ဟားခါးမြို့နယ်

ချင်းပြည်နယ် မြောက်ပိုင်းမြို့နယ် From Wikipedia, the free encyclopedia

ဟားခါးမြို့နယ်
Remove ads

ဟားခါးမြို့နယ် သည် မြန်မာနိုင်ငံချင်းပြည်နယ်ဟားခါးခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခုဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ ဟားခါးမြို့ ဖြစ်သည်။

အချက်တိုများ ဟားခါးမြို့နယ်, နိုင်ငံ ...
Remove ads

သမိုင်းကြောင်း

ဟားခါးမြို့ကို စတင်တည်ထောင်ခဲ့သော လိုင်မီး(ချင်း)တို့သည် တိဗက်-မြန်မာနွယ်များဖြစ်ကြပြီး တရုတ်ပြည် အနောက်မြောက်ဘက်နှင့် တိဗက်ပြည်အရှေ့ဘက်တို့မှ ဆင်းသက်လာသည်။ ချင်းလူမျိုးနွယ်စုတို့သည် အေဒီ ၁၄၀၀ ခန့်တွင် ဖိုင်လဲင်ဇောလ်ဟု ခေါ်သောအရပ်သို့ စတင်ရောက်ရှိလာခဲ့သည်။

အစပထမက ဟားခါး(Halkha) ဟုခေါ်ခဲ့ရာမှ ယခုအခါ ဟားခါး(Hakha)ဟု ခေါ်ဝေါ်ခဲ့သည်။ ၁၈၉၂ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် မြို့အုပ်ချုပ်ရေးရုံး ဖွင့်လှစ်၍ နယ်ပိုင်ဝန်ထောက် ရုံးစိုက်ခဲ့သည်။

၁၉၆၅ ခုနှစ် မေလ ၅ ရက်နေ့တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တိုင်းခွဲ(၂) ရုံးကို ဟားခါးမြို့သို့ ပြောင်း၍ဖွင့်လှစ်ပြီး ဖလမ်းမြို့ရှိ တိုင်းမင်းကြီးရုံးကိုလည်း ဟားခါးမြို့သို့ ပြောင်းကာဖွင့်လှစ်ခဲ့သည်။

၁၉၆၆ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ဟားခါးမြို့၌ ချင်းရေးရာဦးစီးအဖွဲ့ရုံးစိုက်ခဲ့ပြီး ချင်းဝိသေသတိုင်း၏ မြို့တော်ဖြစ်လာခဲ့သည်။[]

Remove ads

ပထဝီဝင်အနေအထား

မြောက်လတ္တီတွဒ် ၂၂ ဒီဂရီ ၀၁ မိနစ်နှင့် ၂၂ ဒီဂရီ ၅၀ မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၃၂ မိနစ်နှင့် ၉၄ ဒီဂရီ ၄၅ မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ ၃၆မိုင်၊ တောင်မှမြောက်သို့ ၄၅ မိုင်ရှိပြီး ၁၆၀၈ စတုရန်းမိုင် ကျယ်ဝန်းသည်။[]

နယ်နိမိတ်

ဟားခါးမြို့နယ်၏ အရှေ့ဘက်တွင် မကွေးတိုင်းဒေသကြီးရှိ ဂန့်ဂေါမြို့နယ်၊ တောင်ဘက်တွင် မတူပီမြို့နယ်၊ အနောက်ဘက်တွင် ထန်တလန်မြို့နယ်နှင့် မြောက်ဘက်တွင် ဖလမ်းမြို့နယ်များ တည်ရှိသည်။

မြေမျက်နှာသွင်ပြင်

ပင်လယ်ရေမျက်နှာပြင်အထက် ၆၁၂၀ ပေအထက်တွင် တည်ရှိသည်။ ပေ ၃၀၀၀ နှင့် ၈၀၀၀ ကျော်မြင့်သည့် တောင်ကုန်းတောင်စွယ်များ တည်ရှိသည်။ သီမြစ် (ခ)ဘွေနူးမြစ်သည် မြို့နယ်အတွင်း မြောက်မှတောင်သို့ စီးဆင်းနေသည်။ တောင်ကျချောင်း ပေါများပြီး ဟားခါးမြို့၏အရှေ့ဘက်ရှိ ဒေါင်ဗားချောင်းတွင် ရေအားလျှပ်စစ်ထုတ်လုပ်သည်။

Remove ads

လူဦးရေ

ဟားခါးမြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ချင်းလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ကိုးကွယ်မှုအနေဖြင့် ခရစ်ယာန်ဘာသာကို အများဆုံး ကိုးကွယ်ကာ ဗုဒ္ဓဘာသာကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။

စီးပွားရေး

ဟားခါးမြို့နယ်သည် ချင်းပြည်နယ်အတွင်းရှိ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အားနည်းသော မြို့နယ်ဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ ဒေသထွက်ကုန် ထွက်ရှိမှု အားနည်းခြင်းတို့ကြောင့် ဖြစ်သည်။

ဈေးများ

  • ဟားခါးမြို့မဈေး

လမ်းပန်းဆက်သွယ်ရေး

ဟားခါးမြို့နယ်တွင် ရဟတ်ယာဉ်ကွင်း ၂ကွင်းရှိသည်။ ရန်ကုန်၊ မန္တလေးနှင့် ကလေးမြို့များသို့ ခရီးသည်တင်ယာဉ်များရှိသည်။

ပညာရေး

အဆင့်မြင့်ပညာ

အခြေခံပညာ

အထက

အထက်တန်းကျောင်း ၁၄ ကျောင်းရှိသည်။

  1. အထက ၁
  2. အထက ၂
  3. အထက ၃
  4. အထက ၄
  5. အထက ဆူရ်ခွား
  6. အထက ချွန်ကျုံး

အထက(ခွဲ)/အလက

  • အလက (ထ(ခွဲ)) မြို့ဟောင်း
  • အလက (ထ(ခွဲ)) ဆတ္တား
  • အလက (ထ(ခွဲ)) ဈေးသစ်
  • အလက နှီရ်လောန်း
  • အလက ဇိုခွား
  • အလက ဒါအိုချိမ်း
  • အလက လုံရန်း
  • အလက သီနမ်း
  • အလက သီဖူးလ်
  • အလက ဘုံဇုံး
  • အလက ဘွန်လုံး
  • အလက လောက်လုံ

အမက

  • မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၇၄ ကျောင်းရှိသည်။
Remove ads

ကျန်းမာရေး

ဆေးရုံများ

  • ခုတင် (၂၀၀) ပြည်သူ့ဆေးရုံကြီး၊ ဟားခါးမြို့။
  • ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံ

အဓိကဖြစ်ရပ်များ

  • ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက် နံနက်ပိုင်းတွင် ချွန်ကျုံးရွာကို လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မိသားစုဝင်လေးဦး သေဆုံးခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ ၄ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သတင်းများက ဖော်ပြသည်။[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads