ထိုင်းလူမျိုး
From Wikipedia, the free encyclopedia
Remove ads
ထိုင်းလူမျိုး (ခေါ်) ဆိုင်ယမ်မီစ်လူမျိုး (ထိုင်း: ชาวไทย (ခ) ชาวสยาม) (ထိုင်း: ไทยลุ่มเจ้าพระยา; Chao Phraya Thai) အလယ်ပိုင်းထိုင်း (ထိုင်း: คนภาคกลาง) တောင်ပိုင်းထိုင်း (ထိုင်း: คนใต้) (အင်္ဂလိပ်: Thai people, Siamese, Siam) (ထိုင်း: ไทยสยาม; Siam Thai) သည် ထိုင်းဘာသာစကား အားပြောဆိုအသုံးပြုသူများဖြစ်၍ ထိုင်းနိုင်ငံ၏ လူဦရေးအများဆုံး လူမျိုးဖြစ်ပြီ အလယ်ပိုင်းနှင့် တောင်ပိုင်းတွင် လွှမ်းမိုးကြီးစိုးကာ တိုင်မျိုးနွယ်စုတွင် ပါဝင်သည်။ တိုင်-ကဒိုင် လူမျိုး-ဘာသာစကား အုပ်စုတွင်ပါသည် ထိုင်းဘာသာစကားတွင် အလယ်ပိုင်းနှင့် တောင်ပိုင်း စကားပြောဆိုမှု ကွဲပြားသည်။ ထိုင်းတို့သည် များသောအားဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ အားကိုးကွယ်ကြသည်။
Remove ads

ထိုင်းအစိုးရမူဝါဒအရ ၁၉၃၀ နှောင်းပိုင်းနှင့် ၁၉၄၀ ခုနှစ် အစောပိုင်းတွင် လူမျိုး-ဘာသာစကား အုပ်စုအမျိုးမျိုးကို နိုင်ငံ၏ လွှမ်းမိုးကြီးစိုးသော အလယ်ပိုင်းထိုင်းဘာသာစကားနှင့် ယဉ်ကျေးမှုအဖြစ် အောင်မြင်စွာ အတင်းအကျပ် ပေါင်းစည်းစေခဲ့၏။ ထို့ကြောင့် ထိုင်းနိုင်ငံအတွင်း နေထိုင်သည့် လူမျိုးများကို "ထိုင်းလူမျိုး"ဟု ခေါ်ဝေါစေခဲ့သည်။ ထိုင်းလူမျိုးတွင် ယွမ်လူမျိုးနှင့် အီသန် လူမျိုး ကဲ့သို့ တိုင်လူမျိုး အုပ်စုများ အပြင် အရှေ့တောင် အာရှနှင့် တိုင်လူမျိုး မဟုတ်သည့် ဟန်တရုတ်လူမျိုးအများစုနှင့် လူနည်းစုလူမျိုးများ ပါဝင်သည်။
Remove ads
သမိုင်း
ပေါ်ပေါက်လာပုံ

ထိုင်းလူမျိုးသည် တိုင်လူမျိုးနွယ် ဖြစ်ပြီး။ တရုတ်နိုင်ငံ တောင်ပိုင်းဒေသမှ ဗီယက်နမ်နိုင်ငံနှင့် လာအိုနိုင်ငံမှ တဆင့် ထိုင်းနိုင်ငံသို့ရောက်ရှိလာကြသည်။ ထိုင်းလူမျိုးသည် ၆ ရာစုမှ ၁၁ ရာစုအထိ ယနေ့ခေတ် ထိုင်းနိုင်ငံသို့ တဖြည်းဖြည်း ပြောင်းရွှေ့လာကြသည်။[၁၃]
သုခေါဒယပြည်
ထိုင်းနိုင်ငံတွင် ထိုင်းလူမျိုးများ ပထမဆုံး တည်ထောင်သည့်နိုင်ငံမှ သုခေါဒယပြည် ဖြစ်ပြီး ၁၂၃၈ ခုနှစ်တွင် တည်ထောင်ခဲကာ ၁၄၃၈ ခုနှစ်အထိ တည်တံခဲသည်။[၁၄]
အယုဒ္ဓယ ဘုရင်နိုင်ငံ
၁၃၅၁ ခုနှစ်တွင် အယုဒ္ဓယ ဘုရင်နိုင်ငံ တည်ထောင်ခဲကာ တောင်ငူ အင်ပါရာနှင့် ကုန်းဘောင်ဧကရာဇ်နိုင်ငံတော်၏ တိုက်ခိုက် သိမ်းပိုက်မှုကို ၁၅၆၄မှ ၁၅၆၈၊ ၁၅၆၉မှ ၁၅၈၄၊ ၁၇၅၉မှ ၁၇၆၀၊ ၁၇၆၅မှ ၁၇၆၇ အထိ သိမ်းပိုက်ခဲသည်။[၁၅]
ထိုင်းနိုင်ငံ
၁၇၆၇ ခုနှစ်တွင် တာကသိနမှ ကုန်းဘောင်ဧကရာဇ်နိုင်ငံတော် တိုက်ခိုက်၍ ဓနပုရီပြည်အဖြစ် အုပ်ချုပ်ခဲ၏။ တာကသိနသည် လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံအပြင် မြန်မာနှင့် ဗီယက်နမ်နိုင်ငံ နယ်နိမိတ်အချိုပါ သိမ်းပိုက်ခဲသည်။
၁၇၈၂ ခုနှစ်တွင် ယခု ထိုင်းနိုင်ငံကို အုပ်ချုပ်သည် မင်းဆက်မှ ရတနကောသိန္ဒြပြည် အဖြစ် အုပ်ချုပ်ခဲသည်။ ၁၉၃၂ ခုနှစ် အဏသိမ်းမှု၌ သက်ဦးဆံပိုင်ဘုရင်စနစ်မှ စည်းမျဉ်းခံဘုရင်စနစ် သို့ပြောင်လည်းခဲပြီး ထိုင်းနိုင်ငံဟုလည်း အမည်ပြောင်ခဲသည်။[၁၆]

Remove ads
ယဉ်ကျေးမှု
ထိုင်းဘာသာစကားမှ ထိုင်းနိုင်ငံ၏ အလယ်ပိုင်း၊ မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသတွင် ထိုင်းဘာသာစကား ပြောဆို့မှု မတူညီသည့်ကို တွေရသည်။ အလယ်ပိုင်းဒေသရှိ ထိုင်းဘာသာစကား ပြောဆို့မှုများသည်။
ထိုင်းလူမျိုးတို၏ ရိုးရာအားကစားမှ မွေထိုင်း ဖြစ်ပြီး။ အနုပညာ ယဉ်ကျေးမှုနှင့် ရိုးရာအစားအစာများမှာလည်း ထင်ရှာသည်။[၁၇]
မှတ်ချက်
- Thai people make up approximately 75–85% population of the country (58 million) if including the Southern Thai and, more controversially, the Northern Thai and Isan people, all of which include significant populations of non Tai-Kadai ethnic groups
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads