နှင်းကျားသစ်

နို့တိုက်သတ္တဝါမျိုးစိတ် (ကြောင်မျိုးရင်းဝင်) From Wikipedia, the free encyclopedia

နှင်းကျားသစ်
Remove ads

နှင်းကျားသစ် (အင်္ဂလိပ်: Snow Leopard) သည် ကြောင်မျိုးရင်းဝင် သားရဲတိရစ္ဆာန်ဖြစ်ပြီး ကြောင်ကြီးမျိုးစုပန်တယ်ရာ အန်စီယာ (Panthera uncia) မျိုးစိတ်ဖြစ်သည်။ နှင်းကျားသစ်အများစုသည် အလယ်အာရှဒေများတွင် နေထိုင် ကျက်စားကြသည်။ နှင်းကျားသစ်ကို ကျားသစ် အဖြစ် ခေါ်ဆိုကြသော်လည်း ကျားသစ်အကောင်အသေးများနှင့် သာ ခပ်ဆင်ဆင်တူပြီး ပါဏဗေဒအရ မျိုးစုတူသော်လည်း မျိုးစိတ် မတူကြချေ။[]

အချက်တိုများ နှင်းကျားသစ် (Snow Leopard), ထိန်းသိမ်းစောင့်ရှောက်ရေး အဆင့်အတန်း ...
Remove ads

ပုံပန်းသဏ္ဌာန်

နှင်းကျားသစ်များသည် အရှည်အားဖြင့် ၁.၄ မီတာခန့် ရှည်လျားကြပြီး အမြီးအရှည်မှာ ၉၀ စင်တီမီတာမှ ၁၀၀ စင်တီမီတာ အထိ ရှည်လျားလေ့ ရှိကြသည်။ ၎င်းတို့သည် အလေးချိန်အားဖြင့် ၇၅ ကီလိုဂရမ် အထိ ရှိတတ်သည်။ နှင်းကျားသစ် တို့တွင် မီးခိုးရောင် နှင့် အဖြူရောင် အမွှေးများနှင့် အနက်ရောင် အစက်အပြောက်များ ရှိတတ်သည်။ ၎င်းတို့၏ အမြှီးတွင် အစင်းများ ရှိတတ်သည်။ နှင်းကျားသစ်တို့၏ အမွှေးများမှာ အအေးဒဏ်ခံနိုင်ရန် အတွက် ရှည်လျား ထူထပ်နေလေ့ ရှိသည်။ ၎င်းတို့၏ ခြေထောက်များမှာလည်း ကြီးမားပြီး အမွှေးထူကြသည်။ ထို့အတွက်ကြောင့် ၎င်းတို့ အနေနှင့် နှင်းထဲတွင် လွယ်ကူစွာ လျှောက်သွားနိုင်ကြသည်။

နှင်းကျားသစ်တို့သည် ၁၅ မီတာခန့်အထိ ဝေးလံစွာ ခုန်နိုင်ကြသည်။ ကြောင်မျိုးရင်းဝင် တိရစ္ဆာန်များအနက် နှင်းကျားသစ် တစ်မျိုးသာလျှင် ကြောင်ကဲ့သို မအော်နိုင် မဟိန်းနိုင်ကြပေ။[][]

Remove ads

နေထိုင်မှုဘဝ

နှင်းကျားသစ်တို့သည် အများအားဖြင့် ညဘက်တွင် ကျက်စားလေ့ ရှိပြီး တစ်ကောင်တည်း နေထိုင်လေ့ ရှိကြသည်။ ရက် ၁၀၀ ခန့် ကိုယ်ဝန်ဆောင်ပြီးနောက်တွင် နှင်းကျားသစ်မသည် ကလေး ၂ ကောင် ၃ကောင်ခန့်ကို မွေးလေ့ ရှိသည်။ သူတို့သည် အလွန်ကြီးမားသော ကြောင်မျိုးရင်းဝင် တိရစ္ဆာန်များ ဖြစ်ပြီး လူတို့သည် ၎င်းတို့ကို အမွှေးအတွက် သတ်ဖြတ်လေ့ ရှိကြသည်။


ဇီဝမျိုးရိုးခွဲခြားခြင်း

အောက်ပါ ဇယားကားချပ်သည် ဇီဝမျိုးခွဲပညာရှင်များမှ သိပ္ပံနည်းကျ ခွဲခြားထားသော မျိုးရိုးဇယားဖြစ်သည်။

 ကြောင်မျိုးရင်း 
 ကြောင်မျိုးရင်းခွဲ 

 (အခြားကြောင်မျိုးရင်းဝင်မျိုးစိတ်များ)

(Felinae)
 ကြောင်ကြီးမျိုးရင်းခွဲ 
 ကြောင်ကြီးမျိုးစု 

 ခြင်္သေ့

 ကျားသစ်

 ဂျိုက်ဂွါး

 ကျား

 "နှင်းကျားသစ်"

(Panthera)
 အင်းကျားမျိုးစု 

 (မျိုးစိတ် နှစ်ခု)

(Neofelis)
(Pantherinae)
(Felidae)

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads