ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန
မြန်မာနိုင်ငံ အစိုးရဝန်ကြီးဌာန From Wikipedia, the free encyclopedia
Remove ads
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (အင်္ဂလိပ်: (Ministry of Union Government Office)) မှာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ လုပ်ငန်းများကို လုပ်ဆောင်ရန် ဖွဲ့စည်းထားသော ဝန်ကြီးဌာနဖြစ်သည်။ ယခင်က ပြည်ထောင်စုအစိုးရအဖွဲ့၏ လုပ်ငန်းဆောင်တာများကို ညွှန်ကြားရေးမှူးချုပ်ကသာ ဦးဆောင်ခဲ့ရာမှ ပြည်ထောင်စုဝန်ကြီး အဆင့်ဖြင့် ဦးဆောင်နိုင်ရန် သမ္မတ ဦးထင်ကျော်မှ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။[၁]
ဦးထင်ကျော်နှင့် ဦးဝင်းမြင့်မှ ဝန်ကြီးဌာန ကို တစ်ခုတည်းသာထားရှိခဲ့သော်လည်း စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ခုနှစ် ဩဂုတ်လ ၁ရက်နေ့တွင် စစ်ကောင်စီက ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂)ဟူ၍ တိုးချဲ့ဖွဲ့စည်းခဲ့သည်။ စစ်အစိုးရမှ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကို ဝန်ကြီးဌာန(၁)၏ ဝန်ကြီးအဖြစ်ခန့်ထားပြီး ဦးချစ်နိုင်ကို ဝန်ကြီးဌာန(၂)၏ ဝန်ကြီးဟု ခန့်အပ်ထားသည်။ ဦးချစ်နိုင် ရာထူးမှအနားယူပြီးနောက်တွင် တစ်နှစ်ခန့်ကြာသည်အထိ ဝန်ကြီးအသစ်ထပ်မံခန့်အပ်ခြင်းမရှိဘဲ ဝန်ကြီးဌာနကိုလည်း အမှတ်စဉ် မခွဲခြားတော့ပေ။ ၂၀၂၃ခုနှစ် ဩဂုတ်လ (၃)ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်အား ပြောင်းရွှေ့ခန့်အပ်ခဲ့သဖြင့် ဝန်ကြီးဌာန နှစ်ခုအဖြစ် ပြန်လည်ရှိလာခဲ့သည်။
Remove ads
သမိုင်းကြောင်း
နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာကို သမ္မတကိုယ်စား ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးမှ ၂၀၁၇ နိုဝင်ဘာ ၂၀ တွင် ဝန်ကြီးဌာန ၂ ခုအသစ်ဖွဲ့ရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြလာသည်။
ပြည်ထောင်စုအစိုးရ အဖွဲ့၏ လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ် ဖြစ်သူ ပြည်ထောင်စု အစိုးရအဖွဲ့ အတွင်းရေးမှူးက နိုင်ငံတော် သမ္မတထံ တင်ပြ၍ ဆောင်ရွက်လျက်ရှိသည်။
ပြည်ထောင်စုအစိုးရအဖွဲ့ အနေဖြင့် ပြည်ထောင်စု၏ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ၊ ဥပဒေကြမ်း တင်သွင်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် အခြားကိစ္စရပ်များ အပါအဝင် များပြားသည့် လုပ်ငန်း တာဝန်များကို ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံတော်သမ္မတအား တာဝန်ခံမည့် ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ပြည်ထောင်စု ဝန်ကြီး တစ်ဦးကို ခန့်အပ်၍ တာဝန်ယူဆောင်ရွက်စေမည် ဆိုပါက ပိုမိုထိရောက်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်သဖြင့် ယင်းဝန်ကြီးဌာနကို ထပ်မံဖွဲ့စည်းလိုခြင်း ဖြစ်ပါကြောင်း ရှေ့နေချုပ်က တင်ပြခဲ့သည်။
Remove ads
ဖွဲ့စည်းခြင်း
ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဖွဲ့စည်းဆောင်ရွက်ရာတွင် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၏ လက်ရှိဖွဲ့စည်းပုံ အင်အားဖြင့်ပင် ဖွဲ့စည်းခဲ့သည်။၂၀၁၈ခုနှစ် ဒီဇင်ဘာ ၂၈ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို ပြည်ထဲရေး ဝန်ကြီးဌာနလက်အောက်မှ ပြောင်းကာ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနလက်အောက်သို့ ထည့်သွင်းခဲ့သည်။၂၀၂၁ခုနှစ်တွင် အာဏာသိမ်းစစ်ကောင်စီမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထဲရေးလက်အောက်သို့ ပြန်လည်ပြောင်းရွှေ့ခဲ့သည်။
၂၀၂၁
၂၀၂၁ခုနှစ် ဩဂုတ်လ (၁) ရက်နေ့တွင် အိမ်စောင့်အစိုးရဖွဲ့စည်းခြင်းနှင့်အတူ ဝန်ကြီးဌာနအား အမှတ် (၁)နှင့် အမှတ် (၂) ဟူ၍ ဖွဲ့စည်းခဲ့သည်။ ထိုစဉ်က ပြန်ကြားရေးဝန်ကြီး ဦးချစ်နိုင်မှာ အမှတ် (၂) ဝန်ကြီးဖြစ်လာခဲ့သည်။[၂]
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်ရှိ အခွန်အယူခံအဖွဲ့ရုံးအားလည်းကောင်း၊[၃] ယခင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနလက်အောက်မှ ဦးစီးဌာနများအား အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဦးစီးဌာန အဖြစ်လည်းကောင်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန လက်အောက်သို့ ပြောင်း၍ ဖွဲ့စည်းခဲ့သည်။[၄]
Remove ads
ဖွဲ့စည်းပုံ
ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၁)
- ပြည်ထောင်စုဝန်ကြီးရုံး
- အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဦးစီးဌာန
- အခွန်အယူခံခုံအဖွဲ့ရုံး
ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၂)
- ပြည်ထောင်စုဝန်ကြီးရုံး
ဝန်ကြီးများစာရင်း
Remove ads
ဝေဖန်ခံရခြင်း
ဦးထင်ကျော်အစိုးရတက်လာစဉ်က နိုင်ငံတော်ဘဏ္ဍာကိုလျှော့ချရန် ဝန်ကြီးဌာနများကို ပြင်ဆင်လျှော့ချခဲ့သော်လည်း ယခုအခါ ဝန်ကြီးဌာနအသစ်များ ထပ်မံဖွဲ့စည်း၍ ပြည်သူများအကြား ဝေဖန်ခဲ့ကြသည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads