နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ
From Wikipedia, the free encyclopedia
Remove ads
နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ဖွဲ့စည်းထားသော ပြည်ထောင်စုအဆင့်ရှိ ကော်မတီဖြစ်သည်။ကော်မတီသည် နိုင်ငံခြားသုံးငွေအား စိစစ်ခွင့်ပြုပေးရသည့် လုပ်ငန်းအား အဓိက ဆောင်ရွက်သည်။ကော်မတီကို ဗိုလ်ချုပ်ကြီး မြထွန်းဦး က ဦးဆောင်သည်။
Remove ads
သမိုင်းကြောင်း
စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲ ဂယက်ကြောင့် နိုင်ငံအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း များ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးထက် အဆမတန် မြင့်တက်သွားခဲ့၍ ကုစားနိုင်ရန် ဖွဲ့စည်းခြင်းဖြစ်သည်။၂၀၂၂ ခုနှစ် ဧပြီ ၄ရက်တွင် စတင်ဖွဲ့စည်းသည်။[၁]
ကော်မတီ(၂၀၂၂-လက်ရှိ)
Remove ads
လုပ်ငန်းတာဝန်များ
- နိုင်ငံအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများက လိုအပ်သည့် စက်ပစ္စည်းများ၊ လုပ်ငန်းသုံးယာဉ်ယန္တရားများ၊ ကုန်ထုတ်လုပ်မှုအတွက် လိုအပ်သည့် အသုံးအဆောင်များနှင့် ကုန်ကြမ်းပစ္စည်းများစသည်တို့ တင်သွင်းရာတွင် လိုအပ်သည့် နိုင်ငံခြားသုံးငွေအား စိစစ်ခွင့်ပြုပေးခြင်း၊
- ပြည်သူအများ စားဝတ်နေရေးအတွက် လိုအပ်သည့် စက်သုံးဆီ၊ ဆေးဝါး၊ စားသုံးဆီ၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပြည်တွင်း၌ဝယ်ယူရရှိနိုင်ခြင်းမရှိသည့် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ အစရှိသည်တို့ ဝယ်ယူတင်သွင်းရာတွင် လိုအပ်သည့် နိုင်ငံခြားသုံးငွေအား စိစစ်ခွင့်ပြုပေးခြင်း၊
- နိုင်ငံသားများ လူမှုရေးကိစ္စအလို့ငှာ ပြည်ပသို့သွားရောက်ဆေးဝါးကုသခြင်း၊ ပညာရေးကိစ္စများအတွက် သွားရောက်ခြင်းနှင့် ဘာသာရေးကိစ္စများအတွက် သွားရောက်ခြင်း စသည်တို့အတွက် လိုအပ်သည့် နိုင်ငံခြားသုံးငွေအား စိစစ်ခွင့်ပြုပေးခြင်း၊
- အထွေထွေဆိုင်ရာပစ္စည်းများ ပြည်ပမှတင်သွင်းခြင်း၊ ပြည်ပသို့ချေးငွေနှင့် အတိုးများပြန်လည်ပေးဆပ်ခြင်း၊ ဝန်ဆောင်ခများပေးချေခြင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ အမြတ်ငွေများ ပြန်လည်လွှဲပို့ခြင်းစသည့် ကိစ္စများတွင် အသုံးပြုရန် လိုအပ်သည့် နိုင်ငံခြားသုံးငွေအား စိစစ်ခွင့်ပြုပေးခြင်း၊
- လူမှုအသုံးအဆောင် ဇိမ်ခံပစ္စည်းများ တင်သွင်းမှုအတွက် မဖြစ်မနေတင်သွင်းရန် လိုအပ်မှုအပေါ် နိုင်ငံခြားသုံးငွေစိစစ်ခွင့်ပြုပေးခြင်း၊
- နိုင်ငံအတွင်းရှိ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ၊ ပို့ကုန်/သွင်းကုန် လုပ်ငန်းများနှင့် ပညာရေး၊ ကျန်းမာရေးအပါအဝင် ဝန်ဆောင်မှုလုပ်ငန်းများအတွက် နိုင်ငံခြားသုံးငွေ လည်ပတ်မှုဆိုင်ရာကိစ္စရပ်များအား ကြီးကြပ်ကွပ်ကဲခြင်း။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads