အနောက်ဥရောပ စံတော်ချိန် (အင်္ဂလိပ်: Western European Time(WET, UTC±00:00)သည် ဥရောပအနောက်ပိုင်းအား လွမ်းခြုံထားသော အချိန်ဇုန်ဖြစ်ပြီး UTC±00:00(ဂရင်းနစ်စံတော်ချိန်ဟုလည်း လူသိများသည်) အား အသုံးပြုသော နိုင်ငံများ ပါဝင်သည်။[1][2] ဤအချိန်ဇုန်သည် ဗဟိုဥရောပ စံတော်ချိန်အရှေ့ဥရောပ စံတော်ချိန် အစရှိသည့် အချိန်ဇုန်များနှင့်အတူ ဥရောပသမဂ္ဂအတွင်း အသုံးပြုသော စံအချိန်ဇုန် ၃ ခုထဲမှ တစ်ခုဖြစ်သည်။[3][2]

Thumb
ဥရောပတိုက်ရှိ အချိန်ဇုန်များ:
ခရမ်းရောင်ဖျော့ဖျေ အနောက်ဥရောပ စံတော်ချိန် / ဂရင်းနစ်စံတော်ချိန် (UTC)
ခရမ်းရောင် အနောက်ဥရောပဒေသ စံတော်ချိန် / ဂရင်းနစ်စံတော်ချိန် (UTC)
အနောက်ဥရောပဒေသ နွေရာသီစံတော်ချိန် / ဗြိတိသျှ နွေရာသီစံတော်ချိန် / အိုင်းရစ် စံတော်ချိန် (UTC+1)
အနီရောင် ဗဟိုဥရောပဒေသ စံတော်ချိန် (UTC+1)
ဗဟိုဥရောပဒေသ နွေရာသီစံတော်ချိန် (UTC+2)
အဝါရောင် အရှေ့ဥရောပဒေသ စံတော်ချိန် / ကာလင်နင်ဂရတ်ဒေသ စံတော်ချိန် (UTC+2)
ရွှေ အရှေ့ဥရောပဒေသ စံတော်ချိန် (UTC+2)
အရှေ့ဥရောပဒေသ နွေရာသီစံတော်ချိန် (UTC+3)
အစိမ်းရောင်ဖျော့ဖျော့ မော်စကို စံတော်ချိန် / တူရကီ စံတော်ချိန် (UTC+3)
အရောင်ဖျော့များသည် တနှစ်ပတ်လုံး စံတော်ချိန် တစ်ခုတည်းသာ အသုံးပြုသော ဒေသများအား ရည်ညွှန်းပြီး အရောင်ရင့်များသည် နွေရာသီစံတော်ချိန်အား အသုံးပြုသော ဒေသများအား ရည်ညွှန်းသည်။

ဖော်ပြပါ အနောက်ဥရောပနိုင်ငံများနှင့် ဒေသများတွင် UTC±00:00 အား ဆောင်းရာသီလများတွင် အသုံးပြုသည်။

အပေါ်တွင် ဖော်ပြထားသော နိုင်ငံများတွင် အိုက်စလန်နိုင်ငံမှလွဲ၍[14] နွေရာသီတွင် နေ့အလင်းရောင်ထိန်းသိမ်းသော အချိန်(နှစ်တိုင်း မတ်လနောက်ဆုံး တနင်္ဂနွေနေ့မှ အောက်တိုဘာလ နောက်ဆုံးတနင်္ဂနွေနေ့အထိ)ဖြစ်သည့် အနောက်ဥရောပ နွေရာသီစံတော်ချိန်(Western European Summer Time (WEST, UTC+01:00))(WET ထက် တစ်နာရီရှေ့ရောက်သော) အသုံးပြုကြသည်။[15] WEST ကို ဗြိတိသျှ နွေရာသီစံတော်ချိန်ဟု ယူနိုက်တက်ကင်းဒမ်းတွင် ခေါ်ဆိုပြီး အိုင်ယာလန်နိုင်ငံတွင် အိုင်းရစ် စံတော်ချိန်ဟု တရားဝင်သုံးနှုန်းကြသည်။


ကိုးကား

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.