၁၉၉၀ အာရှ အားကစားပြိုင်ပွဲ
From Wikipedia, the free encyclopedia
Remove ads
၁၉၉၀ အာရှအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 1990 Asian Games) သည် တရုတ်နိုင်ငံ၊ ပေကျင်းမြို့ ၌ ၁၉၉၀ပြည့်နှစ် စက်တင်ဘာ ၂၂ရက်နေ့မှ အောက်တိုဘာ ၇ရက်နေ့အထိ ကျင်းပခဲ့သော ၁၁ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ တရုတ်နိုင်ငံသည် အာရှအားကစားပြိုင်ပွဲကို ပထမဆုံးအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ တရုတ်နိုင်ငံ၏ သမ္မတ ယန်ရှန်ကွန်မှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။
နိုင်ငံ (၃၆)နိုင်ငံမှ အားကစားသမား (၆,၁၂၂)ဦးတို့သည် အားကစားနည်း (၂၇)မျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို အလုပ်သမား အားကစားကွင်းတွင် ကျင်းပခဲ့သည်။ တရုတ်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ တို့က နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။
ထိုင်ဝမ်သည် တရုတ် (ထိုင်ပေ) အနေဖြင့် အာရှအားကစားပြိုင်ပွဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ယခုပွဲတော်သည် တရုတ်နိုင်ငံ၏ အားကစား ကွင်း၊ ရုံများကို အဆင့်မြှင့်တင်မှု၏ အစဖြစ်သည်။ ထို့နောက် ၁၉၉၃ခုနှစ်တွင် ၂၀၀၀ နွေရာသီ အိုလံပစ်ပြိုင်ပွဲ အတွက် အိမ်ရှင်လျှောက်ထားခဲ့သည်။ သို့သော် ရှုံးနိမ့်ခဲ့ပြီး ၂၀၀၈ပွဲတော်ကိုသာ လက်ခံကျင်းပနိုင်ခဲ့သည်။
Remove ads
လက်ခံကျင်းပခြင်း
အိမ်ရှင်ရွေးချယ်ခြင်း
၁၉၈၃ခုနှစ်တွင် အာရှရှိ မြို့နှစ်မြို့ဖြစ်သော ပေကျင်းမြို့နှင့် ဟီရိုရှီးမားမြို့တို့သည် ၁၉၉၀ပွဲတော်ကို လက်ခံကျင်းပရန် စိတ်ဝင်စားခဲ့သည်။ ထို့နောက် မဲပေးရွေးချယ်ခဲ့ကြရာ ပေကျင်းမြို့က အနိုင်ရခဲ့သည်။[၂] သို့သော် ဟီရိုရှီးမားသည် မြင့်မားသော နည်းပညာပိုင်းဆိုင်ရာများ ပါဝင်သည့် အိမ်ရှင်လျှောက်လွှာကို တင်သွင်းခဲ့သဖြင့် ၁၉၉၄ပွဲတော်ကို ကျင်းပခွင့် ရခဲ့သည်။
အားကစားကွင်းများ
- အလုပ်သမား အားကစားကွင်း (ဖွင့်ပွဲ၊ ပိတ်ပွဲ၊ ဘောလုံး -အမျိုးသား)
- အလုပ်သမား အားကစားရုံ (စားပွဲတင်တင်းနစ်)
- ပေကျင်းသေနတ်ပစ်ကွင်း (မြားပစ်၊ သေနတ်ပစ်)
- ပေကျင်း ဂေါက်ကွင်း (ဂေါက်)
- ပေကျင်း အားကစားရုံ (ကြက်တောင်ရိုက်)
- ပေကျင်းအားကစားတက္ကသိုလ် အားကစားရုံ (လက်ဝှေ့)
- ပေကျင်း နိုင်ငံတကာ တင်းနစ်ကွင်း (တင်းနစ်)
- ပေကျင်းတက္ကသိုလ် ကျောင်းသားအားကစားရုံ (ဘတ်စကက်ဘော)
- ပေကျင်း ရေကူးကန် (ဝါတာပိုလို)
- ကယ်ပီတယ် ကာယပညာသိပ္ပံ အားကစားကွင်း (Kabaddi)
- ချာယောင်း အားကစားရုံ (ဘော်လီဘော)
- ကယ်ပီတယ် မိုးလုံလေလုံအားကစားရုံ (ကျွမ်းဘား၊ ဘတ်စကက်ဘော၊ ဘော်လီဘော)
- ချန်ပင် စက်ဘီးစီးအားကစားကွင်း (စက်ဘီးစီး - track)
- ဒီတန်အားကစားရုံ (အလေးမ)
- ဖန်တိုင် အားကစားရုံ (ပိုက်ကျော်ခြင်း)
- ဖန်တိုင် ဘေ့စ်ဘောကွင်း (ဘေ့စ်ဘော)
- ဖန်တိုင် အားကစားကွင်း (ဘောလုံး - အမျိုးသား)
- Guangcai အားကစားရုံ (ဓားသိုင်း)
- ဟိုင်ဒန် အားကစားရုံ (ဝူရှူး)
- ဟိုင်ဒန်အားကစားကွင်း (ဘောလုံး - အမျိုးသမီး)
- ဂျင်ဟိုင်ရေကန် (ကနူးလှေ၊ လှေလှော်)
- အိုလံပစ် အားကစားကွင်း (ပြေးခုန်ပစ်)
- အိုလံပစ် အားကစားရုံ (Handball)
- အိုလံပစ် ဟော်ကီကွင်း (ဟော်ကီ)
- Qinhuangdao Marine အားကစားကွင်း (ရွက်လှေ)
- ရှီကျင်ဆန်း အားကစားကွင်း (ဘောလုံး - အမျိုးသမီး)
- ရှီကျင်ဆန်း အားကစားရုံ (နပန်း)
- Xiannongtan အားကစားကွင်း (ဘောလုံး - အမျိုးသား)
- Ying Tung Natatorium (ဒိုင်ဗင်၊ ရေကူး)
- ယူတန်အားကစားရုံ (ဂျူဒို)
- Huairou-Miyun and Changping Xiezishi အဝေးပြေးလမ်း (စက်ဘီးစီး - road)
Remove ads
ပြိုင်ပွဲအထိမ်းအမှတ်များ
အထိမ်းအမှတ်တံဆိပ်
၁၉၉၀ အာရှအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ တရုတ်နိုင်ငံ မဟာတံတိုင်းကို ပုံဖော်ထားသည်။ အပေါ်တွင် အာရှအိုလံပစ်ကောင်စီ၏ အမှတ်အသားဖြစ်သော နေဝန်းနီကြီး ပါဝင်သည်။
လာဘ်ကောင်
၁၉၉၀ အာရှအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်လာဘ်ကောင်မှာ ပန်ပန် ဟုအမည်ရသော ပန်ဒါဝက်ဝံဖြစ်သည်။
တံဆိပ်ခေါင်း
၁၉၈၈၊ ၁၉၈၉ နှင့် ၁၉၉၀ ပြည့်နှစ်များတွင် တံဆိပ်ခေါင်း အတွဲလိုက် (၃)တွဲ ထုတ်ဝေခဲ့သည်။ ၁၉၈၈ခုနှစ် ဇူလိုင် ၂၀ရက်နေ့တွင် ထုတ်ဝေခဲ့သော တံဆိပ်ခေါင်းများမှာ အထိမ်းအမှတ်တံဆိပ်နှင့် လာဘ်ကောင်တို့ ဖြစ်သည်။ ၁၉၈၉ခုနှစ် ဒီဇင်ဘာ ၁၅ရက်နေ့တွင် ထုတ်ဝေခဲ့သော တံဆိပ်ခေါင်းများမှာ ပြိုင်ပွဲကျင်းပမည့် အားကစားကွင်းများအနက် ထင်ရှားသော အားကစားကွင်း (၄)ခုပုံများ ဖြစ်သည်။ အားကစားပြိုင်ပွဲ ဖွင့်ပွဲနေ့ဖြစ်သော ၁၉၉၀ပြည့်နှစ် စက်တင်ဘာ ၂၂ရက်နေ့တွင် အားကစားနည်းများကို သရုပ်ဖော်ထားသော ပုံများပါသည့် တံဆိပ်ခေါင်း (၁၂)ခုကို ထုတ်ဝေခဲ့သည်။[၃]
Remove ads
ပွဲများနှင့်အားကစား
ပါဝင်သော အားကစားနည်းများ
- ရေပိုင်းဆိုင်ရာအားကစားနည်းများ
မြားပစ်
ပြေးခုန်ပစ်
ကြက်တောင်ရိုက်
ဘတ်စကက်ဘော
လက်ဝှေ့
ကနူးလှေ
စက်ဘီးစီး
ဓားသိုင်းအတတ်
ဟော်ကီ
ဘောလုံး
ဂေါက်သီးရိုက်
ကျွမ်းဘား
Handball
ဂျူဒို
Kabaddi
လှေလှော်
ရွက်လှေ
ပိုက်ကျော်ခြင်း
သေနတ်ပစ်
Softball
စားပွဲတင်တင်းနစ်
တင်းနစ်
-
ဘော်လီဘော
အလေးမ
နပန်း
ဝူရှူး
သရုပ်ပြအားကစားနည်းများ
ဘေ့စ်ဘော
Sift tennis
ပါဝင်သည့်နိုင်ငံများ
အီရတ်နိုင်ငံသည် ပင်လယ်ကွေ့ စစ်ပွဲ အတွင်း အာရှအိုလံပစ်ကောင်စီ၏ ပထမဆုံးဥက္ကဋ္ဌ Fahad AI-Ahmed AI-Jaber AI-Sabah ကို သတ်ဖြတ်ခဲ့သည့်အတွက် အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပိတ်ပင်ခံရသည်။ အီရတ်နိုင်ငံသည် ၂၀၀၆ခုနှစ်တွင်မှ ပြန်လည်ယှဉ်ပြိုင်ခွင့် ရခဲ့သည်။
ဆုတံဆိပ်ဇယား
- Key
* အိမ်ရှင်
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads