အမေရိကန်ပြည်ထောင်စု၏ အလံတော်
နိုင်ငံတော်အလံ From Wikipedia, the free encyclopedia
Remove ads
အမေရိကန်ပြည်ထောင်စု၏ ကြယ်နှင့် အစင်းများ ပါသောအလံ စတင်ပေါ်ပေါက်လာပုံမှာ အမေရိကန် ပြည်ထောင်စု၏ ရှေးလွန်ခဲ့သော သမိုင်းကြောင်းနှင့် ဆက်စပ်နေ၏။ ဦးစွာ၌ အမေရိကန်လူမျိုးတို့သည် အင်္ဂလိပ်အလံကို အသုံးပြုကြ၏။ သို့ရာတွင် ၁၇၇၇ ခုနှစ်၌ ကွန်ဂရက်လွှတ်တော်က ပြည်ထောင်စုဝင်နယ် ၁၃ နယ်၏ အလံသည် အဖြူနှင့် အနီတစ်လှည့်စီဖြစ်သော အစင်း ၁၃ စင်း၊ လက်ဝဲဘက်အထက်ထောင့်၌ အပြာရောင်အခန်းတွင် ကြယ်ဖြူ ၁၃ ပွင့် ဖြစ်စေရမည်ဟု ဆုံးဖြတ်လိုက်သဖြင့် ကြယ်နှင့် အစင်းများပါသော အလံ ပေါ်လာသည်။ နောင်သော် အစင်း ၁၃ စင်းမှာ မူရင်း ၁၃ နယ်ကို ပြညွှန်းသည့်သဘောဖြစ်လာ၍ ပြည်ထောင်စုတွင် ပြည်နယ်တစ်နယ် တိုးလာတိုင်း တိုးလာတိုင်း နိုင်ငံတော်၏ အလံတွင် ကြယ်ပွင့် တစ်ပွင့် ထပ်၍ ထပ်၍ ထည့်သွင်းကြလေသည်။ ယခုအမေရိကန်အလံတွင် ပြည်နယ် ၅၀ ရှိသောကြောင့် ကြယ်အလုံး ၅၀ ရှိသည်။

အမေရိကန်အလံများ၏ ထူးခြားချက်မှာ အမေရိကန်အစိုးရမှ တရားဝင်အတည်ပြုထားသော မည်သည့်အလံမဆို အလံပျက်သည်အထိလွှင့်ထူနိုင်သည်။ ဆိုလိုသည်မှာ ယခင်အသုံးပြုခဲ့သော အလံဟောင်းများကိုလည်း လွှင့်ထူနိုင်သည်။[၁]

Remove ads
သမိုင်းတစ်လျှောက်အလံပြောင်းလဲပုံဇယား
Remove ads
နောင်ဖြစ်လာနိုင်မည့်အလံသစ်

အမေရိကန်ပြည်တွင်းတွင် နောက်ဖြစ်ပေါ်လာမည့်ပြည်နယ်အသစ်နှင့် ပက်သက်၍စိတ်ဝင်စားလျက်ရှိကြသည်။ အထူးအဖြင့် ဝါရှင်တန်ဒီစီကို ၅၁ ခုမြောက်ပြည်နယ်အဖြစ် ပြည်သူများကလိုလားကြသည်။ ပြည်နယ်အသစ်တိုးခြင်းနှင့်ပတ်သက်၍ လွှတ်တော်များ၌ အဆိုပြုတင်သွင်းခဲ့သော်လည်း အတည်ပြုမှုမရှိခဲ့ပေ။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads