တအောင်း(ပလောင်)အမျိုးသားပါတီ
From Wikipedia, the free encyclopedia
Remove ads
တအောင်း (ပလောင်) အမျိုးသားပါတီ (အင်္ဂလိပ်: Ta-Ang (Palaung) National Party; အတိုကောက် TNP) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီဟောင်း တစ်ခုဖြစ်သည်။[၂]
Remove ads
သမိုင်း
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် အသက် ၃၉ နှစ်အရွယ် TNP ပါတီ၏ မိုင်းကိုင်မြို့နယ်ဥက္ကဋ္ဌ ဦးမိုင်းနုမ်ဟန်၊ အသက် ၂၆ နှစ်အရွယ် ဇနီးဖြစ်သူနှင့် ၇ လအရွယ် သမီးဖြစ်သူတို့သည် ကားတိုက်ခံရ၍ ကွယ်လွန်သွားသော မိခင်၏ အသုဘမှအပြန်တွင် မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအထွက်ရှိ ရှမ်းပြည်တပ်မတော် (RCSS) ၏ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရသည်။ ဖမ်းဆီးခံရပြီးနောက် တုံလောကျေးရွာအုပ်စု ပန်ပွဲကျေးရွာနှင့် ၇ မိုင်ခန့် ကွာဝေးသော တောတွင်းရှိ တွင်းကြီးတစ်ခုထဲတွင် ပစ်သတ်ခံခဲ့သည်။[၃]
Remove ads
ရွေးကောက်ပွဲ ဝင်ပြိုင်မှု
ပါတီကို ၂၀၁၀ ခုနှစ် မေလ ၂၄ ရက်နေ့တွင် တည်ထောင်ခဲ့ပြီး ၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကိုမူ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့ပေ။[၄] ပါတီဝင်အရေအတွက် ၁၅၅၇၇ ဦးရှိပြီး ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ၈ နေရာ၊ အမျိုးသားလွှတ်တော် ၃ နေရာ၊ ပြည်နယ်လွှတ်တော် ၁၇ နေရာတို့တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။[၁]
ပယ်ဖျက်ခြင်း
တအောင်း(ပလောင်)အမျိုးသားပါတီအား ၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ သတ်မှတ်ကာလအတွင်း လျှောက်ထားခြင်းမရှိခဲ့သောကြောင့် ၂၀၂၃ ခုနှစ် မတ်လ ၂၉ ရက်နေ့မှစ၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပယ်ဖျက်ခဲ့သည်။[၅]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads