အေးသာယာမြို့
From Wikipedia, the free encyclopedia
Remove ads
အေးသာယာမြို့ သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်တွင် တည်ရှိသည်။ ၁၉၈၉ခုနှစ်တွင် တောင်ကြီးမြို့မှခွဲထွက်၍ တောင်ကြီးမြို့သစ်အဖြစ် မြို့ပေါ်ရပ်ကွက်၁၂ခု ဖြင့်ဖွဲ့စည်းတည်ထောင်ခဲ့သည်။ အေးသာယာမြို့သည် တောင်ကြီးမြို့၏ မြို့သစ်ဟုလည်း သတ်မှတ်သည့်အလျောက် တောင်ကြီးမြို့၏ အဝေးပြေးကွင်း၊ စက်မှုဇုန်၊ ဂေါက်ကွင်း၊ ကုန်ကားကြီးဂိတ်များလည်းရှိသည်။ ယခုအခါ အေးသာယာမြို့တွင် ပအိုဝ်း ၊ဗမာ ၊ထနော့(ပအိုဝ်းတနိုး)၊ရှမ်း ၊အင်းသား ၊တောင်ရိုး ၊ဓနု ၊လီဆူ၊ကရင်၊ကရင်နီ စသော တိုင်းရင်းသားများ အပြင် မွတ်ဆလင်များ၊ တရုတ်နွယ်ဖွားများနှင့်ဂေါ်ရခါးလူမျိုးများလည်း စုံလင်စွာ နေထိုင်ကြသည်။ [၁][၂] နည်းပညာတက္ကသိုလ်(တောင်ကြီး) သည် ဤအေးသာယာမြို့တွင် တည်ရှိသည်။[၃]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads