ခွန်သန့်​ဇော်ထူး

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး(ငြိမ်း) From Wikipedia, the free encyclopedia

Remove ads

ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး သည် ပအိုဝ်းတိုင်းရင်းသား တစ်ဦး ဖြစ်ပြီး တပ်မတော် တွင် တွဲဖက် စစ်ရေးချုပ် အဖြစ်ထမ်းဆောင်ခဲ့သူဖြစ်သည်။သူသည် ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် နယ်စပ်ရေးရာဝန်ကြီးဌာန နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁)၊ (၄)တို့၏ ဒုတိယဝန်ကြီးများ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ယင်းအပြင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ၏ ပြည်ထောင်စုဝန်ကြီး အဖြစ်ပါ တာဝန်ပေးအပ်ခံရသည်။

အချက်တိုများ ဗိုလ်ချုပ် (ငြိမ်း) ဇေယျကျော်ထင် ခွန်သန့်ဇော်ထူး, တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ...
Remove ads

စစ်မှုထမ်းခြင်း

သူ၏ တပ်မတော် ပြန်တမ်းဝင်အမှတ် မှာ ကြည်း ၂၀၂၁၉ ဖြစ်သည်။[] တပ်မတော် တွင် ရာထူးအဆင့်ဆင့်ထမ်းဆောင်ပြီးနောက် ၂၀၁၅ ခုနှစ် နောက်ပိုင်းတွင် ဗိုလ်မှူးချုပ်အဆင့်ဖြင့် အမှတ် ၃ စစ်ဆင်ရေးကွပ်ကဲရေးမှူး၊ ဗိုလ်ချုပ်အဆင့်ဖြင့် တွဲဖက်စစ်ရေးချုပ် တို့အဖြစ် တာဝန်ပေးခံရသည်။ သူသည် တွဲဖက်စစ်ရေးချုပ် အဖြစ် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့ အထိ ထမ်းဆောင်သည်။သူ့ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ယုံကြည်ရသူများထဲ စီနီယာသက်တမ်းရှည်စစ်ဗိုလ်ချုပ်တစ်ဦး အဖြစ်လည်း ဖော်ညွှန်းကြသည်။[]

စစ်မှုထမ်းကာလထင်ရှားဖြစ်ရပ်များ

  • ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ က ရခိုင်ပြည်နယ် မြောက်ပိုင်း နယ်စပ်ကင်းရဲစခန်း သုံးခု အကြမ်းဖက်တိုက်ခိုက်ခံရသည့်ဖြစ်စဉ်ပြီးနောက် နယ်မြေရှင်းလင်းသည့် စစ်ဆင်ရေး အတွင်း မြန်မာလုံခြုံရေးတပ်များဘက်က လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိခဲ့သည်ဆိုသော ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး၏ စွပ်စွဲချက် အစီရင်ခံစာ (၂၀၁၇) အပေါ် လုံခြုံရေးတပ်များဘက်က ကျူးလွန်မှု ရှိ၊မရှိ တပ်မတော်၏ စုံစမ်းစစ်ဆေးရေးအဖွဲ့ထဲ သူသည် ဒုတိယဥက္ကဋ္ဌ အဖြစ် ပါဝင်ခဲ့သည်။[]
  • မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါဖြစ်ပွားနေချိန် ၂၀၂၀ပြည့်နှစ် မေလ ၂၀ ရက်က သူသည် တွဲဖက်စစ်ရေးချုပ် ရာထူး နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ ၏ ထိန်းချုပ် နယ်မြေ မိုင်ဆပ်ပါ ကျေးရွာ သို့ သွားရောက်ကာ ဆေးဝါးနှင့်အထောက်အကူပစ္စည်းများပို့ဆောင်မှုအပေါ် ဦးဆောင်ခဲ့သည်။ []
Remove ads

ဒုတိယဝန်ကြီးတာဝန်

သူ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၂၀၂၁ ဩဂုတ်လ ၂၅ ရက်နေ့ တွင် တွဲဖက်စစ်ရေးချုပ် တာဝန်မှ နယ်စပ်ရေးရာဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီး အဖြစ် ခန့်အပ်သည်။ []

၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၂ ရက် အရောက်တွင် ထိုတာဝန်မှနေ၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) တွင် ဒုတိယဝန်ကြီး အဖြစ်လည်းကောင်း[] ၊၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၂ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၄) ၏ ဒုတိယဝန်ကြီး အဖြစ်လည်းကောင်း ခန့်အပ်ခြင်းခံရသည်။[]

၂၀၂၄ ခုနှစ် မေလ ၆ရက်နေ့တွင် ထိုရာထူးမှ နေ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၁) ၏ ဒုတိယဝန်ကြီး ဖြစ်လာသည်။[]

Remove ads

ပြည်ထောင်စုဝန်ကြီးဖြစ်လာပုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၎င်းကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၁ရက်နေ့တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးသည်။[]ထိုရက်မှာပင် စစ်မှုထမ်းမှုမှ အငြိမ်းစားယူကာ အရပ်ဝတ်ပြောင်းသည်။

၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက် တွင် ထိုတာဝန်မှ အနားယူခဲ့သည်။

ဆုတံဆိပ်ချီးမြှင့်ခံရမှု

သူ့ကို နိုင်ငံတော်သမ္မတဦးဝင်းမြင့် က ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလ ၄ရက်တွင် စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တစ်ခုဖြစ်သည့် ဇေယျကျော်ထင်ဘွဲ့ အားချီးမြှင့်သည်။[၁၀]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads