတို့ကို လက်ခံစုဆောင်းရရှိသည်။

အမျိုးသားစာကြည့်တိုက်သည် စာပေပစ္စည်းများကို နိုင်ငံအချင်းချင်း စာအုပ်လဲလှယ်ရေး အစီအစဉ်အရလည်းကောင်း၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းအသီးသီးနှင့် အလှူရှင်များထံမှ လက်ဆောင်ရရှိခြင်း၊ လှူဒါန်းသည်ကို လက်ခံရရှိခြင်း၊ ဝယ်ယူခြင်းတို့ဖြင့် စုဆောင်းထားရှိသည်။ တစ်နှစ်လျှင် စာပေပစ္စည်းပေါင်း ၃၀၀၀ ကျော်ကို စုဆောင်းရရှိသည်။

အမျိုးသားစာကြည့်တိုက်တွင် စုဆောင်းထိန်းသိမ်းထားသည့် စာစုများမှာ အောက်ပါအတိုင်းဖြစ်သည်။

  1. ဘားနတ်အခလွတ်စာကြည့်တိုက် မှ စာစုများ
  2. ကင်းဝန်မင်းကြီး ဦးကောင်း ၏ စာစုများ
  3. ပုဂံဝန်ထောက်မင်း ဦးတင် ၏ စာစုများ
  4. မစ္စဒါးဝပ် ၏ မြန်မာနိုင်ငံအကြောင်းစာစု နှင့် အခြားစာအုပ်များ
  5. မစ္စတာဂရမ်သမ် ၏ မြန်မာနိုင်ငံအကြောင်း စာစု၊ လူမှုနိုင်ငံရေး နှင့် ဘာသာရေးဆိုင်ရာ စာအုပ်များ
  6. မစ္စတာဂျေအက်ဖ်ဖန်နီဗယ် ၏ မြန်မာနိုင်ငံအကြောင်း စာစု နှင့် စီးပွားရေးဆိုင်ရာ စာအုပ်များ
  7. ကိုလံဘို စီမံကိန်းအရ ဩစတြေးလျ အစိုးရထံမှ ရရှိသည့် စာအုပ်များ
  8. တရုတ်နိုင်ငံ နှင့် အာရှဖောင်းဒေးရှင်းတို့မှ လှူဒါန်းသော စာအုပ်များ
  9. စာရေးဆရာ ဒဂုန်ရွှေမျှား လှူဒါန်းသည့် ရှားပါးပေများ
  10. မြန်မာနိုင်ငံ အရပ်ရပ်မှ လှူဒါန်းသော စာအုပ်၊ စာနယ်ဇင်းများ၊ ပေပုရပိုက်များ
  11. ရှေးဟောင်း သုတေသနဆိုင်ရာစာစုများ
  12. အထူးစာစုများ အတွက် လှူဒါန်းသည့် စာအုပ်စာနယ်ဇင်းများ []
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads