အောင်လင်းဒွေး

အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ် From Wikipedia, the free encyclopedia

Remove ads

ဦးအောင်လင်းဒွေး (၃၁ မေ ၁၉၆၂ မွေးဖွား)သည် နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင် ၏ အဖွဲ့ဝင် နှင့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ် ဖြစ်သည်။[] [] ယင်းမတိုင်မီက သူသည် မြန်မာ့တပ်မတော် ဗိုလ်ချုပ်ကြီး နှင့် ၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် ဖွဲ့စည်းခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် အတွင်းရေးမှူး အဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။[]

အချက်တိုများ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ်, လက်ထောက် ...
Remove ads

ငယ်ဘဝ

၁၉၆၂ ခုနှစ်၊ မေလ ၃၁ ရက်တွင် ဗိုလ်ကြီး မောင်မောင်ဒွေး နှင့် ဒေါ်စိန်နု တို့က ပြင်ဦးလွင်မြို့နယ် ၌ မွေးဖွားခဲ့ သည်။မွေးချင်း ၄ဦး အနက် ဒုတိယမြောက်သားဖြစ်ပြီး၊ ညီမ စုစုဒွေးမှာ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဖြစ်သည်။

စစ်မှုထမ်းဘဝ

ငယ်စဥ်ဘဝ ပညာရေးများကို အထက(၁) ပြင်ဦးလွင် နှင့် အလက(၃)ပြင်ဦးလွင် တို့တွင် ဖြတ်သန်းသင်ယူခဲ့သည်။အထက(၁)ပြင်ဦးလွင် မှ ဆယ်တန်းအောင်ပြီးနောက်၊မန္တလေးဒေသကောလိပ် တွင် အဆင်မြင့်ပညာများ သင်ယူခဲ့သည်။ထိုသို့ တက္ကသိုလ်ပညာသင်ကြားနေရင်း စစ်တက္ကသိုလ်ဝင်ခွင့် ဖြေဆိုခဲ့ရာ အောင်မြင်ခဲ့သည်။

ဦးအောင်လင်းဒွေးသည် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အပတ်စဉ် ၂၅ နှင့် ကျောင်းဆင်းသည်။၁၉၈၄ ခုနှစ်တွင် ဒုဗိုလ်ရာထူးဖြင့် ပြန်တမ်းဝင်အမှတ် ကြည်း ၁၈၂၆၃ နှင့် စစ်မှုစထမ်းခဲ့သည်။

သူသည် ဗိုလ်မှူးကြီးအဆင့်ဖြင့် ဒကစမှူး(စစ်တွေ) မှသည် စစ်တက္ကသိုလ် အောင်ဇေယျဗိုလ်လောင်းတပ်ရင်း တပ်ရင်းမှူးအဖြစ် တာဝန်ထမ်းသည်။ထိုမတိုင်မီက စစ်ဆင်ရေးတာဝန်ထမ်းဆောင်မှုအနေဖြင့် ကရင်ပြည်နယ် ခမရ(၁)၊ခမရ (၃၈၄)၊ခမရ(၇၀၂)တပ်ရင်းများတွင် ၃ကြိမ်တာဝန်ကျခဲ့သည်။ ဗိုလ်မှူးချုပ်အဆင့်ဖြင့် ၂၀၁၁ မေလ ၉ ရက် မှ ၂၀၁၁ ခုနှစ် အောက်တိုဘာ ၂ရက်အထိ တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး၊၂၀၁၁ ခုနှစ် အောက်တိုဘာ ၂ရက် မှ မှ ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၁၇ ရက် အထိ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး စသည်ဖြင့် တာဝန်ယူခဲ့သည်။ နောက် ဗိုလ်ချုပ်အဆင့်ဖြင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး[]တပ်မတော်မှတ်တမ်းရုံး ညွှန်ကြားရေးမှူးချုပ်တို့သို့ ပြောင်းလဲထမ်းဆောင်သည်။

၂၀၁၆ ခုနှစ် ဩဂုတ်လတွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ဖြင့် စစ်ဥပဒေချုပ် ဖြစ်လာသည်။ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီတွင် ပါဝင်ခဲ့သည်။

ယင်းအပြင် သူသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ စစ်ဘက်အကြံပေးပုဂ္ဂိုလ် အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် နီးကပ်သည့် ဆက်ဆံရေးရှိသူ၊ သစ္စာရှိသော လက်ရုံးအဖြစ် သတ်မှတ်ခံရသည်။[]

၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး အဖြစ်ခန့်အပ်ခံရသည်။အစိုးရ၏ အမိန့်ကြော်ငြာစာ များအား ပုံ ကောင်စီအတွင်းရေးမှူး ဖြင့် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ရသူ လည်းဖြစ်၍ လူသိများသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီ လထဲတွင် စစ်ကောင်စီအတွင်းရေးမှူး နေရာကိုသာတာဝန်ထမ်းဆောင်ရပြီး၊ တပ်မတော် စစ်ဥပဒေချုပ် ရာထူးမှ အနားယူခဲ့သည်။ တပ်မတော်အရန်အင်အား သို့လည်း ရောက်ရှိသွားခဲ့သည်။[] သူ၏ တပ်မတော်ရာထူးနေရာဖြစ်သည့် စစ်ဥပဒေချုပ်နေရာအား တပ်မတော်အင်အားဖြည့်တင်းရေး ညွှန်ကြားရေးမှူးရုံး (ကကအင်) မှ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် မျိုးသန့်နိုင်က ဒုတိယဗိုလ်ချုပ်ကြီးရာထူးတိုးကာ ဆက်ခံခဲ့သည်။

ယင်းနောက် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ယုံကြည်စိတ်ချရသူများဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောတို့နှင့်အတူ ဗိုလ်ချုပ်ကြီးရာထူးသို့ တိုးမြှင့်ခံခဲ့ရသည်။။[]

၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက် တွင် နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင် ၏ အဖွဲ့ဝင် နှင့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ် အဖြစ် တာဝန်ပေးခံရသည်။ ထိုရက်မှာပင် သူသည် ဗိုလ်ချုပ်ကြီး ရာထူးအားလည်း စွန့်လွှတ်လိုက်ရကာ၊ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးအစား ဦးအောင်လင်းဒွေး အမည်ဖြင့် အထက်ပါရာထူးများကို ထမ်းဆောင်ရခြင်းဖြစ်သည်။[][]

Remove ads

မိသားစုဘဝ

ဇနီးဖြစ်သူမှာ ဒေါ်ဥမ္မာမြင့် ဖြစ်ပြီး သားသမီးများမှာ

  • ရွှေရည်ဖြိုးပြည့် ဆောက်လုပ်ရေးနှင့် အင်ဂျင်နီယာလုပ်ငန်းများ ကုမ္ပဏီပိုင်ရှင် ရွှေရည်ဖူးအောင်
  • မင်္ဂလာအောင်မြေဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် လှိုင်ဘွားအောင် (မိခင်နှင့်အတူပိုင်)
  • အောင်မြင့်မိုရ်လင်းဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဖြိုးအာကာအောင် တို့ ဖြစ်သည်။

ချီးမြှင့်ခံရသည့် ဆုများ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ က ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ  ၁၇  ရက် နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၂၁၁/၂၀၂၂ ဖြင့် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သော စည်သူဘွဲ့ ချီးမြှင့်အပ်နှင်းထားသည်။[၁၀]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads