၂၀၂၀ နွေရာသီ မသန်စွမ်းအိုလံပစ်ပြိုင်ပွဲ

ဩဂုတ်လမှ စက်တင်ဘာလ ၂၀၂၁ အထိ တိုကျို၌ကျင်းပသောမသန်စွမ်းအိုလံပစ်ပွဲ From Wikipedia, the free encyclopedia

၂၀၂၀ နွေရာသီ မသန်စွမ်းအိုလံပစ်ပြိုင်ပွဲ
Remove ads

၂၀၂၀ နွေရာသီ ပါရာလမ်းပစ်ပြိုင်ပွဲ (သို့မဟုတ်) ၂၀၂၀ နွေရာသီ မသန်စွမ်းအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 2020 Summer Paralympics) သည် ဂျပန်နိုင်ငံတိုကျိုမြို့တွင် ၂၀၂၁ခုနှစ် ဩဂုတ်လ ၂၄ရက်မှ စက်တင်ဘာလ ၅ရက်နေ့အထိ ကျင်းပခဲ့သည့် ၁၆ကြိမ်မြောက် နွေရာသီ မသန်စွမ်းအိုလံပစ် အားကစားပွဲတော် ဖြစ်သည်။ မူလက ၂၀၂၀ပြည့်နှစ် ဩဂုတ်လ ၂၁ရက်နေ့မှ စက်တင်ဘာလ ၆ရက်နေ့အထိ ကျင်းပရန် ရည်ရွယ်ခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုကြောင့် ပြိုင်ပွဲကို အကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့ရသည်။

အချက်တိုများ အိမ်ရှင်နိုင်ငံ, ဆောင်ပုဒ် ...

ပြိုင်ပွဲကို ၂၀၂၁ခုနှစ်သို့ ရွှေ့ဆိုင်းထားသော်လည်း ပြိုင်ပွဲ၏ အမည်ကိုမူ ၂၀၂၀ဖြင့်သာ ဆက်လက်ထားရှိသည်။ တိုကျိုမြို့သည် ၁၉၆၄ နွေရာသီပါရာလမ်းပစ်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ဖူးသောကြောင့် တိုကျိုမြို့သည် နွေရာသီပါရာလမ်းပစ်ကို ၂ကြိမ်တိုင် လက်ခံကျင်းပသည့် ပထမဆုံးမြို့ ဖြစ်လာခဲ့သည်။ ဂျပန်နိုင်ငံသည် ၁၉၉၈ ဆောင်းရာသီ ပါရာလမ်းပစ်ကိုလည်း လက်ခံကျင်းပခဲ့ပြီး ပါရာလမ်းပစ်ပြိုင်ပွဲများကို ၃ကြိမ်တိုင်တိုင် လက်ခံကျင်းပခဲ့သည်။

၂၀၂၀ နွေရာသီ အိုလံပစ်ပြိုင်ပွဲကျင်းပပြီး ၁၆ရက်အကြာတွင် ပါရာလမ်းပစ်ကို တရားဝင် စတင်ခဲ့ပြီး အိုလံပစ်ပြိုင်ပွဲကဲ့သို့ပင် အားကစားကွင်း၊ရုံများတွင် ပရိသတ်များ ကြည့်ရှုနိုင်ခြင်း မရှိပေ။

Remove ads

လက်ခံကျင်းပခြင်း

အိမ်ရှင်ရွေးချယ်ခြင်း

အပြည်ပြည်ဆိုင်ရာအိုလံပစ်ကောင်စီနှင့် အပြည်ပြည်ဆိုင်ရာ ပါရာလမ်းပစ်ကောင်စီတို့၏ သဘောတူညီချက်အရ နွေရာသီအိုလံပစ်ပွဲတော်ကျင်းပမည့် မြို့သည် နွေရာသီ ပါရာလမ်းပစ်ပွဲတော်ကိုလည်း ကျင်းပခွင့် ရရှိသည်။

၂၀၂၀အိုလံပစ်ပွဲတော်အတွက် အိမ်ရှင်နေရာကို ဂျပန်နိုင်ငံ တိုကျိုမြို့စပိန်နိုင်ငံ မဒရစ်မြို့တူရကီနိုင်ငံ အစ်စတန်ဘူလ်မြို့တို့က အိမ်ရှင်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။အဇာဘိုင်ဂျန်နိုင်ငံ ဘာကူးမြို့ကာတာနိုင်ငံ ဒိုဟာမြို့တို့၏ ယှဉ်ပြိုင်မှုမှာ ဤအဆင့်အထိ မရောက်ခဲ့ပေ။အီတလီနိုင်ငံ ရောမမြို့မှာမူ နုတ်ထွက်သွားခဲ့သည်။

၂၀၁၃ခုနှစ် စက်တင်ဘာလ ၇ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာအိုလံပစ်ကောင်စီ၏ အစည်းအဝေးတွင် မဲခွဲကာ အိမ်ရှင်ရွေးချယ်ခဲ့ကြသည်။ နောက်ဆုံးတွင် ဂျပန်နိုင်ငံ တိုကျိုမြို့မှာ အိမ်ရှင်အဖြစ် ရွေးချယ်ခံခဲ့ရသည်။

နောက်ထပ် အချက်အလက်များ မြို့, အိုလံပစ်ကော်မတီအမည် ...

အားကစားကွင်းများ

Thumb
Tokyo Bay
Thumb
Nippon Budokan

အမွေအနှစ် ဇုံ

  • ဂျပန် အမျိုးသားအားကစားကွင်း – ပြေးခုန်ပစ်၊ ဖွင့်ပွဲ၊ ပိတ်ပွဲ
  • Nippon Budokan – ဂျူဒို
  • တိုကျိုမြင်းစီးကွင်း – မြင်းစီး
  • တိုကျိုနိုင်ငံတကာဖိုရမ် – Powerlifting
  • တိုကျိုမြို့တော်အားကစားရုံ – စားပွဲတင်တင်းနစ်
  • ယိုယိုဂီ အမျိုးသားအားကစားကွင်း – ကြက်တောင်ရိုက်၊ ဘီးတပ်ကုလားထိုင် ရက်ဘီ

တိုကျိုကမ်းခြေဇုံ

  • Aomi, Tokyo– ဘောလုံး (၅ယောက်)
  • Ariake Arena – ဘီးတပ်ကုလားထိုင် ဘက်စကတ်ဘော
  • Ariake Tennis Park – ဘီးတပ်ကုလားထိုင် တင်းနစ်
  • Dream Island Archery Park – မြားပစ်
  • Makuhari Messe – Goalball၊ အထိုင်ဘော်လီဘော၊ တိုက်ကွမ်ဒို၊ ဘီးတပ်ကုလားထိုင် ဓားသိုင်း၊
  • Odaiba Marine Park – မသန်စွမ်း သုံးမျိုးဆင့် အားကစား
  • တိုကျိုရေကူးကန် – ရေကူး
  • Olympic Gymnastics Centre – Boccia
  • Sea Forest Waterway – လှေလှော်၊ မသန်စွမ်းကနူးလှေ

အခြား

  • Musashino Forest Sports Plaza – ဘီးတပ်ကုလားထိုင် ဘက်စကတ်ဘော
  • Asaka Shooting Range – သေနတ်ပစ်
  • Izu Velodrome–စက်ဘီးစီး (Track)
  • Fuji Speedway – စက်ဘီးစီး (Road)


Remove ads

ပြိုင်ပွဲအထိမ်းအမှတ်များ

အထိမ်းအမှတ်တံဆိပ်

၂၀၂၀ နွေရာသီအိုလံပစ်ပြိုင်ပွဲနှင့် ပါရာလမ်းပစ်ပြိုင်ပွဲဓအတွက် အထိမ်းအမှတ်တံဆိပ်များကို ၂၀၁၆ခုနှစ် ဧပြီလ ၂၅ရက်နေ့တွင် ထုတ်ဖော်ပြသခဲ့သည်။ ပါရာလမ်းပစ်ပြိုင်ပွဲအတွက် အမှတ်တံဆိပ်မှာ ယပ်ကို အဝိုင်းပုံစံ ပုံဖော်ထားခြင်းဖြစ်သည်။ အထိမ်းအမှတ်တံဆိပ်၏ ပုံစံမှာ ဂျပန်နိုင်ငံ၏ စံပြပုံစံဖြစ်သော ခေတ်မီပြီး ကြော့ရှင်းခြင်းကို ရည်ညွှန်းထားသည်။ဤအထိမ်းအမှတ်တံဆိပ်ကို အတည်မပြုမီ ယခင်အမှတ်တံဆိပ်များမှာ ဘယ်လ်ဂျီယံနိုင်ငံရှိ ပြဇာတ်ရုံတစ်ခု၏ အမှတ်တံဆိပ်နှင့် ဆင်တူနေ၍ ပယ်ဖျက်ခဲ့ကြသည်။

လာဘ်ကောင်

၂၀၂၀ နွေရာသီအိုလံပစ်ပြိုင်ပွဲ၏ အထိမ်းအမှတ်လာဘ်ကောင်မှာ Someity အမည်ရသည်။၎င်း၏ ပုံစံမှာ အထိမ်းအမှတ်တံဆိပ်ကို ကိုးကားထားပြီး နဖူးပေါ်တွင် အထိမ်းအမှတ်တံဆိပ်ပါဝင်သည်။၎င်း၏ပုံစံသည် အစဉ်အလာဟောင်းနှင့် ဆန်းသစ်တီထွင်မှု နှစ်ခုလုံးကို ရည်ရွယ်သည်။

Remove ads

ပွဲများနှင့်အားကစား

ဖွင့်ပွဲအခမ်းအနား

၂၀၂၀ တိုကျိုမသန်စွမ်းအိုလံပစ်၏ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၁ခုနှစ် ဩဂုတ်လ ၂၄ရက်နေ့ ည၈နာရီတွင် တိုကျိုမြို့ရှိ ဂျပန် အမျိုးသားအားကစားကွင်းတွင် ကျင်းပခဲ့သည်။ ပရိသတ်များ မပါဝင်ဘဲ ဧည့်သည်တော်များနှင့် အုပ်ချုပ်သူများသာ တက်ရောက်ခဲ့ကြသည်။ ဂျပန်ဧကရာဇ်က အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။

Thumb
ဖွင့်ပွဲအခမ်းအနား ကျင်းပ​နေစဉ်

ပိတ်ပွဲအခမ်းအနား

၂၀၂၀ တိုကျိုမသန်စွမ်းအိုလံပစ်၏ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၁ခုနှစ် စက်တင်ဘာလ ၅ရက်နေ့ ည၈နာရီတွင် တိုကျိုမြို့ရှိ ဂျပန် အမျိုးသားအားကစားကွင်းတွင် ကျင်းပခဲ့သည်။ ပရိသတ်များ မပါဝင်ဘဲ ဧည့်သည်တော်များနှင့် အုပ်ချုပ်သူများသာ တက်ရောက်ခဲ့ကြသည်။

Thumb
ပိတ်ပွဲအခမ်းအနားကျင်းပ​နေစဉ်

ပါဝင်သည့်နိုင်ငံများ

နောက်ထပ် အချက်အလက်များ NPCs, နိုင်ငံ ...

အားကစားနည်းများ

နောက်ထပ် အချက်အလက်များ အားကစားနည်းများ ...

ဆုတံဆိပ်ဇယား

Key

  *   အိမ်ရှင်

နောက်ထပ် အချက်အလက်များ အဆင့်, NOC ...
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads