အောင်မျိုးမြင့်
မြန်မာ သံအမတ်ကြီးများ From Wikipedia, the free encyclopedia
Remove ads
ဦးအောင်မျိုးမြင့်(၂၆ ဇွန် ၁၉၆၄ ဖွား) သည် လက်ရှိတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အာဆီယံဆိုင်ရာအမြဲတမ်းကိုယ်စားလှယ် အဖြစ်တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။[၂] ၎င်းသည် ထိုရာထူးနေရာတွင် မခန့်အပ်ခံရမှီ နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သည်။
Remove ads
ငယ်ဘဝနှင့်ပညာရေး
ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်တွင် မွေးဖွားခဲ့သည်။ငယ်စဉ်က ဇလွန်မြို့နယ်တွင်ပင် ပညာသင်ကြားသည်။ယင်းနောက် ရန်ကုန်တက္ကသိုလ်တွင် ပညာဆက်လက် ဆည်းပူးသည်။ ၁၉၈၄ ခုနှစ်တွင် အင်္ဂလိပ်စာဘာသာအထူးပြုဖြင့် ဘွဲ့ရရှိသည်။ ဂျပန်နိုင်ငံ Tsubuka တက္ကသိုလ်မှ နေ၍လည်း အရှေ့တောင်အာရှလေ့လာမှုဆိုင်ရာမစ္စတာဘွဲ့အား ၂၀၀၅ခုနှစ်တွင် ရရှိထားသည်။
ဝန်ထမ်းဘဝ
ဦးအောင်မျိုးမြင့်သည် ၁၉၈၆ ခုနှစ်ကစပြီး မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် သံတမန်အဖြစ် စတင်လုပ်ကိုင်ခြင်းဖြင့် ဝန်ထမ်းဘဝကို စတင်သည်။
တာဝန်ထမ်းဆောင်ခဲ့မှုများ
၁၉၉၁ - ၉၃ ကာလ၌ အိန္ဒိယနိုင်ငံ နယူးဒေလီ ရှိ မြန်မာသံရုံးတွင် တတိယအတွင်းဝန်အဖြစ် အမှုထမ်းသည်။
၁၉၉၃ - ၂၀၀၃ အချိန်များကို နီပေါနိုင်ငံ ခတ္တမန္ဒူရှိ မြန်မာသံရုံးတွင် ဒုတိယအတွင်းဝန်နှင့် ပထမအတွင်းဝန်အဖြစ် တာဝန်ယူသည်။
၂၀၀၅ - ၂၀၀၈ အတွင်း တရုတ်နိုင်ငံ ပေကျင်းရှိ မြန်မာသံရုံးတွင် ပထမအတွင်းဝန်နှင့် ကောင်စစ်ဝန်အဖြစ် လုပ်ကိုင်သည်။
၂၀၁၁-၂၀၁၃ တွင် ဘရာဇီးရှိ မြန်မာသံရုံးတွင် ကောင်စစ်ဝန်နှင့်သံရုံးတာဝန်ခံအဖြစ် ဆောင်ရွက်သည်။
၂၀၁၈-၂၀၁၉ တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်(ဂျီနီဗာမြို့) အဖြစ် တာဝန်ပေးခံရသည်။
ထိုသို့တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီး ဌာနတွင် လက်ထောက်ညွှန်ကြားရေးမှူး(၂၀၀၃-၂၀၀၅) တာဝန်အားလည်းကောင်း၊ အာဆီယံရေးရာရာဦးစီးဌာန တွင် ဒုတိယညွှန်ကြားရေးမှူး (၂၀၀၈-၂၀၁၁)တာဝန်အားလည်းကောင်း ယင်းနောက် အာဆီယံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး (၂၀၁၄-၂၀၁၆)အဖြစ်လည်းကောင်း တာဝန်များအသီးသီးပေးအပ်ခံရသည်။[၃]
ဆက်လက်၍ အာဆီယံရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ်[၄] ခန့်အပ်ခြင်းခံရကာ ၂၀၁၉ နောက်ပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်လာသည်။[၅]
၂၀၂၀ ဖေဖော်ဝါရီတွင် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖြစ် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် [၆]က ခန့်အပ်ခဲ့ကာ ဦးအောင်မျိုးမြင့်က ၎င်း၏ ခန့်အပ်လွှာကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၃ ရက်နေ့တွင် ဂျကာတာမြို့၌ အာဆီယံအတွင်းရေးမှူးချုပ် ဒါတိုလင်ကျောက်ဟွိုင်ထံ ပေးအပ်သည်။[၇]
Remove ads
ရရှိခဲ့သောဆု
တရားဥပဒေစိုးမိုးရေးဆု (၁၉၉၄)၊ ဝန်ထမ်းကောင်းဆု (၂၀၀၆)၊ နှင့် ထူးချွန်ဝန်ထမ်းဆု (၂၀၁၉)တို့ဖြစ်သည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads