ကျော်စွာစိုး
From Wikipedia, the free encyclopedia
Remove ads
ဦးကျော်စွာစိုး (၁၉ မေ ၁၉၆၅ မွေးဖွား)သည် မြန်မာ့နိုင်ငံရေးသမား တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ ၏ ဥက္ကဋ္ဌ ဖြစ်သည်။[၁] ယင်းမတိုင်မီက သူသည် အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ အတွင်းရေးမှူး နှင့် ထိုပါတီ၏ အမတ်လောင်း ဖြစ်ခဲ့သည်။[၂]
Remove ads
ငယ်ဘဝ နှင့် ပညာရေး
၁၉၆၅ ခုနှစ် မေ ၁၉ ရက် တွင် အဖ ဦးလှစိုး၊ဒေါ်စောစိန် တို့က ရန်ကုန်မြို့၊ဒဂုံမြို့နယ် ရှိ အမှတ် ၂ စစ်ဆေးရုံတွင် ၎င်းအား မွေးဖွားခဲ့သည်။မွေးချင်း ၆ ဦးထဲတွင် တတိယမြောက်သား ဖြစ်သည်။
ဖခင်ဖြစ်သူ ဦးလှစိုး သည် မ.ဆ.လ ခေတ် Hight Rank Gov Officer ဖြစ်သည့်အတွက် ဖခင်တာဝန်ကျရာ ဒေသတစ်လျှာက် လိုက်ပါ ကြီးပြင်းခဲ့သည်။မူလတန်း ပညာကို ရှမ်းပြည်နယ်တွင် လည်းကောင်း၊အလယ်တန်း နှင့် အထက်တန်းပညာ တို့ကို ရန်ကုန် တွင် လည်းကောင်း သင်ယူခဲ့သည်။
၁၉၈၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) ၌ စိတ်ပညာအထူးပြုဖြင့် တက်ရောက်သင်ကြားသည်။ ဒုတိယနှစ် အထိသာ တက်ရောက်ခဲ့ပြီး ကျောင်းထွက်ခဲ့သည်။
Remove ads
နိုင်ငံရေးဖြတ်သန်းမှု
၁၉၈၈ အရေးအခင်းတွင် ကျောင်းသားဘဝ ဖြင့် ပါဝင်ခဲ့ခြင်းဖြင့် နိုင်ငံရေးထဲ စတင် ခြေချခဲ့သည်။၁၉၈၉ ခုနှစ် ဇန်နဝါရီ တွင် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး အဖွဲ့ဝင် တစ်ဦး အဖြစ်ပါဝင်လှုပ်ရှားခဲ့သည်။သို့သော် ထင်ရှားသူအဖြစ် မဟုတ်ခဲ့ပေ။၁၉၈၉ မတ်လ တွင် ထိုင်းနိုင်ငံသို့ လေကြောင်းဖြင့် တရားဝင် သွားရောက်ခဲ့ပြီး ၁၉၈၉ ခုနှစ် ဧပြီလ တွင် ဂျပန်နိုင်ငံ သို့ ထွက်ခွာခဲ့သည်။ဂျပန်နိုင်ငံ တွင် အလုပ်လုပ်ကိုင်ရင်းဖြင့် မြန်မာ့အရေးအား အပတ်စဉ် ဆန္ဒပြသည့် ဒေါက်တာ ထွန်းအေး ဦးဆောင်သည့် BAIJ အဖွဲ့ တွင် ခေတ္တ ပါဝင်လှုပ်ရှားခဲ့ပြီးနောက် နိုင်ငံရေးနှင့် အဆက်ပြတ်သွားခဲ့သည်။
၁၉၉၆ ခုနှစ် တွင် မြန်မာနိုင်ငံသို့ ပြန်ရောက်လာခဲ့ပြီး ဂျပန်နိုင်ငံ မှနေ၍ AA-BB Taxi ယာဥ်များ တင်သွင်းခြင်းလုပ်ငန်း၊မကွေးတိုင်းဒေသကြီးအတွင်း သစ်စက်လုပ်ငန်းများ၊ ဆောမြို့နယ် လောင်းရှည်ဒေသ၊ ငလယ်ခုံအရပ်၌ ရေနံမြေလုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။
၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အရောက်တွင် ပါတီနိုင်ငံရေး ဖြင့် နိုင်ငံရေးလောကထဲ တကျော့ပြန် ဝင်ရောက်လာသည်။သူသည် မကွေးတိုင်းဒေသကြီး၊စလင်းမြို့နယ် တွင် အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်ပါတီ ကိုယ်စားပြုပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည်။မဲပေးသူ ၁၂၃၉၇၃ ဦးတွင် မဲရလဒ် ၄၀၀၇၂ မဲ ဖြင့် (၃၂ ဒသမ ၃၂ ရာခိုင်နှုန်း) ပြိုင်ဘက် ပြည်ခိုင်ဖြိုးပါတီအမတ်လောင်း ဦးခင်မောင်လွင် ကို ရှုံးနိမ့်ခဲ့သည်။[၃]
၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ တွင် အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်ပါတီ ကိုယ်စားပြုပြီး ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်သည်။မဲပေးသူ ၇၉၂၀၂ ဦးတွင် မဲရလဒ် ၁၉၃၈ မဲ (၁ ဒသမ ၉၄ ရာခိုင်နှုန်း) ဖြင့် ပြိုင်ဘက်များကို အပြတ်အသတ်ရှုံးနိမ့်ခဲ့သည်။[၄]
သူသည် အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်ပါတီ မှ နှုတ်ထွက်ပြီး၊၂၀၁၂ ခုနှစ် နိုဝင်ဘာ ၆ ရက် တွင် မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ ကို ထူထောင်ခဲ့သည်။သူ့ပါတီကို အတိုကောက် လယ်သမားပါတီ ဟုလည်း ခေါ်ဝေါ်ကြသည်။ [၅]
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ တွင် ယင်းဦးဆောင်သည့် နိုင်ငံရေးပါတီသည် ကိုယ်စားလှယ်လောင်း ၁၈၂ ဦး ဝင်ပြိုင်ခဲ့သည်။[၆] ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ တွင်လည်း ကော့မှုးမဲဆန္ဒနယ် မှ ဝင်ပြိုင်ခဲ့သည်။၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ တွင် ကိုယ်စားလှယ်လောင်း ၈၃ ဦး ဝင်ပြိုင်ခဲ့သည်။[၇] သို့သော် ကိုယ်စားလှယ်တစ်ဦးမျှ အနိုင်မရခဲ့ဘဲ ရှုံးနိမ့်ခဲ့သည်။သူဦးဆောင်သည့်ပါတီသည် ပြည်ခိုင်ဖြိုးပါတီ နှင့် မဟာမိတ်ပြုထားသည်။[၈] [၉]
၎င်းဦးဆောင်သည့် ပါတီသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် ပါတီမှတ်ပုံပြန်တင်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဇွန် ၂၁ ရက် တွင် မှတ်ပုံတင်အမှတ် (၂၇)ဖြင့် ပါတီမှတ်ပု တင်ခွင့်ရရှိခဲ့သည်။[၁၀] [၁၁]
Remove ads
ပုဂ္ဂိုလ်ရေးဘဝ
သူသည် အိမ်ထောင်သည် တစ်ဦး ဖြစ်သည်။ဖခင်ဖြစ်သူ ဦးလှစိုး သည် မ. ဆ. လ ခေတ် ကချင်ဒေသပါတီ အတွင်းရေးမှူး နှင့် ကယားပြည်နယ် ဒေသပါတီ ဥက္ကဋ္ဌ များ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ခဲ့သည့်အပြင် ၁၉၈၈ ခုနှစ် နောက်ပိုင်း ဦးအောင်ရွှေ ဦးဆောင်သည့် မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့ တွင်ပါဝင်ခဲ့သူ ဖြစ်သည်။၎င်း၏ ဖခင်သည် ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ တွင် မကွေးတိုင်း၊ စလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ် ဖြစ်ခဲ့သည်။ မကွေးတိုင်း NLD ဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ယူခဲ့သည်။သို့သော် နောက်ပိုင်းတွင် သဘောထားမတိုင်ဆိုင်မှုများဖြင့် ပါတီမှ နှုတ်ထွက်ခဲ့သည်။
မိခင်ဖြစ်သူ ဒေါ်စောစိန် သည် လေယာဥ်ပျက်ကျမှုဖြင့် ကွယ်လွန်သွားခဲ့သည့် န.အ.ဖ စစ်အစိုးရအဖွဲ့ အတွင်းရေးမှူး (၂) ဒုတိယဗိုလ်ချုပ်ကြီး တင်ဦး ၏ ဇနီးဖြစ်သူ ဒေါ်ခင်သန်းနွဲ့ နှင့် ညီအမအရင်း တော်စပ်သည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads