ကယန်းအမျိုးသားတပ်မတော်

From Wikipedia, the free encyclopedia

ကယန်းအမျိုးသားတပ်မတော်
Remove ads

ကယန်းအမျိုးသားတပ်မတော် (အင်္ဂလိပ်: Kayan National Army; အတိုကောက် KNA) သည် ကယန်းဒေသရှိ ပြန့်ကြဲနေတဲ့ ကယန်းလက်နက်ကိုင်တပ်ဖွဲ့များကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ၂၉ ရက်နေ့တွင် စုစည်းဖွဲ့စည်းခဲ့တယ်။

အချက်တိုများ ကယန်းအမျိုးသားတပ်မတော်, ခေါင်းဆောင်များ ...

ကယန်းအမျိုးသားတပ်မတော်ကို ကယန်းအမျိုးသားတပ်မတော် နိုင်ငံရေးဦးဆောင်ကော်မတီက နိုင်ငံရေးအရ ခေါင်းဆောင်သည်။ နိုင်ငံရေးဦးဆောင်ကော်မတီကို ဥက္ကဌ ခွန်းဗဟန်းထန်၊ ဒုဥက္ကဌ ခွန်းဆောင်ဒူ၊ အတွင်းရေးမှူး ခွန်းမျိုးဦး၊ ကော်မတီဝင်များဖြစ်တဲ့ ခွန်းရဲခေါင် ၊ ခွန်းငိန်းရွှေနန်း၊ ခွန်းသူရကျော်ဇံ၊ ခွန်းမောင်ညို စသည့် ၇ဦးမှ ဦးဆောင်သည်။ စစ်အာဏာရှင်စနစ်ဖျက်သိမ်းပြီး ကယန်းနယ်၄နယ်ပေါင်းစည်းလျက် ပထဝီနယ်မြေကို အခြေပြုတဲ့ ကယန်းပြည်နယ်တခုကို ရည်မှန်းသည်။ ကယန်းအမျိုးသားတပ်မတော်သည် လူမျိုးစုံချစ်ကြည်ရေးဝါဒကို အခြေခံတဲ့ ကယန်းအမျိုးသားနိုင်ငံရေးလမ်းစဉ်ကို ချမှတ်ထားသည်။

Remove ads

မူရင်းနှင့် ရည်ရွယ်ချက်များ

၂၀၂၁ မြန်မာနိုင်ငံ စစ်အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီ ဆန့်ကျင်သော ကယန်းလက်နက်ကိုင်အဖွဲ့ငယ်များ ပူးပေါင်းကာ ကယန်းအမျိုးသားတပ်မတော် ကို ဖွဲ့စည်းခဲ့သည်။ မိုးဗြဲလွိုင်ကော်ဒီးမော့ဆိုဖယ်ခုံနှင့် ပျဉ်းမနားဒေသများကို လွှမ်းခြုံစေမည့် အနာဂတ် ကယန်းပြည်နယ်အတွက် လက်နက်ကိုင်တပ်ဖွဲ့အနေဖြင့် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။[] တပ်ရင်း (၁၀)အထိ ဖွဲ့စည်းနိုင်ခဲ့သည်။ []

အခြားလက်နက်ကိုင်အဖွဲ့များနှင့် ဆက်ဆံရေး

အခြားသော စစ်ကောင်စီဆန့်ကျင်သည့် ကရင်နီတပ်ဖွဲ့များရှိနေစဉ်အတွင်း ကယန်းအမျိုးသားတပ်မတော် ဖွဲ့စည်းခြင်းအတွက် ကရင်နီလူမျိုးများက ပြောဆိုခဲ့သော်လည်း ကယန်းအမျိုးသားတပ်မတော်သည် စစ်ကောင်စီဆန့်ကျင်တိုက်ခိုက်နေသည့် အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆိုခဲ့သည်။[ကိုးကားချက်လိုသည်]

ကယန်းအမျိုးသားတပ်မတော်သည် အမျိုးသားညီညွတ်ရေးအစိုးရအား အသိအမှတ်ပြုသော်လည်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ လက်အောက်ခံ မဟုတ်ပေ။[]

Remove ads

ဖတ်ရှုပါ

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads