သရက်တပင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု
From Wikipedia, the free encyclopedia
Remove ads
သရက်တပင် အစုအပြုံလိုက် သတ်ဖြတ်ခံရမှု သည် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ရွာ တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၂ ရက်နေ့ တွင် တပ်မတော် (လေ)မှ အရပ်သားများအား အစုအပြုံလိုက် သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ် ဖြစ်သည်။ ဤဖြစ်ရပ်တွင် ရွာရှိ ပညာပန်းခင်း ကိုယ်ပိုင်အထက်တန်းကျောင်းပေါ် ဗုံးနှစ်လုံးကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ကျောင်းသားများ အများဆုံး သေဆုံးခဲ့ရသည်။ ၂၀၂၁ စစ်အာဏာသိမ်း ပြီးနောက်ပိုင်း ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာတွင် ဖြစ်ပွားခဲ့သည့် လေကြောင်းကြောင့် ကျောင်းသား/သူများ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရမှုပြီးလျှင်[၁]၊ယခုဖြစ်ရပ်သည် ကျောင်းသားများ အထိအခိုက်၊အသေအပျောက်ဒုတိယ အများဆုံး တိုက်ခိုက်ခံရမှု အဖြစ် မှတ်သားခံထားရသည်။
Remove ads
နောက်ခံအကြောင်းအရင်းများ
၂၀၂၃ အောက်တိုဘာ ၂၇ ရက် တွင် ရှမ်းပြည်နယ် မြောက်ပိုင်း ၌ စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး နှင့် တစ်ဆက်တစ်စပ်တည်း၊အာရက္ခတပ်တော် သည် နိုဝင်ဘာ ၁၃ ရက်နေ့တွင် ရခိုင်ပြည်နယ် ၌ ရခိုင်တစ်ကျော့ပြန်စစ်ပွဲ အား ဖော်ဆောင်ခဲ့သည်။
ရခိုင်တစ်ကျော့ပြန် တိုက်ပွဲ တစ်နှစ်ခွဲကျော်တွင် ရခိုင်ပြည်နယ်၏ မြို့နယ် ၁၇ ခုထဲမှ ကျောက်ဖြူ၊ စစ်တွေ နှင့် မာန်အောင်ကျွန်း တို့မှလွဲ၍ မြို့ ၁၄ မြို့ အပြင်၊ ချင်းပြည်နယ် ပလက်ဝမြို့နယ် တို့ကိုပါ အာရက္ခတပ်တော် သည် စစ်တပ် လက်ထဲမှ တိုက်ခိုက်ရယူနိုင်ခဲ့သည်။[၂] [၃] ထို့အပြင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၀ ရက် တွင် ရခိုင်ပြည်နယ်၊ အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုလည်း တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့သည်။[၄]
Remove ads
ဖြစ်ရပ်
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်၊ နံနက် (၁) နာရီ (၀၅) မိနစ်ခန့်အချိန်တွင် စစ်ကော်မရှင် ၏ လေတပ် သည် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာ အတွင်းအား လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည်။ ပေါင် (၅၀၀) ဗုံး နှစ်လုံး ကြဲချခဲ့ရာတွင် ဗုံးသည် သရက်တပင်ရွာအတွင်းရှိ ပညာပန်းခင်း ကိုယ်ပိုင်အထက်တန်းကျောင်း ရှေ့တည့်တည့်သို့ ကျရောက်ထိမှန်ခဲ့သည်။[၅] [၆]
အဆိုပါ ပေါင် (၅၀၀) ဗုံး နှစ်လုံးကြောင့် ပညာပန်းခင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း ရှိ ကျောင်းသူ/ ကျောင်းသားများနှင့် ၎င်းအနီးအနားမှ ကလေးငယ်တချို့အပါအဝင် စုစုပေါင်း (၁၈) ဦး ရှေ့ဆင့်နောက်ဆင့် သေဆုံးကာ (၂၀) ကျော် ပြင်းထန် ဒဏ်ရာရရှိခဲ့ကြသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads