အချက်အလက်ပြည့်စုံမှုမရှိသည့် မျိုးစိတ်
From Wikipedia, the free encyclopedia
Remove ads
အချက်အလက်ပြည့်စုံမှုမရှိသည့် မျိုးစိတ်များ[၁][၂] ( Data Deficient - DD )[၃] ဆိုသည်မှာ ဇီဝမျိုးစိတ်တစ်ခု (ဝါ) တစ်စု၏ပျံ့နှံ့တည်ရှိမှုနှင့် ဦးရေပမာဏ အရေအတွက်အပေါ် အခြေခံ၍ ၎င်း၏မျိုးသုဉ်းမှု အန္တရာယ် အတိုင်းအတာကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း အကဲဖြတ်သုံးသပ်နိုင်ရန် လုံလောက်သော အချက်အလက်များ မရှိကြောင်းကို နိုင်ငံတကာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး အသင်း (IUCN) မှ ၎င်းမျိုးစိတ်အပေါ် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ အမျိုးအစား ခွဲခြားသတ်မှတ်ပေးခြင်းဖြစ်သည်။
ဤအဆင့်အတန်း အမျိုးအစားတွင် ပါဝင်နေသော မျိုးစိတ်များသည် ၎င်းတို့နှင့်ပတ်သက်သောအချက်အလက်များအား စေ့စပ်သေချာစွာ အကျယ်တဝင့် လေ့လာခံထားရခြင်းမရှိသေးဟု ဆိုလိုခြင်းမျိုးမဟုတ်ဘဲ ယင်းမျိုးစိတ်များကြွယ်ဝမှုနှင့် ပြန့်နှံ့တည်ရှိမှု သတင်းအချက်အလက်အနည်းငယ် (သို့) လုံးဝ မရရှိနိုင်သေးကြောင်းကို သတ်မှတ်ဖော်ပြခြင်းသာ ဖြစ်သည်။
မှတ်တမ်းမှတ်ရာ မရှိသေးခြင်းသည် အန္တရာယ်ကျရောက်နေသည့် အုပ်စု၌ ပါဝင်နေခြင်းမဟုတ်ပေ။ ဤအုပ်စုတွင်ပါဝင်နေသည့် မျိုးစိတ်များသည် ၎င်းတို့၏ အချက်အလက်များကို ပိုမိုလိုအပ်နေကြောင်း ဖော်ပြခြင်းမျိုးသာဖြစ်၍ နောင်လုပ်မည့် လေ့လာဆန်းစစ်ရေး လုပ်ငန်းများ၊ မြေပြင်ကွင်းဆင်းတိုင်းတာမှုများ အစရှိသည့် သုတေသနပြုလုပ်ခြင်းမှ အဆင့်အတန်းအမျိုးအစားကို ဖော်ပြနိုင်ကြောင်းကို အသိအမှတ်ပြုထားခြင်းဖြစ်သည်။
သို့သော် မျိုးစိတ်တစ်ခုအား ဤအဆင့်အတန်းအဖြစ် သတ်မှတ်ခဲ့သည်မှာ အချိန်ကာလအတော်ကြာမြင့်ခဲ့ပြီဆိုပါက ၎င်းမျိုးစိတ်၏ အခြေအနေနှင့်ပတ်သက်၍ ၎င်းအပေါ် အဆင့်အတန်းတစ်ခုကို သတ်မှတ်ပေးရန် လိုအပ်မည်ဖြစ်သည်။[၄]
Remove ads
နောက်ထပ်ကြည့်ရန်
ကိုးကား
ပြင်ပလင့်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads