ဇိုဇမ် (ကာတွန်း)
From Wikipedia, the free encyclopedia
Remove ads
ကာတွန်းဇိုဇမ် ခေါ် ပူးဇိုဇမ်သည် ချင်းအမျိုးသား ကာတွန်းဆရာ တစ်ယောက်ဖြစ်သည်။ ချင်းဝိသေသတိုင်း၊ ထုတ်လိုင်ရွာတွင် ၁၉၅၆-ခု၊ ဇွန်လ၊ ၂၄-ရက်တွင် အဖ ဦးစီမန်ထောင်းနှင့် အမိဒေါ်ကျင်းခိုမန်တို့မှ မွေးဖွားခဲ့သည်။ မွေးချင်း - ၁၁ ယောက်ရှိပြီး အမည်ရင်းမှာ ဇမ်ကျင်ပေါ် ဖြစ်သည်။
Remove ads
အစောပိုင်းဘဝ
ဦးဇိုဇမ်သည် ငယ်စဉ်က ထုတ်လိုင်ရွာ အထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့ပြီးနောက် ဗန်းတဲ့ အလယ်တန်းကျောင်း၌ ဆက်လက် ပညာဆည်းပူးခဲ့သည်။ ထို့နောက် ရန်ကုန်သို့ ပြောင်းရွှေ့ကာ လမ်းမတော် အထက်တန်းကျောင်း (၁) မှ ဆယ်တန်း အောင်မြင်ခဲ့သည်။ တက္ကသိုလ်ပညာကို ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့တွင် သင်ယူခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ဖွံ့ဖြိုးရေးမဟာသိပ္ပံဘွဲ့ ရရှိခဲ့သည်။ စက်မှုသိပ္ပံ (ချောက်မြို့) ၌လည်း ပညာသင်ယူခဲ့ဖူးပြီး ၁၉၇၄-၇၅ တွင် ချောက်ရေနံမြေအလုပ်သမား၊ ကျောင်းသားသပိတ်များတွင် ပါ၀င်ခဲ့သည်။ ၁၉၈၈တွင် စင်ပြိုင်အစိုးရအဖွဲ့မှ နိုင်ငံခြားရေး၀န်ကြီး၏ ကိုယ်ရေးအရာရှိလုပ်ဆောင်ခဲ့သည်။ ၁၉၈၈တွင် ဗကသအဖွဲ့၀င်တစ်ဦးအနေဖြင့် ပါ၀င်ခဲ့သည်။ အနောက်ဂျာမနီနိုင်ငံရှိ S.L.V (Mannheim) တွင် ပညာဆက်လက် ဆည်းပူးခဲ့သည်။ [၁]
Remove ads
ကာတွန်းပညာနှင့် စာပေလုပ်ငန်း
ကာတွန်းဇိုဇမ်သည် ကာတွန်းဆွဲခြင်းအပြင် ကာတွန်းနှင့် ပတ်သက်သော စာပေများကိုလည်း ရေးသားထုတ်ဝေခဲ့သည်။ ၁၉၈၆ ခုနှစ်၊ ဒီဇင်ဘာလမှစတင်၍ စာပေလောကသို့ ဝင်ရောက်လာခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် ရွက်နုဝေ ကာတွန်းဆုကို ရရှိခဲ့သည်။
အလုပ်အကိုင်နှင့် နိုင်ငံရေး
၁၉၈၆ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ ကာတွန်းဆရာဘဝဖြင့် ၁၀ နှစ်နီးပါး ရပ်တည်ခဲ့သည်။ ထို့နောက် အေအိုင်ဒီအက်စ် ရောဂါ တားဆီးကာကွယ်ရေး လုပ်ငန်း (PSI) တွင် Communication Officer ရာထူးဖြင့် ဒီဇိုင်နာတစ်ပိုင်း၊ Officer တစ်ပိုင်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
နိုင်ငံရေးဘဝ
ပူးဇိုဇမ်းသည် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ချင်းအမျိုးသားပါတီ ကိုယ်စားပြု၍ တီးတိန်မြို့နယ်၊ မဲဆန္ဒနယ် (၂) မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မဲအရေအတွက် ၆,၃၄၂ မဲ (၃၆.၇၂%) ဖြင့် အနိုင်ရရှိခဲ့ပါသည်။ ယင်းပါတီ၏ ဥက္ကဋ္ဌ လည်းဖြစ်သည်။
ပထမအကြိမ် ချင်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ရာထူးအတွက် မတူပီမြို့နယ် မဲဆန္ဒနယ် (၁) မှ ဦးအုန်းလွင်နှင့်အတူ အဆိုပြုတင်သွင်းခံခဲ့ရာ၊ ဦးအုန်းလွင်က ၁၄ မဲ၊ ပူးဇိုဇမ်းက ၁၀ မဲ ရရှိခဲ့သဖြင့် ဦးအုန်းလွင်သည် ဒုတိယဥက္ကဋ္ဌ ဖြစ်လာခဲ့ပါသည်။ ချင်းပြည်နယ်လွှတ်တော်တွင် တိုင်းရင်းသားရေးရာကော်မတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။
ပူးဇိုဇမ်း ဦးဆောင်သော ချင်းအမျိုးသားပါတီသည် ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီအဖြစ် နာမည်ပြောင်းပြီး ၂၀၁၅ ရွေးကောက်ပွဲသို့ ဝင်ပြိုင်ခဲ့သည်။[၂]ချင်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၆) တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြည်ခိုင်ဖြိုးပါတီအမတ် ဦးကျင်ခန့်ပေါင်ကို ရှုံးနိမ့်ခဲ့သည်။
၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် ပူးငိုင်ဆာခ့် ဦးဆောင်သော ချင်းဒီမိုကရေစီအဖွဲ့ချုပ် (CLD)၊ ပူးနိုထန်ကပ် ဦးဆောင်သော ချင်းတိုးတက်ရေးပါတီ (CPP)နှင့် ပူးဇိုဇမ်း ဦးဆောင်သော ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ (CNDP) ပါတီသုံးခု ပူးပေါင်း၍ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အမည်ဖြင့် ပူးပေါင်းဖွဲ့စည်းခဲ့သည်။ ထို့နောက် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ပူးတွဲဥက္ကဋ္ဌ ဖြစ်လာသည်။
၂၀၂၀ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့ပေ။
၂၀၂၅ ခုနှစ်၊ ဇွန် ၂၅ ရက်မှ ဇွန် ၂၇ ရက်အထိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကျင်းပပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဖိုရမ်တွင် ပူးဇိုဇမ်းသည် တစ်သီးပုဂ္ဂလအနေဖြင့် တက်ရောက်ခဲ့သည်။
Remove ads
ထုတ်ဝေခဲ့သော စာအုပ်များ
- ကယ်ရေကေချာ ရေးဆွဲနည်း။
- ကော်မစ်စတြစ် ကာတွန်းရေးဆွဲနည်း။
- မရယ်ရသော ကာတွန်းများ။
- တီထွင်ဖန်တီးကာတွန်းရေးဆွဲနည်း။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads