မတူပီမြို့နယ်

မတူပီမြို့ From Wikipedia, the free encyclopedia

မတူပီမြို့နယ်
Remove ads

မတူပီမြို့နယ် သည် မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းရှိ ချင်းပြည်နယ် တောင်ပိုင်း၊ မတူပီခရိုင်တွင် တည်ရှိပြီး၊ ချင်းပြည်နယ်၏ ဒုတိယ မြို့တော်အဖြစ် လွန်ခဲ့သော နှစ်အနည်းငယ်က သတ်မှတ်ခြင်း ခံခဲ့ရသည်။ မတူပီမြို့နယ်တွင် မတူပီမြို့ရေဇွာမြို့နှင့် လိုင်လင်းပီမြို့ပါဝင်ပြီး မြို့နယ်ရုံးစိုက်ရာမှာာ မတူပီမြို့ ဖြစ်သည်။ မတူပီတွင်းရှိ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၃၉,၀၈၆ ယောက်[] ဖြစ်သည်။

အချက်တိုများ မတူပီမြို့နယ်, နိုင်ငံ ...
Remove ads

သမိုင်း​ကြောင်း

လွတ်လပ်​ရေးရအပြီး ပါလီမန်​ရွေး​ကောက်ပွဲတွင် အနိုင်ရ​သော အနိုင်ရပါတီမှ အမတ် သီရိပျံချီ ဦးဆန်နိမ်းသည် မတူပီအား မြို့နယ်ရရှိ​အောင်ကြိုးပမ်းရာမှ ၂၂.၃.၁၉၄၉​နေ့တွင် မတူပီမြို့နယ်ဖြစ်လာခဲ့ပြီး နယ်ပိုင်ရုံးစိုက်ခဲ့သည်။၂၅.၅.၁၉၇၃တွင် ပြည်ထဲ​ရေးနှင့်သာသနာ​ရေးဝန်ကြီးဌာနမှ မတူပီမြို့ကိုလည်း​ကောင်း၊၁၇.၉.၁၉၇၃တွင် ရပ်ကွက်၊​ကျေးရွာအုပ်စုများဖြင့်လည်း​ကောင်း ဖွဲ့စည်းခဲ့သည်။[]မတူပီမြို့နယ်သည် မင်းတပ်ခရိုင်​လေးမြို့နယ်တွင် ပါဝင်ခဲ့ရာမှ ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း ပလက်ဝမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ ပလက်ဝမြို့နယ်အား ခရိုင်အဆင့်တိုးမြှင့်ရန် အစီအစဉ်ရှိမရှိ မေးမြန်းခဲ့သည်။ ထိုအကြောင်းကို ပြည်ထောင်စုလွှတ်တော်မှ ပြည်နယ်အစိုးရအား သဘောထားတောင်းခံသည်။ သို့သော် ပြည်နယ်လွှတ်တော်တွင် ပလက်ဝကို ခရိုင်အဆင့်မြှင့်ရန် သင့်မသင့် မဆွေးနွေးဘဲ မတူပီနှင့် ပလက်ဝမြို့နယ်များအနက် မည်သည့်မြို့နယ်ကို ခရိုင်အဆင့်မြှင့်ရန် မဲခွဲဆုံးဖြတ်ရာ မတူပီမှ ၁၁ မဲ၊ ပလက်ဝမှ ၉ မဲရရှိခဲ့သည်။ နိုင်ငံတော်သမ္မတရုံးမှ ၂၀၁၇ ခုနှစ် ဇွန်လတွင် မင်းတပ်ခရိုင်ကို မူလ ၄ မြို့နယ်မှ မင်းတပ်မြို့နယ်နှင့် ပလက်ဝမြို့နယ်တို့ ပါဝင်သော မင်းတပ်ခရိုင်၊ မတူပီမြို့နယ်နှင့် ပလက်ဝမြို့နယ်တို့ပါဝင်သော မတူပီခရိုင်အဖြစ် ခရိုင်(၂)ခုပြောင်းလဲဖွဲ့စည်းခြင်းကို မှတ်တမ်းတင်ရန် ပြည်ထောင်စုလွှတ်တော်ထံသို့ အကြောင်းကြားခဲ့သည်။ ထို့​ကြောင့် မတူပီမြို့နယ်မှာ မင်းတပ်ခရိုင်မှ မတူပီခရိုင်အတွင်း ပါဝင်လာခဲ့သည်။[][][]

Remove ads

ပထဝီဝင်အနေအထား

မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၁၅ မိနစ်နှင့် ၂၂ ဒီဂရီ ၁၅ မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၁၄မိနစ်နှင့် ၉၅ ဒီဂရီ ၁၅ မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ မိုင် ၄၇၊ တောင်မှမြောက်သို့ ၆၈ မိုင်ရှိပြီး ၂၃၁၆.၈၁ စတုရန်းမိုင် ကျယ်ဝန်းသည်။[]

နယ်နိမိတ်

မတူပီမြို့နယ်၏ အရှေ့ဘက်တွင် မ​ကွေးတိုင်းရှိ ဂန့်​ဂေါမြို့နယ်နှင့် ထီးလင်းမြို့နယ်၊ အ​ရှေ့တောင်ဘက်တွင် မင်းတပ်မြို့နယ်၊ အနောက်ဘက်တွင် ပလက်ဝမြို့နယ်၊အ​နောက်​မြောက်ဘက်တွင် အိန္ဒိယနိုင်ငံ မိဇိုရမ်ပြည်နယ်၊ မြောက်ဘက်တွင် ထန်တလန်မြို့နယ်များ တည်ရှိသည်။

Remove ads

လူဦးရေ

မတူပီမြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ချင်းလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ဗမာနှင့် ရခိုင်လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ခရစ်ယာန်ဘာသာကို အများဆုံး ကိုးကွယ်ကာ ဗုဒ္ဓဘာသာကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။ မတူပီမြို့နယ် အတွင်း၌ နေထိုင်ကြသော ဌာ​နေလူမျိုးစုများမှာ

  1. ဒိုင်လူမျိုး
  2. မတူလူမျိုး
  3. မရာလူမျိုး
  4. ဒိုးမ်လူမျိုး
  5. စင်တလန်လူမျိုး
  6. ကောင်လောင်လူမျိုး
  7. တွီဖုန်းလူမျိုး စသည်တို့ ဖြစ်သည်။[ကိုးကားချက်လိုသည်]

ပညာ​ရေး

အခြေခံပညာ

အထက

အထက်တန်းကျောင်း ၈ကျောင်းရှိသည်။

  • အထက ၁
  • အထက ၂
  • အထက ​ရေဇာ
  • အထက လိုင်လင်းပီ
  • အထက လုံငိုး
  • အထက ဆ​ဘောင်းတယ်
  • အထက စာလ်​ထောင်
  • အထက မားဒူ

အထက(ခွဲ)/အလက

  • အလက (ထ(ခွဲ)) ဖနိုင်
  • အလက (ထ(ခွဲ)) ဆ​ဘောင်းပီ
  • အလက (ထ(ခွဲ)) ​လေဆင်း
  • အလက (ထ(ခွဲ)) ​ရှာတလိုင်း
  • အလက (ထ(ခွဲ)) ​တိန်ဆီး
  • အလက (ထ(ခွဲ)) ​တန်ကူ
  • အလက (ထ(ခွဲ)) ​စခိုင်း
  • အလက ငလိုင်
  • အလက စန်တပ်
  • အလက ဒါရ်လင်း
  • အလက ရန်စီ
  • အလက ရုန်း
  • အလက လာလွီး
  • အလက ​လေကန်း
  • အလက အိုက္ကား
  • အလက တီးဆီး
  • အလက ဆတူး
  • အလက ဆုံဆင်း(ခ)

​*အလက တောင်ဘူ

  • အလက အာရူ
  • အလက ဟရင်ပီ(က)
  • အလက ဟရင်ပီ(ခ)
  • အလက လိုင်လင်းတဲ(ခ)
  • အလက ပါဆင်း(က)
  • အလက ပန်တွီး
  • အလက ​ထောင်လန်

အမက

မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၁၃၇ကျောင်းရှိသည်။

Remove ads

အထင်ကရ ပုဂ္ဂိုလ်များ

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads