ထန်တလန်မြို့နယ်
ချင်းပြည်နယ် မြောက်ပိုင်းမြို့နယ် From Wikipedia, the free encyclopedia
Remove ads
ထန်တလန်မြို့နယ် သည် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ဟားခါးခရိုင်တွင် ပါဝင်သည့်မြို့နယ်တစ်ခုဖြစ်သည်။[၂]မြို့နယ်ရုံးစိုက်ရာမြို့မှာ ထန်တလန်မြို့ ဖြစ်သည်။
Remove ads
သမိုင်းကြောင်း
နယ်ချဲ့တို့လက်ထက်တွင် ချင်းပြည်နယ်၏ အခြားဒေသများနည်းတူ နယ်စပ်စော်ဘွား၊ ရွာစားများမှ အုပ်ချုပ်ခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် စော်ဘွား၊ ရွာစားများထံမှ အာဏာကို ရုပ်သိမ်းကာ တိုက်သူကြီး၊ သူကြီးတို့က အုပ်ချုပ်ခဲ့သည်။ ဖလမ်းခရိုင်အတွင်းရှိ ဟားခါးမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၇၄ ခုဖြင့် ဖွဲ့စည်းခဲ့သည်။ ၁၉၇၂ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့တွင် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနမှ ဟားခါးမြို့နယ်အနောက်ပိုင်းရှိ ကျေးရွာအုပ်စု ၃၈ ခုကို သီးခြားမြို့နယ်အဖြစ် သတ်မှတ်ကာ မြို့မရပ်ကွက် ၁ ခု၊ ကျေးရွာအုပ်စု ၃၇ ခုတို့ဖြင့် ထန်တလန်မြို့နယ်အဖြစ် ဖွဲ့စည်းခဲ့သည်။ ၂၀၀၈ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ရပ်ကွက် ၃ ခု၊ကျေးရွာအုပ်စု ၃၇ ခုဖြင့် တိုးချဲ့ဖွဲ့စည်းခဲ့သည်။ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့တွင် ထိုကျေးရွာအုပ်စုအတွင်းမှ နာဟရိန်ကျေးရွာအုပ်စုအား မြို့အဖြစ်သတ်မှတ်ခဲ့၍ ထန်တလန်မြို့နယ်တွင် မြို့(၂)မြို့ ဖြစ်လာခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ဟားခါးမြို့နယ်နှင့် ထန်တလန်မြို့နယ်ကို ဖလမ်းခရိုင်မှခွဲထုတ်ကာ ဟားခါးခရိုင်အဖြစ် ဖွဲ့စည်းခဲ့သည်။[၃]
Remove ads
ပထဝီဝင်အနေအထား
မြောက်လတ္တီတွဒ် ၂၂ ဒီဂရီ ၅ မိနစ်နှင့် ၂၃ ဒီဂရီ ၁၁ မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၆ မိနစ်နှင့် ၉၃ ဒီဂရီ ၂၈ မိနစ်အကြားတွင် တည်ရှိသည်။ ဧရိယာ စတုရန်းမိုင်ပေါင်း ၁၃၇၀.၁၃ စတုရန်းမိုင် ကျယ်ဝန်းသည်။[၃]
နယ်နိမိတ်
ထန်တလန်မြို့နယ်၏ အရှေ့ဘက်တွင် ဟားခါးမြို့နယ်၊ တောင်ဘက်တွင် မတူပီမြို့နယ်၊ အနောက်ဘက်တွင် အိန္ဒိယနိုင်ငံရှိ မိဇိုရမ်ပြည်နယ်၊ မြောက်ဘက်တွင် ဖလမ်းမြို့နယ်များ တည်ရှိသည်။[၄]
မြေမျက်နှာသွင်ပြင်
ပင်လယ်ရေမျက်နှာပြင်အထက် ၄၉၆၂ ပေအထက်တွင် တည်ရှိသည်။ တောင်တန်းများ ပေါများပြီး သစ်တောများဖြင့် ဖုံးလွှမ်းနေသည်။ အနောက်ရိုးမတောင်တန်းရှိ သက်နုမြေသားဖြစ်ပြီး မြစ်ချောင်းများ နည်းပါးသည်။ ဘွေနူးမြစ်နှင့် တီအိုချောင်းတို့မှာ နယ်ခြားမြစ်ချောင်းများဖြစ်သည်။
Remove ads
လူဦးရေ
တီးတိန်မြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ချင်းလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ဗမာလူမျိုးများ အစဉ်လိုက် များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ခရစ်ယာန်ဘာသာကို အများဆုံး ကိုးကွယ်ကာ ဗုဒ္ဓဘာသာကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။
စီးပွားရေး
ထန်တလန်မြို့နယ်သည် ချင်းပြည်နယ်အတွင်းရှိ စီးပွားရေးဖွံ့ဖြိုးမှုနှေးကွေးသော မြို့နယ်ဖြစ်သည်။ မြို့နယ်နေလူထုသည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြသည်။ မြို့နယ်အတွင်း ငရုတ်အနည်းငယ်ထွက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်သို့ အဓိကတင်ပို့သည်။
ဈေးများ
- ထန်တလန်မြို့မဈေး
ပို့ဆောင်ဆက်သွယ်ရေး
ထန်တလန်မြို့နယ်သည် ကုန်းလမ်းတစ်ခုသာသွားလာနိုင်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည်။
ပညာရေး
အခြေခံပညာ
အထက
အထက်တန်းကျောင်း ၄ကျောင်းရှိသည်။
- အထက ၁
- အထက ၂
- အထက နှာရိန်
- အထက ဟရီဖီး
အထက(ခွဲ)/အလက
- အလက (ထ(ခွဲ)) အိုင်ဘူရ်
- အလက (ထ(ခွဲ)) တလန်ပီး
- အလက (ထ(ခွဲ)) ငါဖိုင်ပီး
- အလက (ထ(ခွဲ)) ဇဲဖိုင်
- အလက (ထ(ခွဲ)) ဖာရွန်
- အလက (ထ(ခွဲ)) တလန်ခွာ
- အလက (ထ(ခွဲ)) မှောင်တလန်
- အလက (ထ(ခွဲ)) သီကီရ်
- အလက (ထ(ခွဲ)) ဟရိန်ခန်း
- အလက (ထ(ခွဲ)) လုံလဲရ်
- အလက ခွာဘုံ
- အလက ထာအို
- အလက ဘဲလ်ဟာရ်
- အလက လုံကျွဲပီ
- အလက သီဆဲင်
- အလက လုံကျွဲသဲ
- အလက ထန်ဇန်
- အလက ဒေါန်
- အလက ဝေါင်သူး
- အလက ကြောင်ထီးယား
- အလက ရှာလမ်
- အလက လိုင်လင်း
- အလက ဆလဲင်း
- အလက ခွာဟရန်း
အမက
မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၈၅ ကျောင်းရှိသည်။
Remove ads
ကျန်းမာရေး
ဆေးရုံများ
- ထန်တလန် ပြည်သူ့ဆေးရုံ
- မှောင်တလန် တိုက်နယ်ဆေးရုံ
- လုံလဲရ် တိုက်နယ်ဆေးရုံ
- နှာရိန် တိုက်နယ်ဆေးရုံ
- သီကီရ် တိုက်နယ်ဆေးရုံ
အထင်ကရပုဂ္ဂိုလ်များ
- ဦးဟင်နရီဗန်ထီးယူ - မြန်မာနိုင်ငံ ဒုတိယသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူသည် ထန်တလန်မြို့နယ်၊ သီကီရ်ရွာတွင် ၁၉၅၈ ခုနှစ်၌ မွေးဖွားခဲ့သည်။
- ဒေါက်တာမှုထန် - နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်သည် ထန်တလန်မြို့နယ်၊ ကြောင်ထီယားရွာတွင် မွေးဖွားခဲ့သည်။
ကိုးကား
ပြင်ပလင့်ခ်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads