အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်

​တောင်ကြီးမြို့အ​ခြေစိုက် တပ်မ​တော်တိုင်းစစ်ဌာနချုပ် From Wikipedia, the free encyclopedia

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်
Remove ads

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (အတိုကောက် ရပခ)သည် တောင်ကြီးမြို့အခြေစိုက် တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်သည်။ အဓိက တာဝန်မှာ ရှမ်းပြည်နယ်တောင်ပိုင်းနယ်မြေနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိကတာဝန်ယူဆောင်ရွက်ရသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ၎င်း၏လက်အောက်ခံတပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်ပိုင်းဆိုင်ရာ လုပ်ငန်းများကိုပါ ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် အထက်ဌာနများမှ အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့် ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုပါ ဆောင်ရွက်ရသည်။ လက်ရှိ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်ချုပ် ဇော်မင်းလတ် (ကြည်း-၂၇၁၈၃) (စတသ-၃၇) ဖြစ်သည်။

အချက်တိုများ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်, နိုင်ငံ ...
Remove ads
Remove ads

သမိုင်း

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် အား ၁၉၆၁ ခုနှစ်၊ နှစ်ကုန်ပိုင်း၌ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ အမှတ် (၄) ခြေလျင်တပ်မဟာဌာနချုပ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ အမှတ် (၉) ခြေလျင်တပ်မဟာဌာနချုပ်၊  ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ အမှတ် (၆) ခြေလျင်တပ်မဟာဌာနချုပ်တို့ကို စုစည်းကာ တောင်ကြီးမြို့တွင် ဖွဲ့စည်းခဲ့သည်။ 

၁၉၇၀ ပြည့်လွန်နှစ်များတွင် အရှေ့မြောက်ပိုင်းဒေသ၌ ဗမာပြည်ကွန်မြူနစ်ပါတီမှ အပြင်းအထန်လှုပ်ရှားလာသဖြင့် ၁၉၇၀ ပြည့်နှစ်၊ ဇွန်လတွင် မဟာဗျူဟာကွပ်ကဲမှုဌာနချုပ်ကို လားရှိုးမြို့တွင် ဖွင့်လှစ်ခဲ့သည်။ ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်းရှိ တပ်များ၊ တပ်မတော်စစ်ဆင်ရေးများကို မဟာဗျူဟာကွပ်ကဲမှုဌာနချုပ်မှ တိုက်ရိုက်ကွပ်ကဲခဲ့သည်။ အင်အားကြီးထွားလာသော ဗမာပြည်ကွန်မြူနစ်ပါတီ၏ လှုပ်ရှားမှုများကို ပိုမိုထိရောက်စွာရင်ဆိုင်နိုင်ရန်အလို့ငှာ ၁၉၇၂၊ ဇူလိုင်လတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) အား ရပခကွပ်ကဲမှုအောက်မှ ခွဲထုတ်၍ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို လားရှိုးမြို့တွင် အခြေပြုကာ ထပ်မံဖွဲ့စည်းခဲ့သည်။ တဖန် ၁၉၉၆ ခုနှစ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒေသအား တြိဂံဒေသတိုင်းစစ်ဌာနချုပ်အဖြစ်လည်းကောင်း၊ ၂၀၁၂ ခုနှစ်တွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုလည်းကောင်း ရပခ ကွပ်ကဲမှုနယ်မြေအတွင်းမှ ခွဲထုတ်၍ သီးခြားစစ်တိုင်းများအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) ၏ ပထမဆုံးတိုင်းမှူးအဖြစ် ကြည်း-၃၅၆၉၊ ဗိုလ်မှူးချုပ်စန်းယုမှ ၁၉၆၁ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့မှ နိုဝင်ဘာလ ၁၃ ရက်နေ့ အထိ တာဝန်ယူခဲ့သည်။ ၁၉၆၁ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဗိုလ်မှူးချုပ်စန်းယုသည် အနောက်မြောက်တိုင်းစစ်ဌာနချုပ်သို့ ပြောင်းရွှေ့သွားသဖြင့်  ကြည်း ၃၅၈၅၊ ဗိုလ်မှူးကြီး မောင်ရွှေသည် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ ဒုတိယမြောက် တိုင်းမှူး ဖြစ်လာခဲ့သည်။

Remove ads

ဖွဲ့စည်းပုံ

လက်ရှိ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ ကွပ်ကဲမှုအောက်တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်)၊ အခြေချစစ်ဗျူဟာများ၊ လှုပ်ရှားစစ်ဗျူဟာများနှင့် ခြေလျင်/ခြေမြန်တပ်ရင်း (၁၄) ရင်းရှိသည်။

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လွိုင်ကော်)

စစ်ဗျူဟာအဖွဲ့များ

အခြေချစစ်ဗျူဟာများ၊ လှုပ်ရှားစစ်ဗျူဟာများနှင့် ၎င်းတို့ကွပ်ကဲမှုအောက် ခြေလျင်/ခြေမြန်တပ်ရင်း (၁၄) ရင်းရှိသည်။

Remove ads

တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ ခြေမြန်တပ်မနှင့် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်များ

အမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - အမှတ်(၅၅)ခြေမြန်တပ်မ ဌာနချုပ်

အမှတ်(၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - အမှတ်(၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့သူများ

  • ဗိုလ်မှူးချုပ် စန်းယု (ကြည်း - ၃၅၆၉) (၁၆-၁၀-၁၉၆၁ မှ ၂၉-၁၁-၁၉၆၁)
  • ဗိုလ်မှူးကြီး မောင်ရွှေ (ကြည်း - ၃၅၇၅) (၂၉-၁၁-၁၉၆၁ မှ ၁၉-၉-၁၉၆၄)
  • ဗိုလ်မှူးကြီး စိန်မြ (ကြည်း - ၃၅၇၆) (၁၉-၉-၁၉၆၄ မှ ၂၁-၅-၁၉၆၅)
  • ဗိုလ်မှူးကြီး မောင်ကျော် (ကြည်း - ၃၆၂၆) (၂၁-၅-၁၉၆၅ မှ )
  • ဗိုလ်မှူးကြီး သူရအောင်ဖေ (ကြည်း - ၃၅၉၂)
  • ဗိုလ်မှူးကြီး သန်းတင် (ကြည်း - ၅၆၀၃) (ဗသက - ၂)
  • ဗိုလ်မှူးကြီး စံကြည် (ကြည်း - ၃၆၂၇) (၁၈-၅-၁၉၇၁ မှ ၂၈-၃-၁၉၇၄)
  • ဗိုလ်မှူးချုပ် ထွန်းရီ (ကြည်း - ၅၈၉၆) (၂၈-၃-၁၉၇၄ မှ ၂၄-၁၁-၁၉၇၇)
  • ဗိုလ်မှူးချုပ် လှဦး (ကြည်း - ၆၂၁၄) (၂၄-၁၁-၁၉၇၇ မှ ၇-၈-၁၉၈၁)
  • ဗိုလ်မှူးချုပ် အေးစန် (ကြည်း - ၆၁၄၄) (၇-၈-၁၉၈၁ မှ ၄-၁၁-၁၉၈၅)
  • ဗိုလ်မှူးကြီး လှမော် (ကြည်း - ၇၈၆၇) (စတသ - ၁)
  • ဗိုလ်မှူးချုပ် ထွန်းရွှေ (ကြည်း - ၇၅၀၅)
  • ဗိုလ်ချုပ် မောင်အေး (ကြည်း - ၇၈၇၅) (စတသ - ၁)
  • ဗိုလ်ချုပ် တင်ထွဋ် (ကြည်း - ၉၈၂၇) (ဗသက - ၂၉)
  • ဗိုလ်ချုပ် မောင်ဘို (ကြည်း - ၁၀၃၃၇) (ဗသက - ၃၁)
  • ဗိုလ်ချုပ် ခင်မောင်မြင့် (ကြည်း - ) (ဗသက - ၄၉)
  • ဗိုလ်ချုပ် သောင်းအေး (ကြည်း - ၁၄၇၈၈) (စတသ - ၂၀)
  • ဗိုလ်ချုပ် ရာပြည့် (ကြည်း - ၁၆၅၅၆) (စတသ - ၂၂)
  • ဗိုလ်ချုပ် စန်းဦး (ကြည်း - ၁၇၅၀၂) (စတသ - ၂၄)
  • ဗိုလ်ချုပ် စိုးထွဋ် (ကြည်း - ၁၇၅၄၀) (ဗသက - ၆၄)
  • ဗိုလ်ချုပ် လင်းအောင် (ကြည်း - ၁၈၈၂၀) (စတသ - ၂၆)
  • ဗိုလ်ချုပ် အေးဝင်း (ကြည်း - ၁၈၉၈၅) (စတသ - ၂၆)
  • ဗိုလ်ချုပ် နီလင်း​အောင် (ကြည်း - ၂၇၁၆၀) (စတသ - ၃၇) []
  • ဗိုလ်ချုပ် မျိုးမင်းထွန်း (ကြည်း - ၂၇၈၉၄) (အလသ - ၂၃) []
  • ဗိုလ်ချုပ် လှမိုး (ကြည်း - ၂၉၃၅၃) (စတသ - ၃၉)
  • ဗိုလ်ချုပ် ဇော်မင်းလတ် (ကြည်း - ၂၇၁၈၃) (စတသ - ၃၇) []

.

Remove ads

ကိုးကား

Loading content...

နောက်ထပ်ကြည့်ရန်

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads