ချာလီသန်း
ပြည်ထောင်စုဝန်ကြီး From Wikipedia, the free encyclopedia
Remove ads
ဒေါက်တာ ချာလီသန်း (၁၉၅၀ မွေးဖွား[၁], အင်္ဂလိပ်: Charlie Than) သည် စက်မှု ဝန်ကြီးဌာန၏ လက်ရှိပြည်ထောင်စုဝန်ကြီးဖြစ်သည်။ ဝါရင့်အင်ဂျင်နီယာ၊ ဧည့်ပါမောက္ခ၊ ပါမောက္ခချုပ်အငြိမ်းစားတစ်ဦးဖြစ်ကာ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၏ ဥက္ကဋ္ဌ[၂]အဖြစ်လည်း ဆောင်ရွက်ခဲ့ဖူးသည်။ ထို့အပြင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၏ နာယကအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။[၃]
၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ယခင် ဦးဝင်းမြင့်အစိုးရလက်ထက်တွင် ပေါင်းစည်းခဲ့သည့် စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့အား ပြန်လည်ခွဲထုတ်ခဲ့သည်။ ထို့နောက် ဒေါက်တာချာလီသန်းအား စက်မှုဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။
Remove ads
ပညာရေး
ဒေါက်တာချာလီသန်းသည် ၁၉၇၄ခုနှစ်တွင် ရန်ကုန်စက်မှုတက္ကသိုလ်မှ စက်မှုအင်ဂျင်နီယာဘွဲ့ဖြင့် ဘွဲ့ရရှိခဲ့သည်။ ထို့နောက် ဘွဲလွန်အဖြစ် ရေကြောင်းအင်ဂျင်နီယာပိုင်းတွင်လည်းကောင်း၊ ဒေါက်တာဘွဲ့ကို ရေတပ်ဗိသုကာပိုင်းဖြင့်လည်းကောင်း ရရှိခဲ့သည်။ ၎င်းရရှိခဲ့သော ဘွဲ့များမှာ B.E(Mech)၊ M.E(Marine)၊ PhD(Naval Architecture)၊ FRINA၊ FIMarEST၊ CEng၊ CMarEng တို့ဖြစ်သည်။
အလုပ်အကိုင်
ဝန်ထမ်းဘဝ
အင်ဂျင်နီယာဘွဲ့ရရှိပြီးနောက် ၁၉၇၅ခုနှစ်တွင် ပို့ဆောင်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၌ အကြီးတန်းအင်ဂျင်နီယာ၊ ရတနာပုံ၊ ဒလ၊ အလုံ သင်္ဘောကျင်းများ၊ ရေကြောင်းအင်ဂျင်နီယာကဏ္ဍများ၌ ၂၀၀၂ခုနှစ်အထိ ၂၆နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။[၄] ၁၉၉၆ခုနှစ်တွင် တပ်မတော်နည်းပညာတက္ကသိုလ်၌ ရေတပ်ဗိသုကာနှင့် ရေကြောင်းအင်ဂျင်နီယာပိုင်းတွင် ဧည့်ကထိကအဖြစ် ဆောင်ရွက်ခဲ့သည်။ထို့နောက် ဧည့်ပါမောက္ခအဖြစ် လုပ်ကိုင်ခဲ့သည်။ [၅]
၂၀၀၂ခုနှစ်တွင် အသစ်တည်ထောင်လိုက်သော မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၌ ဒုတိယပါမောက္ခချုပ် (သင်ကြား) ဖြစ်လာခဲ့သည်။ ထိုတက္ကသိုလ်သည် ထိုစဉ်က မြန်မာ့တက္ကသိုလ်များတွင် သင်ကြားမှုပုံစံ အကောင်းဆုံးဖြစ်သည်။ ၂၀၀၈ခုနှစ်တွင် ပါမောက္ခချုပ်ဖြစ်လာပြီး ၂၀၁၃ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။
ဝန်ထမ်းဘဝမှအငြိမ်းစားယူပြီး ပြင်ပလုပ်ငန်းတစ်ခုတွင် လုပ်ကိုင်ခဲ့ကာ နောက်ပိုင်းတွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းတွင် နာယက၊ ၂၀၁၆ခုနှစ်တွင် အင်ဂျင်နီယာကောင်စီ၌ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။[၃]
ပြည်ထောင်စုဝန်ကြီး
၂၀၁၉ ခုနှစ်တွင် စက်မှုဝန်ကြီး ဦးခင်မောင်ချို ရာထူးမှ နုတ်ထွက်ခဲ့သည်။ ထို့နောက် စက်မှုဝန်ကြီးဌာနအား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနဟူ၍ ဖွဲ့စည်းခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက်တက်လာသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော အစိုးရအဖွဲ့တွင် စက်မှုဝန်ကြီးဌာန အသစ်ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး[၆]၊ ၂၀၂၁ ခုနှစ်၊ မေလ ၂၂ ရက်တွင် ဒေါက်တာချာလီသန်းကို ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။[၇]
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းပြီး အသစ်ဖွဲ့စည်းလိုက်သော ဦးညိုစောအစိုးရတွင် စက်မှုဝန်ကြီး ရာထူးကို ဆက်လက် ခန့်အပ်ခံရသည်။ [၈]
Remove ads
အရေးယူပိတ်ဆို့ခံရမှု
၎င်း စက်မှုဝန်ကြီး အဖြစ် တာဝန်ယူခဲ့သည့် ၂၀၂၁ ခုနှစ် မေလ နောက်ပိုင်းကစပြီး အမေရိကန်၊ ဥရောပသမဂ္ဂ၊ဗြိတိန် နှင့် ကနေဒါ နိုင်ငံတို့က ပိတ်ဆို့ အရေးယူမှုပြုလုပ်ထားသည့် အပြင် ထပ်တိုးအရေးယူမှုအား ၂၀၂၃ အောက်တိုဘာ ၃၁ ရက်တွင် ထပ်မံ ပြုလုပ်သည်။ [၉][၁၀]
ဂုဏ်ပြုခံရခြင်း
၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ရက်တွင် ၎င်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အမိန့်ကြော်ငြာစာအမှတ် ၂၁၁/ ၂၀၂၂ ဖြင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့တစ်ခုဖြစ်သည့် သီရိပျံချီဘွဲ့ကို ချီးမြှင့်အပ်နှင်းခဲ့သည်။ [၁၁]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads