နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်

From Wikipedia, the free encyclopedia

နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်
Remove ads

နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင် (အင်္ဂလိပ်: State Security and Peace Commission)[] သည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ က ၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက် တွင် အမိန့်အမှတ် ၄/၂၀၂၅ အားဖြင့် ဖွဲ့စည်းလိုက်သည့် အစိုးရအဖွဲ့အစည်း ကော်မရှင် ဖြစ်သည်။[]

အချက်တိုများ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်, အကျဉ်းချုပ် ...
Remove ads

ရည်ရွယ်ချက်

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပုဒ်မ ၄၂၇ အရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများကို ကျင့်သုံးနေစဉ်ကာလအတွင်း နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် အေးချမ်းသာယာရေး၊ ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးတို့အတွက် လိုအပ်သည့် လမ်းညွှန်မှုများပြုနိုင်ရန်နှင့် ထိရောက်စွာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် ဤကော်မရှင် ကို ဖွဲ့စည်းခဲ့သည်ဟု ဆိုသည်။[]

Remove ads

ကော်မရှင်ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ

နောက်ထပ် အချက်အလက်များ စဉ်, ပုံ ...
Remove ads

အဓိကဖြစ်ရပ်များ

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့တွင် ကော်မရှင် ဖွဲ့စည်းပြီးနောက် ပထမအကြိမ် ကျင်းပခဲ့သော နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲအောင်မြင်ရန်အတွက် ဆန္ဒမဲပေးသူမည်မျှရှိရမည်ဟု ဥပဒေတွင် သတ်မှတ်ထားခြင်းမရှိကြောင်း ပြောကြားခဲ့သည်။ အခြားနိုင်ငံများတွင်လည်း ထိုသို့သတ်မှတ်ထားသည်ကို မတွေ့ရကြောင်းနှင့် ရာခိုင်နှုန်း ၅၀ နှင့်အထက် မဲပေးနိုင်ပါက လူထုအများစု၏ ဆန္ဒပါဝင်သည်ဟု သတ်မှတ်နိုင်ကြောင်း ၎င်းကဆိုသည်။ ထို့အပြင် ရွေးကောက်ပွဲကို မဖြစ်မနေကျင်းပရမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူခြင်းနှင့် လုံခြုံရေးဆိုင်ရာ အချက်အလက်များရယူခြင်းတို့ကို လုပ်ဆောင်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပထမအကြိမ် လွှတ်တော်အစည်းအဝေးတွင် ကိုယ်စားလှယ်ဦးရေ၏ ထက်ဝက်ကျော် တက်ရောက်ပါက အစည်းအဝေးအထမြောက်နိုင်ကြောင်းနှင့် ဒုတိယအကြိမ်တွင် သုံးပုံတစ်ပုံ တက်ရောက်ပါက အထမြောက်နိုင်ကြောင်းကိုလည်း ထောက်ပြခဲ့သည်။ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ် ၅၀ ရာခိုင်နှုန်း တက်ရောက်နိုင်ရေးအတွက် ရွေးကောက်ပွဲလုပ်နိုင်သည့် မြို့နယ်များအားလုံးတွင် ကျင်းပနိုင်ရန် ရည်မှန်းထားပြီး၊ သဘာဝဘေးအန္တရာယ်ကြောင့် ရွှေ့ပြောင်းနေထိုင်ရသူများကို ကြိုတင်မဲဖြင့် မဲပေးနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။[][]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads