၂၀၂၀ နွေရာသီ အိုလံပစ်ပြိုင်ပွဲ

ဇူလိုင်လမှဩဂုတ်လ ၂၀၂၁ အထိ တိုကျို၌ကျင်းပသောအိုလံပစ်ပွဲ From Wikipedia, the free encyclopedia

၂၀၂၀ နွေရာသီ အိုလံပစ်ပြိုင်ပွဲ
Remove ads

၂၀၂၀ နွေရာသီအိုလံပစ်ပြိုင်ပွဲ (သို့မဟုတ်) တိုကျို၂၀၂၀ (အင်္ဂလိပ်: '2020 Summer Olympics (or) Tokyo 2020')သည် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ၂၀၂၁ခုနှစ် ဇူလိုင်လ ၂၃ရက်မှ ဩဂုတ်လ ၈ရက်​နေ့အထိ ကျင်းပခဲ့​သော ၃၂ကြိမ်မြောက် နွေရာသီအိုလံပစ် အားကစားပြိုင်ပွဲဖြစ်သည်။၂၀၂၀ပြည့်နှစ် ဇူလိုင်လမှ ဩဂုတ်လအတွင်း ကျင်းပရန် ရည်ရွယ်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုကြောင့် ပြိုင်ပွဲကို အကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့ရကာ[] ၂၀၂၁ခုနှစ်ဇူလိုင်လ ၂၃ရက်နေ့မှ ဩဂုတ်လ ၈ရက်နေ့အထိ ကျင်းပရန် စီစဉ်ခဲ့ကြသည်။[]

အချက်တိုများ အိမ်ရှင်နိုင်ငံ, ဆောင်ပုဒ် ...

ပြိုင်ပွဲကို ၂၀၂၁ခုနှစ်သို့ ရွှေ့ဆိုင်းထားသော်လည်း ပြိုင်ပွဲ၏ အမည်ကိုမူ ၂၀၂၀ဖြင့်သာ ဆက်လက်ထားရှိသည်။ဤသည်မှာ နွေရာသီအိုလံပစ်ပြိုင်ပွဲတွင် ပထမဆုံးအကြိမ်အဖြစ် ဆိုင်းငံ့ပြီး ရွှေ့ဆိုင်းခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဂျပန်နိုင်ငံသည် ၁၉၆၄တိုကျိုပွဲတော်ကိုလည်း လက်ခံကျင်းပဖူးပြီး ယခုအခါ ဒုတိယအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ ထို့ကြောင့် တိုကျိုမြို့သည် အာရှနိုင်ငံများတွင် နွေရာသီအိုလံပစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ၂ကြိမ်တိုင် လက်ခံကျင်းပသည့် ပထမဆုံးမြို့ဖြစ်လာခဲ့သည်။

Remove ads

လက်ခံကျင်းပခြင်း

အိမ်ရှင်ရွေးချယ်ခြင်း

၂၀၂၀ပွဲတော်အတွက် အိမ်ရှင်နေရာကို ဂျပန်နိုင်ငံ တိုကျိုမြို့စပိန်နိုင်ငံ မဒရစ်မြို့တူရကီနိုင်ငံ အစ်စတန်ဘူလ်မြို့တို့က အိမ်ရှင်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။အဇာဘိုင်ဂျန်နိုင်ငံ ဘာကူးမြို့ကာတာနိုင်ငံ ဒိုဟာမြို့တို့၏ ယှဉ်ပြိုင်မှုမှာ ဤအဆင့်အထိ မရောက်ခဲ့ပေ။အီတလီနိုင်ငံ ရောမမြို့မှာမူ နုတ်ထွက်သွားခဲ့သည်။

၂၀၁၃ခုနှစ် စက်တင်ဘာလ ၇ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာအိုလံပစ်ကောင်စီ၏ အစည်းအဝေးတွင် မဲခွဲကာ အိမ်ရှင်ရွေးချယ်ခဲ့ကြသည်။ နောက်ဆုံးတွင် ဂျပန်နိုင်ငံ တိုကျိုမြို့မှာ အိမ်ရှင်အဖြစ် ရွေးချယ်ခံခဲ့ရသည်။

နောက်ထပ် အချက်အလက်များ မြို့, အိုလံပစ်​ကော်မတီအမည် ...

ကြိုတင်ပြင်ဆင်ခြင်း

တိုကျိုကျင်းပရေးကော်မတီကို ယခင်ဂျပန်နိုင်ငံဝန်ကြီးချုပ်ဟောင်း ယူရှီဒိုးမောရီက ဦးဆောင်ခဲ့သည်။ သူသည် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီတွင် နုတ်ထွက်ခဲ့ရသည်။ တိုကျိုမြို့အစိုးရသည် ပြိုင်ပွဲအတွက် ဂျပန်ယန်း ၄၀၀ဘီလီယံကို လျာထားခဲ့သည်။ အားကစားရုံများ အဆင့်မြှင့်တင်ခြင်း၊ မြို့ပြသယ်ယူပို့ဆောင်ရေးများ အဆင့်မြှင့်တင်ခြင်း စသည်တို့ ဆောင်ရွက်ခဲ့သည်။

ကွင်းများ

Thumb
အမျိုးသား အားကစားကွင်းသစ်
Thumb
Ariake Arena
Thumb
​ရေကူးကန်
Thumb
ယိုကိုဟားမားကွင်း

၁၉၆၄တိုကျိုပွဲ​တော်ကို လက်ခံကျင်းပခဲ့သည့် တိုကျို အမျိုးသားအားကစားကွင်းကို ၂၀၂၀တိုကျိုအိုလံပစ်ပွဲ​တော်အတွက် အဓိကအားကစားကွင်းအဖြစ်အသုံးပြုရန် ရည်ရွယ်ခဲ့ကြသည်။၂၀၁၂ခုနှစ်​ ​ဖေ​ဖော်ဝါရီလတွင် ထိုအားကစားကွင်းအတွက် ဂျပန်ယန်း၁၀၀ဘီလီယံသုံးစွဲကာ ပြင်ဆင်မည်ဟု ​ကြေညာခဲ့ကြသည်။၂၀၁၂ နိုဝင်ဘာလတွင် ဂျပန်အားကစား​ကောင်စီမှ အခြားအားကစားကွင်းတစ်ခုတည်​ဆောက်ရန် စီမံခဲ့သည်။ ပရိသတ် ၆၈၀၀၀ဝင်ဆံ့ပြီး ၈၀၀၀၀အထိ တိုးချဲ့နိုင်​သော ဂျပန်အမျိုးသားအားကစားကွင်းသစ်ကြီးကို ၂၀၁၆ခုနှစ်တွင် စတင်တည်​ဆောက်ခဲ့ပြီး ၂၀၁၉ခုနှစ် ဒီဇင်ဘာလတွင် ဖွင့်လှစ်ခဲ့သည်။ ယခုအခါ ထိုကွင်းအား အဓိကအားကစားကွင်းအဖြစ် အသုံးပြုမည်ဖြစ်သည်။ အားကစားနည်း ၃၃မျိုးအနက်မှ ၂၈မျိုးအတွက် အားကစားရုံများမှာ အိုလံပစ်ရွာမှ ၅မိုင်အတွင်း တည်ရှိသည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါ

၂၀၂၀ပြည့်နှစ် ဇန်နဝါရီလတွင် တိုကျိုအိုလံပစ်သို့လာကြမည့် အားကစားသမားနှင့် ပရိသတ်များအကြားတွင် ကိုရိုနာဗိုင်းရပ်စ်နှင့် စပ်လျဉ်း၍ စိုးရိမ်စိတ်များ မြင့်တက်လာခဲ့ကြသည်။၂၀၂၀ မတ်လ ၂ရက်နေ့တွင် တိုကျိုအိုလံပစ်ကျင်းပရေးဦးစီးကော်မတီက ပြိုင်ပွဲကို စီစဉ်ထားသည့်အတိုင်း ဆက်လက်ကျင်းပမည်ဟု ပြောကြားခဲ့သည်။ မတ်လ ၂၃ရက်နေ့တွင် ကနေဒါနှင့် ဩစတြေးလျတို့က ပြိုင်ပွဲကို နောက်မဆုတ်ပါက ၎င်းတို့အနေဖြင့် နုတ်ထွက်မည်ဟု ကြေညာခဲ့သည်။ ထိုစဉ်က ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကလည်း ၎င်းအနေဖြင့် ရွှေ့ဆိုင်းသည့်အစီအစဉ်ကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။

မတ်လ ၂၄ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီနှင့် တိုကျိုအိုလံပစ်ကျင်းပရေးဦးစီးကော်မတီတို့က ပြိုင်ပွဲကို ၂၀၂၀နောက်ပိုင်း၊ ၂၀၂၁ နွေရာသီထက်နောက်မကျသည့်အချိန်သို့ ရွှေ့ဆိုင်းကြောင်း ပူးတွဲကြေညာခဲ့သည်။ မတ်လ ၃၀ရက်နေ့တွင် ၂၀၂၀တိုကျိုပွဲတော် ကျင်းပမည့်နေ့ကို ၂၀၂၁ခုနှစ် ဇူလိုင်လ ၂၃ရက်နေ့မှ ဩဂုတ်လ ၈ရက်နေ့အထိ သတ်မှတ်ရန် သဘောတူညီမှု ရရှိခဲ့ကြသည်။

Remove ads

ပြိုင်ပွဲအထိမ်းအမှတ်များ

အထိမ်းအမှတ်တံဆိပ်

၂၀၂၀ နွေရာသီအိုလံပစ်ပြိုင်ပွဲနှင့် မသန်စွမ်းအားကစားပြိုင်ပွဲအတွက် အထိမ်းအမှတ်တံဆိပ်များကို ၂၀၁၆ခုနှစ် ဧပြီလ ၂၅ရက်နေ့တွင် ထုတ်ဖော်ပြသခဲ့သည်။ ဂျပန်နိုင်ငံ၏ စံပြပုံစံဖြစ်သော ခေတ်မီပြီး ကြော့ရှင်းခြင်းကို ရည်ညွှန်းထားသည်။ဤအထိမ်းအမှတ်တံဆိပ်ကို အတည်မပြုမီ ယခင်အမှတ်တံဆိပ်များမှာ ဘယ်လ်ဂျီယံနိုင်ငံရှိ ပြဇာတ်ရုံတစ်ခု၏ အမှတ်တံဆိပ်နှင့် ဆင်တူနေ၍ ပယ်ဖျက်ခဲ့ကြသည်။

လာဘ်ကောင်

၂၀၂၀ နွေရာသီအိုလံပစ်ပြိုင်ပွဲ၏ အထိမ်းအမှတ်လာဘ်ကောင်မှာ Miraitowa အမည်ရသည်။၎င်း၏ ပုံစံမှာ အထိမ်းအမှတ်တံဆိပ်ကို ကိုးကားထားပြီး နဖူးပေါ်တွင် အထိမ်းအမှတ်တံဆိပ်ပါဝင်သည်။၎င်း၏ပုံစံသည် အစဉ်အလာဟောင်းနှင့် ဆန်းသစ်တီထွင်မှု နှစ်ခုလုံးကို ရည်ရွယ်သည်။

Remove ads

ပွဲများနှင့်အားကစား

ဖွင့်ပွဲအခမ်းအနား

Thumb
ဖွင့်ပွဲအခမ်းအနားတွင် ဒရုန်းများဖြင့် ပုံဖော်နေစဉ်

၂၀၂၀ တိုကျိုအိုလံပစ်၏ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၁ခုနှစ် ဇူလိုက်လ ၂၃ရက်နေ့ ည ၈နာရီက တိုကျိုမြို့ရှိ ဂျပန်အမျိုးသားအားကစားကွင်းတွင် ကျင်းပခဲ့သည်။ ပရိသတ်များ မပါဝင်ဘဲ ဧည့်သည်တော်များနှင့် အုပ်ချုပ်သူများသာ တက်ရောက်ခဲ့ကြသည်။ ဂျပန်ဧကရာဇ်က အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။

Thumb
ပင်မမီးရှူးတိုင် ထွန်းညှိပြီး​နောက် ​တွေ့ရစဉ်

ပိတ်ပွဲအခမ်းအနား

Thumb
ပိတ်ပွဲအခမ်းအနား

၂၀၂၀ တိုကျိုအိုလံပစ်၏ ပိတ်ပွဲအခမ်းအနားကို ၂၀၂၁ခုနှစ် ဩဂုတ်လ ၈ရက်နေ့ည ၈နာရီက တိုကျိုမြို့ရှိ ဂျပန်အမျိုးသားအားကစားကွင်းတွင် ကျင်းပခဲ့သည်။ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ ဥက္ကဋ္ဌက ၂၀၂၄ ပဲရစ်အိုလံပစ်ကို လက်ခံကျင်းပမည့် ပဲရစ်မြို့၏ မြို့တော်ဝန်ထံသို့ အိုလံပစ်အလံ လွှဲပြောင်းပေးခဲ့သည်။

အားကစားနည်းများ

နောက်ထပ် အချက်အလက်များ အားကစားနည်းများ ...

ပါဝင်သည့်နိုင်ငံများ

Thumb
နောက်ထပ် အချက်အလက်များ IOC, နိုင်ငံ ...

ဆုတံဆိပ်ဇယား

Key

  *   အိမ်ရှင်

နောက်ထပ် အချက်အလက်များ အဆင့်, NOC ...
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads