ကယန်းအမျိုးသားတပ်မတော်

From Wikipedia, the free encyclopedia

Remove ads

ကယန်းအမျိုးသားတပ်မတော် (အင်္ဂလိပ်: Kayan National Army; အတိုကောက် KNA) သည် ကရင်နီ လက်နက်ကိုင်တပ်ဖွဲ့တစ်ခု ဖြစ်သည်။ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့အနေဖြင့် ကရင်နီလက်နက်ကိုင်တပ်ဖွဲ့ငယ်များ ပူးပေါင်း ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

အချက်တိုများ ကယန်းအမျိုးသားတပ်မတော်, ခေါင်းဆောင်များ ...
Remove ads

မူရင်းနှင့် ရည်ရွယ်ချက်များ

၂၀၂၁ မြန်မာနိုင်ငံ စစ်အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီ ဆန့်ကျင်သော ကရင်နီလက်နက်ကိုင်အဖွဲ့ငယ်များ ပူးပေါင်းကာ ကယန်းအမျိုးသားတပ်မတော် ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ၏ စစ်ရေးကော်မတီဝင် ၁၄ ဦးမှ ဦးဆောင် ဖွဲ့စည်းခဲ့သည်။ မိုးဗြဲလွိုင်ကော်ဒီးမော့ဆိုဖယ်ခုံနှင့် ပျဉ်းမနားဒေသများကို လွှမ်းခြုံစေမည့် အနာဂတ် ကရင်နီပြည်နယ်အတွက် လက်နက်ကိုင်တပ်ဖွဲ့အနေဖြင့် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။[] တပ်ရင်း (၈) ခုဖြင့် ဖွဲ့စည်းခဲ့သည်။ []

Remove ads

အခြားလက်နက်ကိုင်အဖွဲ့များနှင့် ဆက်ဆံရေး

အခြားသော စစ်ကောင်စီဆန့်ကျင်သည့် ကရင်နီတပ်ဖွဲ့များရှိနေစဉ်အတွင်း ကယန်းအမျိုးသားတပ်မတော် ဖွဲ့စည်းခြင်းအတွက် ကရင်နီလူမျိုးများက ပြောဆိုခဲ့သော်လည်း ကယန်းအမျိုးသားတပ်မတော်သည် စစ်ကောင်စီဆန့်ကျင်တိုက်ခိုက်နေသည့် အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆိုခဲ့သည်။[ကိုးကားချက်လိုသည်]

ကယန်းအမျိုးသားတပ်မတော်သည် အမျိုးသားညီညွတ်ရေးအစိုးရအား အသိအမှတ်ပြုသော်လည်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ လက်အောက်ခံ မဟုတ်ပေ။[]

Remove ads

ဖတ်ရှုပါ

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads