ငဖဲမြို့

From Wikipedia, the free encyclopedia

ငဖဲမြို့
Remove ads

ငဖဲမြို့သည် မကွေးတိုင်းဒေသကြီးမင်းဘူးခရိုင်ငဖဲမြို့နယ်၏ ရုံးစိုက်ရာမြို့ ဖြစ်သည်။ ရခိုင်ရိုးမတောင်ခြေရင်း မန်းချောင်းအနီးတွင် တည်ရှိ၍ မင်းဘူးမြို့မှ ကားလမ်းဖြင့် မိုင် ၄ဝ ခန့် ကွာဝေးသည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြို့ပေါ်လူဦးရေ ၄,၀၆၅ ခန့်[] ရှိလေသည်။

အချက်တိုများ ငဖဲမြို့, နိုင်ငံအမည် ...
Remove ads

လမ်းပန်းဆက်သွယ်ရေး

ငဖဲမြို့သည် စေတုတ္တရာမြို့နှင့် ၃၀ မိုင်ကွာဝေး၍ ပတိမ်းနှင့် ၆ မိုင်ခန့် ဝေးသည်။ ထိုမြို့သည် ကျောက်ဖြူခရိုင်နှင့် မင်းဘူးခရိုင် ကုန်ကူးသန်းရောင်းဝယ်ရေးအတွက် အချက်အချာ ဖြစ်သည်။ ငဖဲမြို့မှ ရခိုင်တိုင်းသို့ နွားဝန်တင်နှင့် ကူးသန်းရာတွင် အမ်းတောင်ကြားလမ်းကို အသုံးပြုကြသည်။

လူမှုပထဝီဝင်

ငဖဲမြို့တွင် နေထိုင်ကြသော လူမျိုးများမှာ ချင်းလူမျိုးနှင့် မြန်မာလူမျိုးတို့ ဖြစ်ကြသည်။ ငဖဲမြို့နယ်အတွင်း၌ ရခိုင်ရိုးမတောင်ခြေ သစ်တောများလည်း ပါဝင်နေသဖြင့် စိုက်ပျိုးနိုင်သော မြေနေရာမှ ကျဉ်းမြောင်းသည်။ ငဖဲမြို့နယ်၏ အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၃၆၂ မိုင်ရှိရာတွင် ဆည်ရေသောက် စိုက်ပျိုးမြေမှာ စတုရန်း ၅ မိုင်မျှသာ ကျယ်ဝန်းသည်။ ငဖဲမြို့မှ ထွက်သော သီးနှံများမှာ နှမ်း၊ ပဲ၊ စပါး၊ ပြောင်း စသည်တို့ ဖြစ်၏။

Remove ads

သမိုင်းကြောင်း

ငဖဲမြို့၏အမည်ရင်းမှာ မဖဲမြို့ဖြစ်သည်။ ငဖဲမြို့နယ်ရှိ လူကြီးပိုင်းသည် ယခုတိုင် ဤအမည်ဖြင့် ခေါ်ဝေါ်သုံးစွဲလျက် ရှိကြ၏။ မဖဲဟု ခေါ်ရခြင်းအကြောင်းမှာ မန်းချောင်းသည် ရခိုင်ရိုးမ ပေါ်မှ စီးဆင်းလာပြီးလျှင် ထိုမြို့အနီးတွင် လွဲဖွယ်သွားသောကြောင့် 'မန်းဖယ်'ဟု တွင်ခဲ့ရာမှ ကာလရွေ့လျောသဖြင့် မဖဲ၊ ထိုမှတစ်ဆင့် ငဖဲဖြစ်သည်ဟု အဆိုရှိ၏။ မြန်မာမင်းများလက်ထက်က မင်းဘူးခရိုင်ကို နယ်သုံးနယ်ခွဲ၍ ဝန်သုံးပါးအုပ်ချုပ်စေခဲ့ရာမှ ငဖဲတွင်လည်း ဝန်တစ်ပါး ကြီးစိုး၍ စစ်ကဲ၊ နာခံ၊ စာရေးကြီး၊ မြို့သူကြီးစသော ရာထမ်းမှုထမ်းများဖြင့် အုပ်ချုပ်ခဲ့လေသည်။

ငဖဲမြို့တွင် သီရိဓမ္မအသောကမင်းကြီး တည်ထားခဲ့သည် ဆိုသော ပျက်စီးနေသည့် စေတီပုထိုး အများရှိရှိလေသည်။

[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads