ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၂
From Wikipedia, the free encyclopedia
Remove ads
မြန်မာနိုင်ငံ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲသည် [၁] ၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြောက်ခံရသော လွှတ်တော်အမတ်များ အစိုးရအဖွဲ့ ဝန်ကြီးဌာနများတွင် အုပ်ချုပ်ရေး အရာရှိများအဖြစ် တာဝန်ယူရာမှ လစ်လပ်သွားသော အမတ်နေရာများကို ဖြည့်ဆည်းရန် ကျင်းပသည့် ရွေးကောက်ပွဲဖြစ်သည်။၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပခဲ့သည်။
Remove ads
နောက်ခံအကြောင်းအရင်း
ပြည်သူ့လွှတ်တော်တွင် နေရာ ၄၀၊ အမျိုးသားလွှတ်တော်တွင် ၆ နေရာနှင့် ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီး၏ လွှတ်တော်အမတ် ၂ နေရာ ပေါင်း ၄၈ နေရာအတွက် ရွေးကောက်တင်မြှောက်ခြင်း ဖြစ်သည်။ သို့သော် ကချင်ပြည်နယ် မိုးကောင်း၊ ဖားကန့်နှင့် ဗန်းမော် စသော ၃ မြို့နယ်တွင်မူ လုံခြုံရေး အကြောင်းအရင်းကြောင့် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းခဲ့သည်။[၂][၃]
ထင်ရှားဖြစ်ရပ်
အဓိက အတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် နိုင်ငံရေးပါတီအဖြစ် တရားဝင် မှတ်ပုံတင်ခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှာမူ ရန်ကုန်တိုင်း ကော့မှူးမြို့နယ် လစ်လပ်နယ်မြေမှ ပါဝင်ခဲ့ရာ မဲရနှုန်း ၉၉ ရာခိုင်နှုန်းခန့်ဖြင့် အနိုင်ရခဲ့သည်။[၄] ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အန်အယ်လ်ဒီ ပါတီမှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်သည့် ၄၄ နယ်မြေအနက် ရှမ်းပြည်နယ် လားရှိုးနယ်မြေ မှလွဲ၍ ၄၃ နေရာကို အနိုင်ရခဲ့သည်။[၅][၆][၇] အန်အယ်လ်ဒီပါတီမှ ပြည်သူ့လွှတ်တော် ၄၄၀ နေရာအနက် ၃၇ နေရာ၊ အမျိုးသားလွှတ်တော် ၂၂၄ နေရာအနက် ၄ နေရာကို ရရှိခဲ့သည်။
Remove ads
ကြားဖြတ်ရွေးကောက်ပွဲအချိန်ဇယား
ကြားဖြတ်ရွေးကောက်ပွဲ (၂၀၁၂) အား ကျင်းပမည့် အကြောင်းကို ဦးတင်အေး ဦးဆောင်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၉ ရက် တွင် ကြေညာအသိပေးခဲ့ပြီး ၂၀၁၂ ခုနှစ် ဧပြီ ၁ ရက် တွင် ရွေးကောက်ပွဲကျင်းပခဲ့သည်။
လစ်လပ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် နေရာ ၄၀
- ဖားကန့်၊မိုးကောင်း၊ဗန်းမော်၊စစ်ကိုင်း၊ပုလဲ၊မင်းကင်း၊ကျွန်းစု၊လောင်းလုံ၊တောင်ငူ၊ထန်းတပင်၊သနပ်ပင်၊လက်ပံတန်း၊မကွေး၊ရေစကြို၊မြိုင်၊ပခုက္ကူ၊ပွင့်ဖြူ၊ဇမ္ဗူသီရီ၊ပုဗ္ဗသီရီ၊ဒက္ခိဏသီရိ၊ဥတ္တရသီရိ၊ကျောက်ပန်းတောင်း၊နွားထိုးကြီး၊မဟာအောင်မြေ၊တံတားဦး၊မိတ္ထီလာ၊ပြင်ဦးလွင်၊မော်လမြိုင်၊ကော့မှူး၊သုံးခွ၊ဒဂုံ(ဆိပ်ကမ်း)၊မင်္ဂလာတောင်ညွန့်၊လှည်းကူး၊မရမ်းကုန်း၊ကလော၊ပုသိမ်၊မအူပင်၊မြောင်းမြ၊ဝါးခယ်မ၊မြန်အောင်။
မှတ်ချက်။ ဖားကန့်၊မိုးကောင်း နှင့် ဗန်းမော် တို့တွင် လုံခြုံရေးအခြေအနေကြောင့် မကျင်းပဖြစ်ခဲ့ပေ။
လစ်လပ်အမျိုးသား လွှတ်တော် မဲဆန္ဒနယ် ၆ နေရာ
- စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၃)
- စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၇)
- ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၇)
- ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၃)
- ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၀)
လစ်လပ်တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် ၂ နေရာ
- ကဝ(၂)၊ရေကြည်(၂)
ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံရေးပါတီများ
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
- ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
- တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
- ပြည်သူ့ဒီမိုကရေစီပါတီ
- ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ
- ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီ
- လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ
- ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီ
- ခေတ်သစ်ပြည်သူ့ပါတီ
- အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
- အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်
- မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ
- မြန်မာအမျိုးသားကွန်ဂရက်ပါတီ
- မြန်မာ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
- အမျိုးသားဒီမိုကရေစီပါတီသစ်
- ဒီမိုကရက်တစ်ပါတီ (မြန်မာ)
- ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်
Remove ads
ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင််းအရေအတွက်
နိုင်ငံရေးပါတီ (၁၇)ပါတီ တို့မှ နိုင်ငံရေးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၆၁ ဦး နှင့် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်း ၈ ဦး တို့ ဝင်ပြိုင်ခဲ့ကြပါသည်။
- ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၃၃ ဦး
- အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ၂၂ ဦး
- တိုင်းဒေသကြီး ၆ ဦး နှင့်
- တစ်သီးပုဂ္ဂလ ၈ ဦး ဖြင့် စုစုပေါင်း ၁၆၉ ဦး ရှိခဲ့သည်။
အမျိုးသမီးကိုယ်စားလှယ်လောင်းပါဝင်မှု
- ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၃ ဦး
- အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ၂ ဦး နှင့်
- တိုင်းလွှတ်တော်ကိုယ်စားလှယ်လောင်း ၁ ဦး ဖြင့် စုစုပေါင်း ၂၆ ဦး ရှိခဲ့သည်။
မဲဆန္ဒရှင်ဦးရေ
- လစ်လပ်ပြည်သူ့လွှတ်တော်နေရာများအတွက် မဲဆန္ဒရှင် ၄၆၈၃၂၃၁ ဦး
- လစ်လပ်အမျိုးသားလွှတ်တော်နေရာအတွက် မဲဆန္ဒရှင် ၁၆၇၀၁၀၂ ဦး
- လစ်လပ် တိုင်းလွှတ်တော်မဲဆန္ဒနယ်အတွက် မဲဆန္ဒရှင် ၁၃၃၃၃၀ ဦး
မဲပေးသူအရေအတွက်
- လစ်လပ်ပြည်သူ့လွှတ်တော်နေရာများအတွက် မဲဆန္ဒရှင် ၃၂၈၂၄၄၂ ဦး (မဲပေးမှု - ၇၀ . ၁၇ ရာခိုင်နှုန်း)
- လစ်လပ်အမျိုးသားလွှတ်တော်နေရာအတွက် မဲဆန္ဒရှင် ၁၀၅၄၆၁၁ ဦး (မဲပေးမှု - ၆၃ . ၁၅ ရာခိုင်နှုန်း)
- လစ်လပ်ပြည်နယ် လွှတ်တော်မဲဆန္ဒနယ်အတွက် မဲဆန္ဒရှင် ၈၆၀၄၈ ဦး (မဲပေးမှု - ၆၄.၅၄ ရာခိုင်နှုန်း)
Remove ads
ရွေးကောက်ပွဲမဲပေးမှုအနှစ်ချုပ်
- မဲဆန္ဒရှင်စုစုပေါင်း ၆၄၈၆၆၆၃ ဦး
- မဲလာပေးသူအရေအတွက် ၄၄၂၃၁၀၁ ဦး (၆၈.၁၉ ရာခိုင်နှုန်း)
- ပယ်မဲ/ပျောက်မဲ ၃၃၀၈၆၁ မဲ
- ခိုင်လုံမဲ ၄၀၉၂၂၄၀ မဲ
ရွေးချယ်တင်မြှောက်ခံရမှု
နိုင်ငံရေးပါတီ (၁၇) ပါတီ အနက် (၃) ပါတီမှ ကိုယ်စားလှယ်လောင်းများ အနိုင်ရခဲ့သည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာရွေးချယ်တင်မြှောက်ခံရမှု
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာရွေးချယ်တင်မြှောက်ခံရမှု
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နေရာ ရွေးချယ်ခံရမှု
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads