ဆမ်မြူရယ်(လ်)ကျော်လှ
From Wikipedia, the free encyclopedia
Remove ads
ပါမောက္ခဒေါက်တာဆမ်မြူရယ်(လ်)ကျော်လှသည် မြန်မာ ကလေးအထူးကုဆရာဝန်ကြီးတစ်ဦးဖြစ်ပြီး အဘ ဦးကျော်လှ၊ အမိ ဒေါ်လှကျင်တို့က မုဒုံမြို့၌ ၁၉၄၅ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့က မွေးဖွားခဲ့သည်။[၁]
Remove ads
ပညာရေး
တောင်ကြီးမြို့ ကန္ဘောဇကောလိပ်နှင့် St. Annes Convent တွင် ၁၉၅၂ မှ ၁၉၆၁ အထိ ပညာသင်ယူခဲ့သည့်။ ၁၉၆၁ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး ၁၉၆၈ ခုနှစ်တွင် ဆေးပညာဘွဲ့၊ ၁၉၇၅ ခုနှစ်တွင် ကလေးကျန်းမာပညာဒီပလိုမာဘွဲ့၊ ၁၉၇၉ ခုနှစ်တွင် ဆေးပညာမဟာသိပ္ပံဘွဲ့ (ကလေးကျန်းမာပညာ) နှင့် ၁၉၉၈ ခုနှစ်တွင် ယူနိုက်တက်ကင်းဒမ်းနိုင်ငံ Royal College of Paediatrics and Child Health မှ FRCP ဘွဲ့တို့ကို ရရှိခဲ့သည်။[၁]
ဝန်ထမ်းဘဝ
သရုပ်ပြ၊ ခန္ဓာဗေဒဌာန၊ ဆေးတက္ကသိုလ် (၁) ရန်ကုန် (၁၉၆၉ - ၁၉၇၄)၊ လက်ထောက်ဆရာဝန်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး (၁၉၇၄-၁၉၇၆)၊ လက်ထောက်ဆရာဝန် (အထူးကု)၊ စစ်တွေပြည်နယ်ဆေးရုံကြီး (၁၉၇၆ - ၁၉၇၈)၊ သရုပ်ပြ၊ ကလေးကျန်းမာပညာဌာန၊ ဆေးတက္ကသိုလ် (၁) ရန်ကုန် (၁၉၇၈ - ၁၉၈၅)၊ လက်ထောက်ကထိက၊ ကလေးကျန်းမာပညာဌာန၊ ဆေးတက္ကသိုလ် (၁) ရန်ကုန် (၁၉၈၅ - ၁၉၈၇)၊ ကလေးအထူးကုဆရာဝန်၊ ဘားအံပြည်နယ်ဆေးရုံကြီး (၁၉၈၇)၊ ကထိက/ကလေးအထူးကုဆရာဝန် ကလေးကျန်းမာပညာဌာန၊ ဆေးတက္ကသိုလ် (၁) ရန်ကုန် (၁၉၈၇ - ၁၉၉၈)၊ ပါမောက္ခ၊ ကလေးကျန်းမာပညာဌာန၊ ဆေးတက္ကသိုလ် (၂) ရန်ကုန် (၁၉၉၈ - ၂၀၀၅) နှင့် ပါမောက္ခ/ဌာနမှူး၊ ကလေးကျန်းမာပညာဌာန၊ ဆေးတက္ကသိုလ် (၂) ရန်ကုန် အဖြစ် အြငိမ်းစားယူသည်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။[၁]
Remove ads
လက်ရှိတာဝန်များ
- နာယက၊ ကလေးကျန်းမာပညာအဖွဲ့၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊[၂]
- ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆေးကောင်စီ (၂၀၁၆-၂၀၂၀ သက်တမ်း)[၃]
- အဖွဲ့ဝင်၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့[၁]
ရရှိသော ဆုတံဆိပ်များ
- ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်[၁]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads