၂၀၁၁ မြန်မာနိုင်ငံ သမ္မတရွေးချယ်တင်မြှောက်ခြင်း

From Wikipedia, the free encyclopedia

၂၀၁၁ မြန်မာနိုင်ငံ သမ္မတရွေးချယ်တင်မြှောက်ခြင်း
Remove ads

၂၀၁၁ခုနှစ်အတွက် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်ခြင်းကို ၂၀၁၁ခုနှစ် ဖေဖော်ဝါရီလ ၄ရက်နေ့တွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် တွင် ကျင်းပခဲ့သည်။ ၂၀၁၀ အထွေထွေရွေးကောက်ပွဲပြီးနောက် အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသည့် လွှတ်တော် ကိုယ်စားလှယ်များနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ရွေးချယ်ကြခြင်းဖြစ်သည်။ ဤသည်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပထမဆုံးအကြိမ် ရွေးချယ်သော နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ခြင်းဖြစ်သည်။

အချက်တိုများ မဲပေးသူဦးရေ, အဆိုပြုခံရသူ ...

ထိုရွေးကောက်တင်မြှောက်ခြင်းတွင် ဦးသိန်းစိန်၊ သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် ဒေါက်တာစိုင်းမောက်ခမ်း (ခေါ်) မောင်အုန်း တို့က နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ (၁)၊ ဒုတိယသမ္မတ (၂) တို့အဖြစ် အသီးသီး ရွေးချယ်ခံခဲ့ရသည်။ ၎င်းတို့သည် ၂၀၁၁ခုနှစ် မတ်လ (၃၀)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်၌ ကျမ်းကျိန်ပြီးနောက် တာဝန်များ စတင်ထမ်းဆောင်ခဲ့ကြသည်။

Remove ads

နောက်ခံသမိုင်းကြောင်း

၁၉၈၈ခုနှစ်တွင် တပ်မတော်မှ အာဏာသိမ်းယူပြီးနောက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့မှ အုပ်ချုပ်ခဲ့သည်။[] ၁၉၈၈ခုနှစ်မှစ၍ နိုင်ငံတော်သမ္မတရာထူးနှင့် ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေတို့ကို ဖျက်သိမ်းထားခဲ့သည်။ ထို့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကို ရေးဆွဲကာ ၂၀၀၈ခုနှစ်တွင် အတည်ပြုခဲ့သည်။

ထိုအခြေခံဥပဒေအရ ၂၀၁၀ပြည့်နှစ် နိုဝင်ဘာ ၇ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲကို ကျင်းပခဲ့သည်။ ရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သပိတ်မှောက်ပြီး ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိပေ။

Remove ads

ရွေးချယ်ခြင်းစနစ်ပုံစံ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၃) အရ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် နိုင်ငံတော်အကြီးအကဲများ ဖြစ်ကြသည်။ ထိုပုဂ္ဂိုလ်များကို ရွေးကောက်ပွဲပြီးနောက် ဖွဲ့စည်းသည့် ပြည်ထောင်စုလွှတ်တော်က ရွေးချယ်ကြရသည်။

အခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ ဖွဲ့စည်းထားရှိသည်။ ပြည်သူ့လွှတ်တော်အတွက် မြို့နယ် (သို့မဟုတ်) လူဦးရေကို အခြေခံ၍ ရွေးကောက်တင်မြှောက်ထားသော လွှတ်တော်ကိုယ်စားလှယ် (၃၃၀)ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ အမည်စာရင်းတင်သွင်းသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၁၁၀)ဦး၊ စုစုပေါင်း (၄၄၀)ဦးဖြင့် ဖွဲ့စည်းသည်။ အမျိုးသားလွှတ်တော်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၄)ခုမှ တူညီစွာ ရွေးကောက်တင်မြှောက်ထားသော လွှတ်တော်ကိုယ်စားလှယ် (၁၆၈)ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ အမည်စာရင်းတင်သွင်းသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၅၆)ဦး၊ စုစုပေါင်း (၂၂၄)ဦးဖြင့် ဖွဲ့စည်းသည်။ ထိုလွှတ်တော်နှစ်ရပ်ကို ပေါင်းစည်း၍ ပြည်ထောင်စုလွှတ်တော်ကို (၆၆၄) ဦးဖြင့် ဖွဲ့စည်းသည်။

သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့

အခြေခံဥပဒေ ပုဒ်မ (၆၀)အရ ပြည်ထောင်စုလွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ သုံးစုဖြင့် သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ ဖွဲ့စည်းရမည်ဖြစ်သည်။

နောက်ထပ် အချက်အလက်များ သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့၏ ဖွဲ့စည်းပုံ, အစုအဖွဲ့ ...

ထိုအစုအဖွဲ့ သုံးစုမှ ဒုတိယသမ္မတလောင်းအသီးသီးကို တင်သွင်းရမည်။ ထိုကိုယ်စားလှယ်လောင်းများအား ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်တွင် ပါဝင်သော လွှတ်တော်နှစ်ရပ်၏ အကြီးအမှူး၊ ဒုတိယအကြီးအမှူးများက အရည်အချင်းစစ်ဆေးရမည်။ ထို့နောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံးက ဒုတိယသမ္မတလောင်း (၃)ဦးအား မဲပေးရွေးချယ်ကြရမည်။ မဲအများဆုံးရသူက နိုင်ငံတော်သမ္မတ၊ ဒုတိယမဲအများဆုံးရသူက ဒုတိယသမ္မတ - ၁၊ တတိယမဲအများဆုံးရသူက ဒုတိယသမ္မတ -၂ အဖြစ် တာဝန်ထမ်းဆောင်ရသည်။

Remove ads

ကိုယ်စားလှယ်လောင်းများ

လွှတ်တော်အစုအဖွဲ့အသီးသီးမှ ပဏာမရွေးချယ်ထားသည့် ဒုတိယသမ္မတလောင်း (၅)ဦးရှိခဲ့သည်။ ထို (၅)ဦးမှာ အရည်အချင်းပြည့်မီကြောင်း သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့က စိစစ်အတည်ပြုခဲ့သည်။ ထို့နောက် အစုအဖွဲ့များအတွင်း ဒုတိယသမ္မတလောင်းများ ထပ်မံရွေးချယ်ခဲ့ကြသည်။[]

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့

ပြည်သူ့လွှတ်တော်အစုအဖွဲ့မှ တင်သွင်းသည့် ဒုတိယသမ္မတလောင်းမှာ ဇမ္ဗူသီရိမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းစိန် ဖြစ်သည်။ဦးသိန်းစိန်သည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ နိုင်ငံတော်ဝန်ကြီးချုပ်လည်းဖြစ်သည်။ အစုအဖွဲ့အတွင်း တင်သွင်းမည့်ကိုယ်စားလှယ်​လောင်းကို မဲ​ပေး​ရွေးချယ်ကြရာ ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များတွင် (၅) နေရာ လစ်လပ်နေသဖြင့် ကျန်ရှိသော (၃၂၅) ဦးအနက် (၃၁၄) ဦး မဲပေးခဲ့သည်။

နောက်ထပ် အချက်အလက်များ ပြည်သူ့လွှတ်တော်အစုအဖွဲ့အတွင်း ကိုယ်စားလှယ်လောင်း ရွေးချယ်ခြင်းရလဒ်, ကိုယ်စားလှယ်လောင်း ...

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့

အမျိုးသားလွှတ်တော်အစုအဖွဲ့မှ ဒေါက်တာစိုင်းမောက်ခမ်းအား ဒုတိယသမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းခဲ့သည်။ သူသည် လွှတ်တော်ကိုယ်စားလှယ် မဟုတ်သော ပြင်ပမှဖြစ်သည်။

နောက်ထပ် အချက်အလက်များ အမျိုးသားလွှတ်တော်အစုအဖွဲ့အတွင်း ကိုယ်စားလှယ်လောင်း ရွေးချယ်ခြင်းရလဒ်, ကိုယ်စားလှယ်လောင်း ...

တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့

လွှတ်တော်နှစ်ရပ်ပေါင်း တပ်မတော်သားအစုအဖွဲ့မှ ပုပ္ပသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်ကြီး အငြိမ်းစား သီဟသူရ ဦးတင်အောင်မြင့်ဦး ကို အမည်စာရင်းတင်သွင်းကြသည်။ သူသည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ အတွင်းရေးမှူး (၁) ဖြစ်သည်။

နောက်ထပ် အချက်အလက်များ လွှတ်တော်နှစ်ရပ်ပေါင်း တပ်မတော်သားအစုအဖွဲ့အတွင်း ကိုယ်စားလှယ်လောင်း ရွေးချယ်ခြင်းရလဒ်, ကိုယ်စားလှယ်လောင်း ...
Remove ads

မဲရလဒ်

၂၀၁၁ခုနှစ် ဖေဖော်ဝါရီလ ၄ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ နိုင်ငံ​တော်သမ္မတနှင့် ဒုတိယသမ္မတများကို မဲပေးရွေးချယ်ကြသည်။ ၎င်းတို့အနက် ပြည်သူ့လွှတ်တော်အစုအဖွဲ့မှ တင်သွင်းသော ဦးသိန်းစိန်က မဲအများဆုံးရရှိကာ နိုင်ငံတော်သမ္မတအဖြစ်လည်းကောင်း၊ တပ်မတော်သားအစုအဖွဲ့မှ တင်သွင်းသော သီဟသူရ ဦးတင်အောင်မြင့်ဦးက ဒုတိယမဲအများဆုံးရရှိကာ ဒုတိယသမ္မတ (၁)အဖြစ်လည်းကောင်း၊ အမျိုးသားလွှတ်တော်အစုအဖွဲ့မှ တင်သွင်းသော ဒေါက်တာ စိုင်းမောက်ခမ်းက တတိယမဲအများဆုံးရရှိကာ ဒုတိယသမ္မတ (၂) အဖြစ်လည်းကောင်း အသီးသီး ရွေးချယ်ခံရသည်။

နောက်ထပ် အချက်အလက်များ သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်ခြင်း မဲရလဒ်, ကိုယ်စားလှယ်လောင်း ...
Remove ads

၂၀၁၂ ကြားဖြတ်ရွေးချယ်ခြင်း

၂၀၁၂ခုနှစ် ​မေလတွင် ဒုတိယသမ္မတ (၁) ဖြစ်သူ သီဟသူရ ဦးတင်အောင်မြင့်ဦးမှာ ကျန်းမာရေးကြောင့် ရာထူးမှ နုတ်ထွက်သွားရာ ဒုတိယသမ္မတ (၂) ဒေါက်တာစိုင်းမောက်ခမ်းမှာ ဒုတိယသမ္မတ (၁) ဖြစ်လာခဲ့သည်။ သီဟသူရ ဦးတင်အောင်မြင့်ဦးမှာ တပ်မတော်သားအစုအဖွဲ့မှ တင်သွင်းထားသူဖြစ်သဖြင့် တပ်မတော်သားအစုအဖွဲ့မှ ထိုစဉ်က ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး အငြိမ်းစား ဦးမြင့်ဆွေအား အမည်စာရင်းတင်သွင်းခဲ့သည်။[] သို့ရာတွင် အရည်အချင်းမပြည့်မီခဲ့ပေ။[] ထို့ကြောင့် တပ်မတော် (ရေ)ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ ရေတပ်ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းအား အမည်စာရင်းတင်သွင်းခဲ့သည်။ ထို့နောက် ၂၀၁၂ခုနှစ် ဩဂုတ်လ (၁၅)ရက်​နေ့တွင်မှ ဦးဉာဏ်ထွန်းမှာ ဒုတိယသမ္မတ (၂) ဖြစ်လာခဲ့သည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads