လွင်ကိုလတ်

From Wikipedia, the free encyclopedia

လွင်ကိုလတ်
Remove ads

ဦးလွင်ကိုလတ်သည် မြန်မာနိုင်ငံသား တက်ကြွလှုပ်ရှားသူနှင့် နိုင်ငံရေးသမားတစ်ဦး ဖြစ်ပြီး၊ လက်ရှိတွင် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသူဖြစ်သည်။

အချက်တိုများ ဦးလွင်ကိုလတ်, သမ္မတ ...

၂၀၁၆မှ စစ်တပ်က အာဏာသိမ်းလိုက်သည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်အထိ သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။

Remove ads

နိုင်ငံရေးဆောင်ရွက်ချက်

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်၏ သန်လျင်မဲဆန္ဒနယ်နေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဝင်ရောက်ယှဉ်ပြိုင်ရာ မဲအရေအတွက် ၇၀,၃၈၀ ဖြင့် အနိုင်ရသည်။[][]

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် သန်လျင်မဲဆန္ဒနယ်အတွက် ထပ်မံယှဉ်ပြိုင်ရာ အနိုင်ရသော်လည်း စစ်အာဏာသိမ်းမှုကြောင့် လွှတ်တော်တက်ခွင့် မရရှိခဲ့ပေ။[][]

၂၀၂၁၊ ဖေဖော်ဝါရီလ ၅ရက်၌ ရွေးကောက်ခံ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းလိုက်သော ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ၏ အဖွဲ့ဝင်ဖြစ်လာခဲ့သည်။[][]

၂၀၂၁၊ မတ်လ ၂ရက်နေ့တွင် CRPH က ဦးလွင်ကိုလတ်အား နိုင်ငံတော် သမ္မတရုံးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနတို့၏ ခေတ္တပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။[][][၁၀][၁၁]

၂၀၂၁၊ ဧပြီလ ၁၆ရက်နေ့တွင် CRPH က ဖွဲ့စည်းလိုက်သည့် အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခံရသည်။[၁၂]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads