သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန
မြန်မာနိုင်ငံဝန်ကြီးဌာန From Wikipedia, the free encyclopedia
Remove ads
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနသည် ၂၀၂၁ ခုနှစ်တွင် အသစ်ဖွဲ့စည်းလိုက်သော ဝန်ကြီးဌာနတစ်ခုဖြစ်သည်။ လက်ရှိဝန်ကြီးမှာ ဦးလှမိုးဖြစ်သည်။[၁]
ဝန်ကြီးဌာနလက်အောက်တွင် ဦးစီးဌာန (၄)ခု၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များ၊ ယွန်းပညာကောလိပ်၊ သမဝါယမကောလိပ်များ၊ သမဝါယမစာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းများ တည်ရှိသည်။
Remove ads
သမိုင်းကြောင်း
မြန်မာနိုင်ငံတွင် သမဝါယမနှင့် ကုန်စည်ဖြန့်ဖြူးရေးဝန်ကြီးဌာနကို ၁၉၅၁ခုနှစ်မှစ၍ ဖွဲ့စည်းခဲ့သည်။ ထို့နောက် ထောက်ပံရေးနှင့် သမဝါယမဝန်ကြီးဌာန၊ သမဝါယမဝန်ကြီးဌာန စသည်ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
၂၀၁၆ ခုနှစ်တွင် သမဝါယမဝန်ကြီးဌာန၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနတို့ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အဖြစ် ဖွဲ့စည်းခဲ့သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ဖွဲ့စည်းခဲ့သော အစိုးရအဖွဲ့တွင် ယခင်ဖျက်သိမ်းခဲ့သော သမဝါယမဦးစီးဌာန နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအဖြစ် အသစ်ဖွဲ့စည်းခဲ့သည်။[၂] [၃][၄]
၂၀၂၂ ခုနှစ် ဇွန်လ (၂၃)ရက်နေ့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန အား လွှဲပြောင်းရယူခဲ့သည်။[၅]
Remove ads
ဖွဲ့စည်းပုံ
အကြီးအကဲများ
ပြည်ထောင်စုဝန်ကြီးများ
ဒုတိယဝန်ကြီးများ
ပြင်ပလင့်ခ်များ
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads