ဘန်ကောက် လေကြောင်းလိုင်း
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အခြေစိုက် ဒေသတွင်း လေကြောင်းလိုင်း From Wikipedia, the free encyclopedia
Remove ads
ဘန်ကောက်လေကြောင်းလိုင်း အများပြည်သူပိုင် ကုမ္ပဏီ လီမိတက် (အင်္ဂလိပ်: Bangkok Airways Public Company Limited; ထိုင်း: บางกอกแอร์เวย์) သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ရုံးချုပ်ဖွင့်လှစ်ကာ ဒေသတွင်းနိုင်ငံများသို့ ပျံသန်းလျက်ရှိသည် လေကြောင်းလိုင်းဖြစ်သည်။ ဘန်ကောက် လေကြောင်းလိုင်းသည် ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ချ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ တရုတ်နိုင်ငံ၊ လာအိုနိုင်ငံ၊ မောဒိုက်နိုင်ငံ၊ မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံ နှင့် စင်ကာပူနိုင်ငံတို့ အကြား ပျံသန်းလျက်ရှိသည်။ အဓိက အခြေစိုက် လေယာဉ်ကွင်းမှာ ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ် ဖြစ်သည်။ လေကြောင်းလိုင်းများ အဆင့်သတ်မှတ်ချက်ပေးသည့် စကိုင်းထရက်စ် မှ ဘန်ကောက်လေကြောင်းလိုင်းကို အဆင့်မြှင့်လေကြောင်းလိုင်းအဖြစ် နှစ်စဉ်အသိအမှတ် ပြုခံရသည်။ ယခုအခါ ကြယ် ၄ ပွင့်အဆင့်ရှိ လေကြောင်းလိုင်းအဖြစ် သတ်မှတ်ခြင်း ခံထားရသည်။
Remove ads
သမိုင်း
လေကြောင်းလိုင်းကို ၁၉၆၈ ခုနှစ်တွင် ဆာဟာကော လေကြာင်းလိုင်းအဖြစ် စတင်တည်ထောင်ခဲ့ပြီး ၁၉၈၆ ခုနှစ်မှာပင် စတင်ပျံသန်းခဲ့သည်။ ထိုင်းနိုင်ငံ၏ ပထမဦးဆုံး ပုဂ္ဂလိကပိုင် လေကြောင်းလိုင်း ဖြစ်ခဲ့သည်။ ၁၉၈၉ ခုနှစ်တွင်မှ ဘန်ကောက် လေကြောင်းလိုင်းအဖြစ် နာမည်ပြောင်းလဲခဲ့သည်။ လေကြောင်းလိုင်းတွင် ဝန်ထမ်းပေါင်း ၁၉၀၃ ယောက် အလုပ်ခန့်ထားသည်။ ကမ္ဘောဒီးယားနိုင်ငံ စီရန်ရိ လေကြောင်းလိုင်းကိုလည်း ဘန်ကောက်လေကြောင်းလိုင်းက ပိုင်ဆိုင်သည်။
ဘန်ကောက်လေကြောင်းလိုင်းသည် ကိုယ်ပိုင်လေဆိပ်ကို ကိုဆာပူ တွင် ၁၉၈၉ ခုနှစ် ဧပြီတွင် ဖွင့်လှစ်ခဲ့ပြီး ချင်းမိုင်၊ ဟောင်ကောင်၊ ခရာဘီ၊ ဖူးခတ် နှင့် စင်ကာပူ အကြား ပျံသန်းခဲ့သည်။ ထို့နောက် ဒုတိယ ကိုယ်ပိုင်လေဆိပ်ကို ဆပ်ဟိုထိုင်းခရိုင်တွင် ၁၉၉၆ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ တတိယ လေဆိပ်ကို ထရပ် ခရိုင်တွင် ၂၀၀၃ ခုနှစ် မတ်လတွင် ဖွင့်လှစ်ခဲ့သည်။
၂၀၀၀ ပြည့်နှစ်တွင် ဘိုးရင်း ၇၁၇ နှင့်အတူ ဂျက်လေယာဉ်လောကကို ဘန်ကောက်လေကြောင်းလိုင်း စတင်ဝင်ရောက်ခဲ့သည်။ ယခင်က အေတီအာ-၇၂ လေယာဉ်ကို အဓိကထားတာ ဖော်ကာလေယာဉ်များနှင့်သာပျံသန်းနေခြင်း ဖြစ်သည်။ ၂၀၀၄ ခုနှစ်တွင် အဲဘတ်စ် အေ၃၂၀ များဖြင့် ထပ်မံအားဖြည့်ခဲ့သည်။
ဘန်ကောက်လေကြောင်းလိုင်းသည် လေယာဉ်များကို တိုးချဲ့ရန် ရည်ရွယ်ချက်ဖြင့် ကိုယ်ထည်ကြီးမားသည့် လေယာဉ်များကို မှာယူရန် စီစဉ်ခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် အဲဘတ်စ် အေ၃၃၀၊ အဲဘတ်စ် အေ၃၄၀ နှင့် ဘိုးရင်း ၇၈၇ ကဲ့သို့ ကိုယ်ထည်ကြီးမားသည့် ဂျက်လေယာဉ်ကြီးများကို လန်ဒန်၊ အိန္ဒိယ၊ ဂျပန်နိုင်ငံများသို့ ပျံသန်းရန် စီစဉ်ခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ခရီးသည် ၂၅၈ ယောက်ဆန့် အဲဘတ်စ် အေ၃၅၀-၈၀၀ (၆) စီး မှာယူခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် အရောက်ပို့ရန် မှာယူခဲ့သည်။ သို့သော် အခြားအဲဘတ်စ် လေယာဉ်များ နောက်ကျမှုကြောင့် ၂၀၁၁ ခုနှစ်တွင် အမှာစာကို ဖျက်သိမ်းခဲ့သည်။
Remove ads
ပျံသန်းရာမြို့များ
ဘန်ကောက် လေကြောင်းလိုင်းသည် အောက်ဖော်ပြပါ မြို့များသို့ ပျံသန်းလျက်ရှိသည်။ (၂၀၁၂ အထိ)
အခြေစိုက် | |
အနာဂတ် | |
အသားပေး | |
ရပ်ဆိုင်း |
ပူပေါင်းခြင်း စာချုပ်
ဘန်ကောက်လေကြောင်းလိုင်းသည် အောက်ဖော်ပြပါ လေကြောင်းလိုင်းများနှင့် ပူးပေါင်းထားသည်။
- Aeroflot [၅]
- အက်စ်တန်နာ လေကြောင်းလိုင်း[၆]
- ဘာလင် လေကြောင်းလိုင်း
- ပြင်သစ် လေကြောင်းလိုင်း
- ဗြိတိသျှ လေကြောင်းလိုင်း[၇]
- ကာတေး ပစိဖိတ် လေကြောင်းလိုင်း
- အဲမရိတ် လေကြောင်းလိုင်း[၈]
- အိဟိတ် လေကြောင်းလိုင်း
- အီဗာ လေကြောင်းလိုင်း
- ဖင်း လေကြောင်းလိုင်း
- ဂါလုဒါ အင်ဒိုနီးရှား လေကြောင်းလိုင်း
- ဂျပန် လေကြောင်းလိုင်း[၉]
- KLM
- လာအို လေကြောင်းလိုင်း
- မလေးရှား လေကြောင်းလိုင်း[၁၀]
- ကွမ်းတပ်စ် လေကြောင်းလိုင်း
- ကာတာ လေကြောင်းလိုင်း[၁၁]
- ဆစ်အဲ လေကြောင်းလိုင်း
- ထိုင်း လေကြောင်းလိုင်း
၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ဘန်ကောက်လေကြောင်းလိုင်းသည် တရုတ်နိုင်ငံ၊ မြန်မာနိုင်ငံ နှင့် ဗီယက်နမ် နိုင်ငံတို့ကိုတိုးချဲ့ပျံသန်းမည့် အစီအစဉ်ကို ကြော်ငြာခဲ့သည်။
Remove ads
လေယာဉ်အရေအတွက်
ဘန်ကောက်လေကြောင်းလိုင်းတွင် အောက်ဖော်ပြပါ လေယာဉ်များကို ပိုင်ဆိုင်သည်။
၂၀၁၅ ခုနှစ် ဒီဇင်ဘာအထိ ဘန်ကောက်လေကြောင်းလိုင်းသည် အောက်ဖော်ပြပါ လေယာဉ်များကို ပိုင်ဆိုင်သည်။
ယခင်လည်ပတ်ခဲ့သမျှ
Bangkok Airways has operated the following equipment:
- ATR 42-300 (1997–2001)
- Boeing 717 (2000–2009)
- de Havilland Canada Dash 8-100/300 (1989–1996)
- Fokker 100 (1992–1993)
- McDonnell Douglas MD-90-30 (2008–2008)
- Embraer EMB-110P2 Bandeirante (???? - ????)
Incidents and accidents
- On 7 December 1987, Sahakol Air Hawker Siddeley HS 748 Series 2A (registration HS-THH), was damaged beyond repair after it overran the runway on landing at Udon Thani Airport (UTH) with no fatalities.[၁၄]
- On 21 November 1990, Bangkok Airways flight 125 de Havilland Canada DHC-8-103 crashed on Koh Samui while attempting to land in heavy rain and high winds. All 38 people on board perished.[၁၅]
- In August 2002 an ATR 72-200 skidded off the runway while landing at Siem Reap International Airport. There were no injures. The airport was closed for 2 days.
- On 4 August 2009, Bangkok Airways Flight 266, operated by an ATR-72 between Krabi and Ko Samui skidded off the runway, killing one of the pilots. The 68 passengers were evacuated.[၁၆] Of the passengers evacuated, 6 sustained serious injuries while another 4 were treated for minor injuries.[၁၇]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads