From Wikipedia, the free encyclopedia
ဖူကျန့် (福建, Fukien , Foukien) ပြည်နယ်(Fujian (ကူညီ·ချက်လက်))သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ပြည်နယ်တစ်ခု ဖြစ်သည်။ မြောက်ဘက်တွင် ကျဲ့ကျန်းပြည်နယ်၊ အနောက်ဘက်တွင် ကျန်းရှီးပြည်နယ်၊ တောင်ဘက်တွင် ကွမ်တုန်းပြည်နယ်၊ အရှေ့ဘက်တွင် ထိုင်ဝမ်ရေလက်ကြား နှင့် ထိုင်ဝမ် တို့ တည်ရှိသည်။ [3] ဖူကျန့်ဟူသော အမည်နာမသည် ထန်မင်းဆက် ခေတ် (Tang Dynasty) က ဖူကျိုးမြို့ (Fuzhou) နှင့် ကျန့်ကျိုးမြို့ (Jianzhou) နှစ်ခုတို့၏ အမည်များကို ပေါင်းစပ်၍ ခေါ်ဝေါ်ထားခြင်း ဖြစ်သည်။ ဖူကျန့်ပြည်နယ်သည် တရုတ်နိုင်ငံတွင် ယဉ်ကျေးမှုအရရော၊ ဘာသာစကားအရပါ ကွဲပြားမှုများ အများဆုံး တည်ရှိရာပြည်နယ် ဖြစ်သည်။
ဖူကျန့်ပြည်နယ် Fujian Province | |||||||||
| |||||||||
အတိုကောက်အမည်: 闽 သို့မဟုတ် 閩 (pinyin: Mǐn, POJ: Bân, BUC: Mìng, Hakka Pha̍k-fa-sṳ: Mîn) | |||||||||
အမည်ရင်းမြစ် | 福 fú – ဖူကျိုးမြို့ 建 jiàn – ကျန့်ကျိုးမြို့ | ||||||||
အုပ်ချုပ်ရေးအမျိုးအစား | ပြည်နယ် | ||||||||
မြို့တော် (နှင့် အကြီးဆုံးမြို့) | ဖူကျိုးမြို့ | ||||||||
ကွန်မြူနစ်ပါတီ အကြီးအကဲ | စွန်းချွန်လန် | ||||||||
ပြည်နယ်အုပ်ချုပ်ရေးမှူး | ဟွမ်ရှောင်ကျင့် | ||||||||
ဧရိယာ | ၁၂၁,၄၀၀ စတုရန်းကီလိုမီတာ | ||||||||
- လတ္တီကျု | |||||||||
- လောင်ဂျီကျု | |||||||||
လူဦးရေ (၂၀၁၀) - သိပ်သည်းမှု |
၃၆,၈၉၄,၂၁၆ (၁၇) ၂၉၁ | ||||||||
ဂျီဒီပီ (၂၀၁၀) - လူတစ်ဦးချင်း |
ယွမ်ငွေ ၁.၄၃ ထရီလီယံ (US$ ၂၁၂ ဘီလီယံ)[1] (၁၂) CNY ၃၃,၀၅၁ (၁၀) | ||||||||
HDI (၂၀၀၈) | ၀.၈၀၇ (high) (၁၂) | ||||||||
ကိုးကွယ်ယုံကြည်မှုများ | ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ | ||||||||
တိုင်းရင်းသားလူမျိုးများ | ဟန် – 98% ရှီ – 1% ဟွေလူမျိုး – 0.3% | ||||||||
ဒေသသုံးဘာသာစကားများ | မင်ဘာသာစကား | ||||||||
ခရိုင်ကြီး(Prefecture)အဆင့် | ၉ ခု | ||||||||
ခရိုင်ငယ်(County)အဆင့် | ၈၅ [2] ခု | ||||||||
မြို့နယ်(Township)အဆင့်* | ၁၁၀၇ [2] ခု | ||||||||
ISO 3166-2 | CN-35 | ||||||||
အင်တာနက် စာမျက်နှာ http://www.fujian.gov.cn | |||||||||
Source for population and GDP data: 《中国统计年鉴—2005》 China Statistical Yearbook 2005 Source for nationalities data:ISBN 7503747382 《2000年人口普查中国民族人口资料》 Tabulation on nationalities of 2000 population census of China *As at December 31, 2004ISBN 7105054255 | |||||||||
Template ■ Discussion ■ WikiProject China |
ဖူကျန့်ပြည်နယ် နယ်မြေအများစုကို တရုတ်ပြည်သူ့သမ္မတနိုင်ငံက ထိန်းချုပ်ထားသည်။ ခင်မင်ကျွန်းစု (archipelagos of Kinmen) နှင့် မတ်ဆုကျွန်းများ (Matsu Islands) ကို ထိုင်ဝမ် (The Republic Of China - ROC)မှ ထိန်းချုပ်ထားသည်။ သို့ဖြစ်၍ ဖူကျန့်ပြည်နယ်ကို နှစ်ပိုင်းခွဲခြား လေ့လာသင့်သည်။
ဖူကျန့်ပြည်နယ်သည် တောင်တန်းများ ထူထပ်သည်။ ဒေသခံတို့အဆိုအရ ရှစ်ပုံက တောင်တန်း၊ ၁ပုံကရေပြင်၊ ၁ပုံပဲ စိုက်ပျိုးမြေ ဟု ဆိုကြောင်း သိရသည်။ (八山一水一分田) အနောက်မြောက်ဒေသသည် အမြင့်ပိုင်းတောင်တန်းများ ဖြစ်သည်။ ဝူးယီတောင်တန်းသည် ဖူကျန့် နှင့် ကျန်းရှီး ပြည်နယ် နှစ်ခုတို့ကို ပိုင်းခြားထားသည်။ တရုတ်နိုင်ငံ၏ သစ်တောအထူထပ်ဆုံးသောပြည်နယ်ဖြစ်သည်။ သစ်တောဖုံးလွှမ်းဧရိယာမှာ ၂၀၀၉ ခုနှစ် စာရင်းအရ ပြည်နယ်ဧရိယာ စုစုပေါင်း၏ ၆၂.၉၆% ရှိသည်။ [4] ဖူကျန့်ပြည်နယ်၏ အမြင့်ဆုံးနေရာမှာ ဝူးယီတောင်တန်းပေါ်ရှိ အမြင့် မီတာ (2157 m) ရှိသော ဟွမ်ကန်းတောင်ထွတ် (Huanggang Peak) ဖြစ်သည်။
ပြည်နယ်၏ အရှေ့ဘက်တွင် အရှေ့တရုတ်ပင်လယ်၊ ပြည်နယ်၏ တောင်ဘက်တွင် တောင်တရုတ်ပင်လယ်၊ အရှေ့တောင်ဘက်တွင် ထိုင်ဝမ်ရေလက်ကြား တို့ ရှိသည်။ ကမ်းရိုးတန်းတစ်လျှောက်သည် ကြမ်းတမ်းကွေ့ကောက်ပြီး မြောက်မြားစွာသော ပင်လယ်အော်များ၊ ကျွန်းများ ရှိသည်။ အကြီးဆုံး ကျွန်းများမှာ ထိုင်ဝမ်မှ ထိန်းချုပ်ထားသော Quemoy ကျွန်းနှင့် ဟိုင်ထန်းကျွန်း (Haitan Island)၊ နန်ရိကျွန်း (Nanri Island) တို့ ဖြစ်ကြသည်။
မင်ကျန်းမြစ် (Minjiang River) နှင့် ၎င်း၏ မြစ်လက်တက်များသည် ဖူကျန့်ပြည်နယ်၏ မြောက်ဘက်ပိုင်း နှင့် ဗဟိုပိုင်းတွင် ဖြတ်သန်းစီးဆင်းလျက်ရှိသည်။ အခြားမြစ်များမှာ ကျင်းကျန်းမြစ် (Jinjiang River)၊ ကျိုလုံမြစ် (Jiulong River) တို့ ဖြစ်ကြသည်။ မြေမျက်နှာပြင်မှာ ညီညာ ပြေပြစ်မှု မရှိပဲ မတ်စောက်သော ကျောက်တောင်များ၊ တောင်ကြားများ ပေါများသည်။
ဖူကျန့်ပြည်နယ်သည် ထိုင်ဝမ်နှင့် ကီလိုမီတာ ၁၈၀ ရှည်သော ထိုင်ဝမ်ရေလက်ကြား ဖြင့် ခြားထားသည်။ ယင်းရေလက်ကြားအတွင်းရှိ ကျွန်းငယ်လေးများမှာလည်း ဖူကျန့်ပြည်နယ်တွင် ပါဝင်သည်။ ချွဲမင်ကျွန်းများ (the islands of Quemoy) နှင့် မတ်ဆုကျွန်းများမှာ ထိုင်ဝမ်၏ ထိန်းချုပ်မှုအောက်တွင် တည်ရှိနေသည်။
သမပိုင်းရာသီဥတုမျိုးရရှိသည်။ ဆောင်းရာသီတွင် နွေးထွေးသည်။ ဇန်နဝါရီလတွင် ကမ်းရိုးတန်းဒေသများတွင် ပျမ်းမျှအပူချိန် ၇-၁၀ ဒီဂရီ ဖာရင်ဟိုက် ခန့်ရှိပြီး တောင်တန်းဒေသများတွင် ၆-၈ ဒီဂရီ ဖာရင်ဟိုက် ခန့်ရှိသည်။ နွေရာသီတွင် အပူချိန်မြင့်မားသည်။ ပစိဖိတ်သမုဒ္ဒရာဘက်မှ ဝင်ရောက်လာသော တိုင်ဖွန်းမုန်တိုင်းများ မကြာခဏ ဝင်ရောက်လေ့ ရှိပြီး တစ်နှစ်တာ မိုးရေချိန်မှာ ၁၄၀၀-၂၂၀၀ မီလီမီတာခန့် ရှိသည်။
ဖူကျန့်ပြည်နယ်ကို ခရိုင်ကြီးအဆင့် (၉)ခု ဖွဲ့စည်းထားသည်။
Map | စဉ် | ရုံးစိုက်ရာမြို့ | တရုတ်စာဖြင့် | အသံထွက်ဖြင့် | ခရိုင်အမည် | လူဦးရေ (၂၀၁၀) |
---|---|---|---|---|---|---|
— ဖူကျန့်ပြည်နယ် ခရိုင်များ — | ||||||
၂ | ရှမင်မြို့ - Xiamen | 厦门市 | Xiàmén Shì | စီးမင့်ခရိုင် - Siming District | 3,531,347 | |
— Prefecture-level city — | ||||||
၁ | ဖူကျိုးမြို့ - Fuzhou | 福州市 | Fúzhōu Shì | ကုလိုခရိုင် - Gulou District | 7,115,370 | |
၃ | လုံးယန်မြို့ | 龙岩市 | Lóngyán Shì | ရှင်းလော့ခရိုင် - Xinluo District | 2,559,545 | |
၄ | နန်ဖျင်မြို့ - Nanping | 南平市 | Nánpíng Shì | Yanping District | 2,645,549 | |
၅ | နင်ဒယ်မြို့ - Ningde | 宁德市 | Nánpíng Shì | Jiaocheng District | 2,821,996 | |
၆ | ဖူထျန်းမြို့ - Putian | 莆田市 | Pútián Shì | Chengxiang District | 2,778,508 | |
၇ | ချွမ်ကျိုးမြို့ - Quanzhou | 泉州市 | Quánzhōu Shì | Fengze District | 8,128,530 | |
၈ | စန်းမင်မြို့ - Sanming | 三明市 | Sānmíng Shì | Sanyuan District | 2,503,388 | |
၉ | ကျန်းကျိုးမြို့ - Zhangzhou | 漳州市 | Zhāngzhōu Shì | Xiangcheng District | 4,809,983 |
လုံးယန်၊ စန်းမင် နှင့် နန်ဖျင် မြို့များမှတစ်ပါး ကျန်မြို့များအားလုံးသည် ကမ်းရိုးတန်းတစ်လျှောက်တွင် တည်ရှိကြသည်။ ယင်း ခရိုင်ကြီး (၉)ခုကို ခရိုင်ငယ် (၈၅)ခု အဖြစ် ထပ်မံ စိတ်ပိုင်းသည်။ တစ်ဖန် ခရိုင်ငယ်များကို မြို့နယ် (၁၁၀၇)ခု အဖြစ် ထပ်မံ ပိုင်းခြားသည်။ ယင်းအရေအတွက်တွင် လက်ရှိ ထိုင်ဝမ်က အုပ်ချုပ်နေသော ချွဲမင် (Quemoy) နှင့် မတ်ဆုကျွန်းများ (Matsu Islands) လည်း ပါဝင်သည်။
ဟန့်တရုတ်လူမျိုးမှာ ၉၈% ရှိသည်။ အများစုမှာ မင်ဘာသာစကား (တရုတ်ဘာသာစကားတစ်မျိုး) ကိုပြောဆိုကြသည်။ ရှီလူမျိုးများသည် မြောက်ပိုင်းရှိ တောင်တန်းများပေါ်တွင်နေထိုင်ကြပြီး လူနည်းစုတိုင်းရင်းသားများထဲမှာ ဖူကျန့်ပြည်နယ်အတွင်း လူဦးရေအများဆုံးသော လူမျိုး ဖြစ်သည်။ [5] ကမ္ဘာတစ်ဝန်းလုံး (အထူးသဖြင့် အရှေ့တောင်အာရှနိုင်ငံများ) တွင် ပျံ့နှံ့နေထိုင်ကြသော တရုတ်လူမျိုးများသည် ၎င်းတို့၏ ပင်ရင်းဇာတိမှာ ယခု ဖူကျန့်ပြည်နယ် ဖြစ်သည်။ ထိုင်ဝမ်၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နိုင်ငံများတွင် ရောက်ရှိနေထိုင်ကြသော တရုတ်လူမျိုးအများစုမှာ ဖူကျန့်ပြည်နယ်သားများ ဖြစ်ကြသည်။ ဖူကျန့်ပြည်နယ် မြို့တော်ဖြစ်သော ဖူကျိုးမြို့သားများသည် အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်မှူ အများဆုံးသော တရုတ်လူမျိုးများ ဖြစ်ကြသည်။
စုန့်မင်ဆက် (Song dynasty) ခေတ်မှစ၍ ယနေ့အထိ ထင်ရှားသော ဖူကျန့်ပြည်နယ်သား ပုဂ္ဂိုလ်ကျော်များမှာ အောက်ပါအတိုင်းဖြစ်သည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.