အကဲဖြတ်ဆန်းစစ်ခြင်းမပြုရသေးသော မျိုးစိတ်
From Wikipedia, the free encyclopedia
Remove ads
အကဲဖြတ်ဆန်းစစ်ခြင်းမပြုရသေးသော မျိုးစိတ် ( Not Evaluated - NE ) ဆိုသည်မှာ ဇီဝမျိုးစိတ်တစ်ခု (ဝါ) တစ်စုသည် အန္တရာယ်ကျရောက်နေသော မျိုးစိတ်များဆိုင်ရာ IUCN အနီရောင်စာရင်းတွင် အမျိုးအစားခွဲခြားဖော်ပြရန် အကဲဖြတ်ခြင်း မပြုရသေးကြောင်းကို နိုင်ငံတကာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး အသင်း (IUCN)မှ ၎င်းမျိုးစိတ်အပေါ် ထိန်းသိမ်းစောင့်ရှောက်ရေး အဆင့်အတန်း အမျိုးအစားသတ်မှတ်ပေးခြင်း ဖြစ်သည်။[၁][၂]
ဤထိန်းသိမ်းစောင့်ရှောက်ရေး အမျိုးအစားသည် မျိုးစိတ်များအတွက် ကမ္ဘာလုံးဆိုင်ရာ မျိုးသုဉ်းမည့် အန္တရာယ်ကိုညွှန်ပြရန် IUCN မှ အကဲဖြတ်သတ်မှတ်သည့် အန္တရာယ်ကျရောက်မှု အမျိုးအစား ကိုးမျိုးထဲမှတစ်ခုဖြစ်သည်။ ၎င်းအမျိုးအစားများတွင် အရောင်ဖြင့်ဖော်ပြသော 'မျိုးသုဉ်းခြင်း' () အမျိုးအစားမှ 'အန္တရာယ်ကျရောက်နိုင်ချေမရှိ' (
) အမျိုးအစားအထိသည် အရေးယူလုပ်ဆောင်ရန် သတ်မှတ်ပေးခြင်းဖြစ်သည်။ အခြားသောသတ်မှတ်ချက်များဖြစ်သည့် 'အချက်အလက်ပြည့်စုံမှုမရှိ' (
) နှင့် 'အကဲဖြတ်ဆန်းစစ်ထားခြင်းမရှိ' (
) အမျိုးအစားများသည် အန္တရာယ်ကျမှုအဆင့်ဖော်ပြနိုင်သော အမျိုးအစားများ၌ ထည့်သွင်းသတ်မှတ်ရန် လုံလောက်အောင် မသုံးသပ်ရသေးသော မျိုးစိတ်များကို ညွှန်ပြခြင်းသာ ဖြစ်သောကြောင့် ၎င်းတို့သည် အရောင်ဖြင့်သတ်မှတ်မှုများကဲ့သို့ အကျုံးဝင်မှုမရှိပါ။[၃]

Remove ads
မှတ်စုနှင့် ကိုးကားချက်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads