လှဌေးဝင်း (ဗိုလ်ချုပ်ကြီး)
မြန်မာ့တပ်မတော်ဗိုလ်ချုပ်ကြီးနှင့် စစ်ဦးစီးချုပ် From Wikipedia, the free encyclopedia
Remove ads
ဗိုလ်ချုပ်ကြီး လှဌေးဝင်း (၁၉၅၇ ဖွား)သည် တပ်မတော် တွင် နံပါတ်(၃) အဆင့် စစ်ခေါင်းဆောင် ဖြစ်ခဲ့သည်။[၃] ၂၀၁၅ ခုနှစ် ဇူလိုင်လ တွင် ယင်းရာထူးမှ နုတ်ထွက်ကာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ သို့ ဝင်ရောက်သည်။[၄] ထိုမှတစ်ဆင့် လွှတ်တော်အမတ် အဖြစ် မြန်မာ့နိုင်ငံရေးသမား ဖြစ်လာသည်။[၅]
Remove ads
ပညာရေးနှင့် ရာထူးတာဝန်
၁၉၇၅ ခုနှစ် တွင်ဖွင့်လှစ်သည့် စစ်တက္ကသိုလ် ၏ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၀) ကျောင်းဆင်းအရာရှိတစ်ဦး ဖြစ်သည်။ ပြန်တမ်းဝင်အမှတ်မှာ ကြည်း ၁၄၇၉၉ ဖြစ်သည်။ သူသည် ၁၉၇၉ ခုနှစ် ကစပြီး တပ်မတော်တွင် စစ်မှုထမ်းသည်။ယင်းနောက် စစ်ဦးစီး(ဗိုလ်မှူးကြီး) ၊ အမှတ်(၁၁)ခြေမြန်တပ်မ ဌာနချုပ် တပ်မမှူး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်၊ တပ်မတော်(ကြည်း၊ရေ၊လေ)ညှိနှိုင်းကွပ်ကဲရေးမှူး တာဝန်များကို ထမ်းဆောင်ခဲ့သည်။
ထင်ရှားဖြစ်ရပ်
၂၀၀၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊ အတွင်းရေးမှူး(၂)၊ စစ်ဆင်ရေးအထူးအဖွဲ့မှူးနှင့် စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး တင်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ် သူရ သီဟသူရစစ်မောင်၊ ဝန်ကြီးချုပ်ရုံး ဝန်ကြီး ဗိုလ်မှူးချုပ်လွန်းမောင်တို့ ကရင်ပြည်နယ် ဘားအံမြို့အနီး ရဟတ်ယာဉ်ပျက်ကျကွယ်လွန်ခဲ့ရာ ၎င်းခရီးစဉ်တွင် သူသည် စစ်ဦးစီးမှူး(ဗိုလ်မှူးကြီး)အဖြစ် လိုက်ပါခဲ့သည်။
Remove ads
နိုင်ငံရေးသမားဘဝ
သူသည် အထွေထွေရွေးကောက်ပွဲ ၂၀၁၅ အား ဝင်ပြိုင်ရန် အတွက် ၂၀၁၈ ခုနှစ် တွင် တပ်မတော် မှ အငြိမ်းစားယူသည်။ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် အဖြစ်ကိုယ်စားပြုပြီး နေပြည်တော် ဇေယျာသီရိမဲဆန္ဒနယ် မှ နေ၍ ဝင်ပြိုင်ရာ ရွေးချယ်ခံရ၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်လာသည်။
ချီးမြှင့်ခံရသည့်ဘွဲ့
နိုင်ငံတော်သမ္မတ မှ ၎င်းအား သရေစည်သူ ဘွဲ့ချီးမြှင့်ထားသည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads