၂၀၁၅ အမျိုးသားအားကစားပွဲတော်
From Wikipedia, the free encyclopedia
Remove ads
၂၀၁၅ အမျိုးသားအားကစားပွဲတော်သည် နေပြည်တော်မြို့တွင် ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ ၂၁ရက်မှ ၂၈ရက်နေ့အထိ ကျင်းပခဲ့သော စတုတ္ထအကြိမ် အမျိုးသားအားကစားပွဲတော် ဖြစ်သည်။ ပြည်ထောင်စုနယ်မြေ ၁ ခု၊ ပြည်နယ်နှင့်တိုင်း ၁၄ ခုတို့မှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။ ၁၉၉၇ ခုနှစ်တွင် ရန်ကုန်မြို့၌ တတိယအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပပြီး ၁၈ နှစ်အကြာမှ ပြန်လည်ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။
ဤပွဲတော်သည် ၂၀၁၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် မျိုးဆက်သစ်များ ထွက်ပေါ်လာစေရန် ရည်ရွယ်သည်။[၁]ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့က ပထမ၊ ဒုတိယ၊ တတိယ ရရှိခဲ့သည်။
Remove ads
ပြိုင်ပွဲကျင်းပခြင်း
ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ် အမျိုးသားအားကစားပွဲတော်များမှာ ၁၉၉၂၊ ၁၉၉၄၊ ၁၉၉၇ ခုနှစ်တို့တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။ ထို့နောက် ကျင်းပရန်အခက်အခဲများကြောင့် ဆက်လက်ကျင်းပခြင်းမရှိခဲ့ပေ။[၂]၂၀၁၅ခုနှစ်ရောက်မှသာ ပြန်လည်ကျင်းပနိုင်ခဲ့သည်။ ပြိုင်ပွဲကို နေပြည်တော်တွင် ကျင်းပခဲ့သည်။ ပြိုင်ပွဲ၏ပွဲစဉ်အချို့ကို ဇန်နဝါရီ (၈)ရက်နေ့ကတည်းကပင် စတင်ကျင်းပခဲ့သည်။[၃]
ပွဲများနှင့်အားကစား
ဖွင့်ပွဲအခမ်းအနား
၂၀၁၅ အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲကို ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ (၂၁) ရက်နေ့ နံနက် (၈) နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ (ဘီ) ၌ ကျင်းပခဲ့သည်။ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း က အားကစာယပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။
ပိတ်ပွဲအခမ်းအနား
၂၀၁၅ အမျိုးသားအားကစားပွဲတော် ပိတ်ပွဲကို ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ (၂၈) ရက်နေ့ ညနေ (၆) နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ကျင်းပခဲ့သည်။ ပိတ်ပွဲမစမီတွင် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ကျင်းပခဲ့သည်။ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက ပွဲတော်ကို ပိတ်သိမ်းပေးခဲ့သည်။
ပါဝင်သည့်အသင်းများ
အားကစားနည်းများ
ပြေးခုန်ပစ်
ကြက်တောင်ရိုက်
ဘတ်စကက်ဘော
ဘီလိယက်နှင့် စနူကာ
ကာယကြံ့ခိုင်မှု
လက်ဝှေ့
စစ်တုရင်
- ခြင်းလုံး
စက်ဘီးစီး
ဘောလုံး
ဖူဆယ်
ဂေါက်သီး
ဂျူဒို
ကရာတေး
ပိုက်ကျော်ခြင်း
ရေကူး/ဒိုင်ဗင်
ရိုးရာလက်ဝှေ့
စားပွဲတင်တင်းနစ်
တိုက်ကွမ်ဒို
တင်းနစ်
- မြန်မာ့သိုင်း
ဘော်လီဘော
အလေးမ
ဝူရှုး
၃မျိုးဆင့် အားကစား
ခရစ်ကတ်
အာရှအားကစားပြိုင်ပွဲတွင် အသုံးပြုခဲ့သော အားကစားကွင်း/ရုံများတွင် ကျင်းပခဲ့သည်။ ထို့အပြင် လယ်ဝေးနှင့် ပျဉ်းမနားမြို့များရှိ အားကစားကွင်းများကိုလည်း အသုံးပြုခဲ့သည်။ အားကစားနည်းပေါင်း (၂၇)နည်းတွင် အမျိုးသား (၂,၈၉၅)ဦး၊ အမျိုးသမီး (၁,၄၆၆)ဦးတို့ ပါဝင်ယီဉ်ပြိုင်ကြသည်။ ထို့အပြင် အားကစားနည်း (၇)နည်းဖြင့် မသန်စွမ်းအားကစားပြိုင်ပွဲလည်း ပါဝင်သည်။[၄]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads