ဖုန်းမြတ်

From Wikipedia, the free encyclopedia

Remove ads

ဦးဖုန်းမြတ် (၁၉၆၄ ဖွား) သည် အငြိမ်းစား စစ်ရေးချုပ် ဖြစ်သည်။ ။[] [] သူသည် အမှတ် (၃) စစ်ဆင်ရေး အထူးအဖွဲ့မှူး []အမှတ် (၅) စစ်ဆင်ရေးအထူးအဖွဲ့မှူး [] အပါအဝင် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။[]

အချက်တိုများ ဒုတိယဗိုလ်ချုပ်ကြီးဇေယျကျော်ထင် ဖုန်းမြတ်, စစ်ရေးချုပ် ...
Remove ads

စစ်မှုထမ်းခြင်း

သူသည် ဗိုလ်သင်တန်းကျောင်း OTS-အပတ်စဉ် ၇၃ ဆင်း ဖြစ်သည်။သူ၏ ပြန်တမ်းဝင် အမှတ်မှာ ကြည်း ၂၀၃၂၄ ဖြစ်သည်။

တပ်မတော် တွင် တာဝန်များအဆင့်ဆင့်ထမ်းဆောင်ပြီးနောက် ၂၀၁၆ ခုနှစ် ရှေ့ပိုင်းကာလ အစ သူ့အသက် ၅၀ အရွယ် တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး အဖြစ် တာဝန်ပေးခံရသည်။[] ယင်းနောက် ၂၀၁၇ ခုနှစ် တွင် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ၊ ၂၀၁၉ ခုနှစ်တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတာဝန် ထမ်းဆောင်သည်။[၁၀]

သူ့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် ၂၀၂၀ပြည့်နှစ် ဇူလိုင်လ ၂၇ ရက်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၏ အဆိုပြုချက်ဖြင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က ခန့်အပ်သည်။[၁၁]

ထိုတာဝန် ကို မြန်မာနိုင်ငံစစ်အာဏာစသိမ်းချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်နေ့ နောက်ပိုင်း [၁၂] ထမ်းဆောင်ပြီးနောက် နစက အမိန့်အမှတ် ၉၂/၂၀၂၁ ဖြင့် မူလစစ်ဘက် ဝတ္တရားများ ထမ်းဆောင်ရန် တပ်မတော်သို့ ပြောင်းရွှေ့သည်။

ယင်းနောက် သူသည် တပ်မတော် တွင် ဒုတိယဗိုလ်ချုပ်ကြီး အဆင့်တိုးမြှင့်ခြင်းခံရသည်။ကထစ ၃ ဟု အတိုကောက် ခေါ်ဝေါ်သည့် ရခိုင်ပြည်နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နှင့် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ကေတုမတီမြို့ တွင် အခြေစိုက်သည့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အစရှိသော စစ်တိုင်းကြီး များကို တာဝန်ယူကြီးကြပ်ရသည့် အမှတ် (၃) စစ်ဆင်ရေး အထူးအဖွဲ့မှူး ဖြစ်လာသည်။[၁၃]

ယင်းနောက် အမှတ် (၅) စစ်ဆင်ရေး အထူးအဖွဲ့မှူး (ခ) ကစထ(၅)မှူး အဖြစ် ပြောင်းရွှေ့တာဝန်ထမ်းသည်။[၁၄]

၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက် တွင် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး[၁၅] သည် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ အဖြစ်သို့ ပြောင်းရွှေ့ခန့်အပ်ခံရသည့်အတွက် လစ်လပ် စစ်ရေးချုပ် နေရာကို ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်က ဆက်ခံခဲ့သည်။[၁၆]

ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်တွင် ကျင်းပပြုလုပ်သည့် ကြည်း၊ရေ၊လေ ဘောလုံးပြိုင်ပွဲအား စစ်ခေါင်းဆောင် ကိုယ်စားတက်ရောက်ခဲ့ပြီးနောက်ရက်တွင် အနားပေးခံခဲ့ရသည်။[၁၇]

Remove ads

အရေးယူပိတ်ဆို့ခံရမှု

သူ့ကို ၂၀၂၁ခုနှစ် ဩဂုတ်လ နောက်ပိုင်းက စ၍ အရပ်သားများအား မြေပြင်နှင့် လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ရာဇဝတ်မှု နှင့် ရက်စက်ကြမ်းကြုတ်မှုများ ပြင်းပြင်းထန်ထန် ကျူးလွန်ခဲ့ရာတွင် တာဝန်ရှိသူဟု အမေရိကန် နှင့် ဥရောပသမဂ္ဂအဖွဲ့က သတ်မှတ်ပြီး အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်သည်။ [၁၈] [၁၉]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads