အာရှ အိုလံပစ်ကောင်စီ
အဖွဲ့အစည်း From Wikipedia, the free encyclopedia
Remove ads
အာရှအိုလံပစ်ကောင်စီ(အင်္ဂလိပ်: Olympic Council of Asia (OCA)) သည် အဖွဲ့ဝင် ၄၅ နိုင်ငံပါဝင်သော အားကစားအဖွဲ့ချုပ် ဖြစ်သည်။ ကူဝိတ်နိုင်ငံတွင် ဌာနချုပ် တည်ရှိသည်။
Remove ads
သမိုင်းကြောင်း
၁၉၄၈ ခုနှစ် လန်ဒန်နွေရာသီအိုလံပစ်ပွဲတွင် အာရှအားကစားအဖွဲ့ချုပ်များမှ အာရှအားကစားပွဲတော်ကျင်းပရန် ဆုံးဖြတ်ခဲ့ကြပြီး အာရှအားကစားပွဲတော်အဖွဲ့ချုပ်ကို တည်ထောင်ပြီးနောက် အာရှအိုလံပစ်ကောင်စီကို ၁၉၈၂ နိုဝင်ဘာ ၁၆ တွင် နယူးဒေလီမြို့၌ ဖွဲ့စည်းခဲ့သည်။ ထိုနှစ်မှာပင် အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ (IOC) မှ အာရှအိုလံပစ်ကောင်စီကို အသိအမှတ်ပြုခဲ့သည်။[၁]
အဖွဲ့ဝင်နိုင်ငံများ
အောက်ပါဇယားတွင် အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီမှ အသိအမှတ်ပြုသည့် ခုနှစ်ကို ထည့်သွင်းပြသထားသည်။ မကာအို အမျိုးသား အိုလံပစ်ကောင်စီကို အာရှအိုလံပစ်ကောင်စီက အသိအမှတ်ပြုသော်လည်း အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီမှ အသိအမှတ် မပြုထားသလို အိုလံပစ်အားကစားပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိပေ။ အလားတူ အာရှ အိုလံပစ် ကောင်စီတွင် တရုတ်တိုင်ပေ၊ ပါလက်စတိုင်းနှင့် ဟောင်ကောင်တို့၏ အမျိုးသား အိုလံပစ်ကောင်စီများပါဝင်သည်။
အာရှအိုလံပစ်ကော်မတီတွင် တိုက်ကြီးနှစ်တိုက်တွင် တည်ရှိသော နိုင်ငံဖြစ်သည့် ကာဇက်စတန်နိုင်ငံ ပါဝင်သော်လည်း အဇာဘိုင်ဂျန်နိုင်ငံ၊ ဂျော်ဂျီယာနိုင်ငံနှင့် တူရကီနိုင်ငံတို့သည် အာရှတိုက်ထဲတွင် ပါဝင်ကြသော်လည်း မပါဝင်ပေ။ အလားတူ ရုရှားနိုင်ငံ၏ ဒေသအများစုသည် အာရှတိုက်တွင် ပါဝင်သော်လည်း ရုရှားနှင့် အထက်ပါနိုင်ငံများသည် ဥရောပအိုလံပစ်ကော်မတီ၏ အဖွဲ့ဝင်များ ဖြစ်ကြသည်။
ယခင် အဖွဲ့ဝင်ဟောင်းများ
အစ္စရေးသည် အာရှအားကစားအဖွဲ့ချုပ်တွင် အဖွဲ့ဝင်ဖြစ်သော်လည်း ၁၉၈၁ ခုနှစ်တွင် အာရှအိုလံပစ်ကောင်စီ ပြန်လည်ဖွဲ့စည်းရာတွင် အာရပ်–အစ္စရေး ပဋိပက္ခကြောင့် မပါဝင်တော့ပေ။ အစ္စရေးသည် ယခုအခါ ဥရောပအိုလံပစ်ကော်မတီ (EOC) အဖွဲ့ဝင် ဖြစ်သည်။
Remove ads
ဆက်စပ်ကြည့်ရှုရန်
မှတ်စုများ
- From 1911 to 1975, Philippines was represented by the Philippine Amateur Athletic Federation (PAAF). In 1975, the Philippine Olympic Committee was established and replaced the PAAF.
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads