ဝန်ကြီးဌာန
From Wikipedia, the free encyclopedia
Remove ads
ဝန်ကြီးဌာနဆိုသည်မှာ အစိုးရစနစ်တစ်ခု၏ ပြည်သူ့အုပ်ချုပ်ရေးကဏ္ဍအသီးသီးအတွက် ပထမအဆင့်ရှိသော သို့မဟုတ် အဆင့်အမြင့်ဆုံးသော အုပ်ချုပ်ရေးဌာနဖြစ်သည်။အင်္ဂလိပ်အသုံးတွင် အများအားဖြင့် Ministry ဟုအသုံးပြုကြသည်။အချို့နိုင်ငံများတွင် department (ဥပမာ- အမေရိကန်၊ ဖိလစ်ပိုင်)၊ Secretariat (ဥပမာ- စပိန်)၊ စသည်ဖြင့် သုံးစွဲကြသည်။[၁]
များသောအားဖြင့် ဝန်ကြီးဌာနများကို အစိုးရအဖွဲ့ဝင်ဖြစ်သော ဝန်ကြီးများက ဦးဆောင်ကြသည်။ဝန်ကြီးဌာန အမျိုးအစားနှင့် အရေအတွက်မှာ တစ်နိုင်ငံနှင့် တစ်နိုင်ငံ တူညီမှုမရှိကြပေ။သို့ရာတွင် ယေဘူယျအားဖြင့်ထားရှိကြသော ဝန်ကြီးဌာနများမှာ နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ပြည်ထဲရေး၊ ကျန်းမာရေး၊ ပညာရေး စသည်ဖြင့်ဖြစ်သည်။မိမိနိုင်ငံ၏ လိုအပ်ချက်အရ (သို့မဟုတ်) အခြေအနေအရ ဖွဲ့စည်းထားရှိသည့် ဝန်ကြီးဌာနများလည်းရှိသည်။ဂျပန်နိုင်ငံတွင် အိုလံပစ်နှင့် မသန်စွမ်းအိုလံပစ်ပြိုင်ပွဲများ ကာလအတွင်းတွင် တိုကျိုအိုလံပစ်နှင့် မသန်စွမ်းပြိုင်ပွဲဆိုင်ရာ ဝန်ကြီးဌာနဟူ၍ ထားရှိသည်။
အစိုးရအဖွဲ့အကြီးအကဲများ၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရသည့် ဝန်ကြီးဌာနများလည်းရှိသည်။ဥပမာ- နိုင်ငံတော်သမ္မတ၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်သည့် သမ္မတရုံးဝန်ကြီးဌာန၊ အတိုင်ပင်ခံပုဂ္ဂိုလ်၏ လုပ်ငန်းတာဝန်များကိုထမ်းဆောင်သည့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ဝန်ကြီးချုပ်၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်သည့် ဝန်ကြီးချုပ်ရုံးဝန်ကြီးဌာန စသည်ဖြင့် တည်ရှိသည်။၎င်းဝန်ကြီးဌာနများသည် နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၊ ဝန်ကြီးချုပ်ရုံး စသည့် အဆင့်မြင့်ရုံးများနှင့် လုပ်ငန်းတာဝန် အနည်းငယ်ကွဲပြားသည်။
ဗဟိုအစိုးရများတွင်သာမက အစိုးရအဖွဲ့အခွဲများတွင်လည်း ဝန်ကြီးဌာနများ ရှိသည်။ဥပမာ- မြန်မာနိုင်ငံတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များဖြစ်သည်။
Remove ads
အသုံးအနှုန်း
ကနေဒါနိုင်ငံ
ကနေဒါ ဖက်ဒရယ်အစိုးရတွင် ၎င်း၏ ပထမအဆင့်အုပ်ချုပ်ရေးအဖွဲ့အစည်းများကို department ဟုသုံးစွဲသည်။
ဒေသခွဲများ
ကနေဒါတွင် ၎င်း၏ ပထမအဆင့် အုပ်ချုပ်ရေးနယ်မြေများကို ပြည်နယ် (သို့မဟုတ်) နယ်မြေများဟု ခေါ်ဝေါ်သုံးစွဲသည်။ပြည်နယ်အစိုးရအဖွဲ့ (၁၀)ဖွဲ့မှ (၅)ဖွဲ့သည် ၎င်းတို့၏ပြည်နယ်အစိုးရဝန်ကြီးဌာနများကို Ministry ဟု သုံးစွဲသည်။ကျန်ရှိသော ပြည်နယ် (၅)ခုနှင့် နယ်မြေ (၃)ခုမှာ department ဟု သုံးစွဲသည်။ဝန်ကြီးကိုမူ Minister ဟုသာ အသုံးပြုသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads