သက်ပုံ

မြန်မာ့တပ်မတော် ဗိုလ်ချုပ်ကြီး From Wikipedia, the free encyclopedia

Remove ads

ဦးသက်ပုံ (ကြည်း ၂၀၇၃၅) သည် မြန်မာတပ်မတော် ထိပ်တန်းအရာရှိကြီးတစ်ဦးဖြစ်သည်။သူသည် အမှတ် (၅) စစ်ဆင်ရေး အထူးအဖွဲ့မှူးအမှတ်(၆)စစ်ဆင်ရေးအထူးအဖွဲ့မှူး နှင့် တပ်မတော်စစ်ဆေးရေးအရာရှိချုပ် တို့ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

အချက်တိုများ သက်ပုံ, တပ်မတော်စစ်ဆေးရေးအရာရှိချုပ် ...
Remove ads

စစ်မှုထမ်းဘဝ

သက်ပုံ သည် စစ်တက္ကသိုလ် အပတ်စဉ် ၂၉ ဖြင့် ကျောင်းဆင်းခဲ့သူ ဖြစ်သည်။[]သူသည် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် အမှတ်(၅) စစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ် ခန့်အပ်ခံရသည်။

သူသည် အတိုကောက် ကစထ(၅)မှူး တာဝန်ကို တည်ငြိမ်စွာဖြင့် ရှည်ကြာစွာထမ်းဆောင်ခဲ့ရသူလည်း ဖြစ်သည်။[]

၂၀၂၅ ခုနှစ်၊ဇန်နဝါရီ တွင် ထိုတာဝန်မှ နေပြည်တော်အခြေစိုက် ကစထ(၆)မှူး အဖြစ်သို့လည်းကောင်း[]၊ထိုမှ မတ်လ တွင် တပ်မတော်စစ်ဆေးရေးအရာရှိချုပ် အဖြစ်သို့ လည်းကောင်း ရာထူးပြောင်းရွှေ့ထမ်းဆောင်ခဲ့သည်။[]

၂၀၂၅ မြန်မာ ငလျင်ကြီး လှုပ်ခတ်ပြီး‌နောက် သူသည် စစ်ကိုင်းမြို့ ငလျင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများ ‌ ဆောင်ရွက်ရန် တာဝန်ပေးအပ်ခြင်း ခံရသည်။[]

၂၀၂၅ ခုနှစ်၊စက်တင်ဘာတွင် စစ်ဘက်ရာထူးများမှ အနားယူခဲ့ပြီး[]၊စစ်ကိုင်းမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ဖြင့် ၂၀၂၅ အထွေထွေရွေးကောက်ပွဲဝင်ရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သို့ ဝင်ရောက်ခဲ့သည်။[]

Remove ads

ပုဂ္ဂိုလ်ရေးဘဝ

အိမ်ထောင်ဖက်မှာ ဒေါ်နှင်းနှင်းအိ ဖြစ်ပြီး သားနှစ်ဦး ရှိသည်။[]

အရေးယူပိတ်ဆို့ခံရမှုများ

ဥရောပသမဂ္ဂ၊ ဆွစ်ဇာလန်နှင့် ကနေဒါနိုင်ငံတို့သည် သက်ပုံအား လူ့အခွင့်အရေးဖောက်ဖျက်မှုနှင့် အရပ်သားများအပေါ် ပြစ်မှုကျူးလွန်ခဲ့ခြင်းကြောင့် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့သည်။[၁၀][၁၁]

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads