From Wikipedia, the free encyclopedia
ဗြိတိန်ပြည်တော်ကြီး တနည်းအားဖြင့် ဂရိတ်ဗြိတိန်ဟုခေါ်သောနိုင်ငံတော်ကြီးသည် [1] [2]၁၇၀၁ခုနှစ် မေလ ၁ရက်မှ ၁၈၀၀ခုနှစ် ဒီဇင်ဘာ ၃၁ရက်နေ့အထိ အနောက်ဥရောပတွင် အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ နိုင်ငံတော်ကို ၁၇၀၆ခုနှစ် ပြည်ထောင်စုသဘောတူစာချုပ်ဖြင့် ဖန်တီးခဲ့ပြီး ၁၇၀၇ခုနှစ် ပြည်ထောင်အက်ဉပဒေတွင် အတည်ပြု လက်မှတ်ရေးထိုးခဲ့ပြီး အင်္ဂလန် ( ဝေလနယ်အပါအဝင်)နှင့် စကော့တလန် နိုင်ငံတို့ကို ပေါင်းစည်းကာ ဗြိတိန် နှင့် ၎င်း၏ အစွန်အဖျား ကျွန်းများ အားလုံးကို စုစည်းကာ တစ်ခုတည်းသော နိုင်ငံအဖြစ် ဖွဲ့စည်းရန်၊ မန်းကျွန်းနှင့် ရေလက်ကြားရှိကျွန်းတို့ကို ချန်လှပ်သည်။ ဝက်စ်မင်စတာနန်းတော်ရှိ ပါလီမန် တစ်ခုတည်းက တစ်ပြည်ထောင်စနစ်ဖြင့် အုပ်ချုပ်ခဲ့သော်လည်း ကွဲပြားသော ဥပဒေစနစ်များဖြစ်သည့် အင်္ဂလိပ်ဥပဒေ နှင့် စကော့ဥပဒေတို့ကို ဆက်လက်အသုံးပြုခဲ့သည်။
ပထဝီဝင် | |
---|---|
တည်နေရာ | ဥရောပတိုက် အနောက်မြောက်ပိုင်း |
ကိုဩဒိနိတ် | 53°50′N 2°25′W |
ကပ်လျက် ရေထု | အတ္တလန္တိတ်သမုဒ္ဒရာ |
ဧရိယာ | ၂၀၉,၃၃၁ km2 (၈၀,၈၂၃ sq mi) |
ဧရိယာ အဆင့် | ၉ (ကမ္ဘာ့အဆင့်) |
အမြင့်ဆုံး ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၁၃၄၅ m (၄၄၁၃ ft) |
အုပ်ချုပ်မှု | |
Demographics | |
လူဦးရေ | 60,800,000 |
လူဦးရေအဆင့် | 3rd |
လူဦးရေ သိပ်သည်းမှု | ၃၀၂ /km၂ (၇၈၂ /sq mi) |
ထပ်ဆောင်း အချက်အလက်များ | |
အချိန်ဇုန် |
ဂရိတ်ဗြိတိန်သည် အတ္တလန္တိတ်သမုဒ္ဒရာ၏ အနောက်မြောက်ဘက်တွင် တည်ရှိသော ကျွန်းကြီးဖြစ်သည်။ စတုရန်းကီလိုမီတာ ၂သိန်းကျော် ကျယ်ဝန်းပြီး ဗြိတိသျှပိုင်ကျွန်းများတွင် အကြီးဆုံးဖြစ်ကာ ကမ္ဘာပေါ်တွင် နဝမမြောက် အကြီးဆုံးကျွန်းဖြစ်သည်။ [3] အနောက်ဘက်တွင် အိုင်ယာလန်ကျွန်း တည်ရှိသည်။၂၀၁၁ခုနှစ်တွင် လူဦးရေ သန်း၆၀ကျော်ရှိပြီး အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်း၊ ဂျပန်နိုင်ငံ ဟွန်ရှူးကျွန်းတို့ပြီးလျှင် ကမ္ဘာပေါ်တွင် တတိယမြောက် လူဦးရေ အများဆုံးကျွန်းဖြစ်သည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.