နော်ဆူဇန်နာလှလှစိုး
From Wikipedia, the free encyclopedia
Remove ads
နော်ဆူဇန်နာလှလှစိုး (ခ) နော်လှလှစိုးသည် အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ ကရင်လူမျိုး သတ္တဗေဒပညာရှင် နိုင်ငံရေးသမားဖြစ်သည်။[၃]
Remove ads
ငယ်ဘဝနှင့် လူမှုရေးလုပ်ငန်းများ
၁၉၆၅ခုနှစ် ဩဂုတ်လ ၁၈ရက်တွင် ရန်ကုန်တိုင်း အင်းစိန်မြို့နယ်၌ မွေးဖွားသည်။ ရန်ကုန်တက္ကသိုလ်မှ သတ္တဗေဒဘာသာရပ်အထူးပြု သိပ္ပံဘွဲ့နှင့် မဟာသိပ္ပံဘွဲ့ ရရှိသည်။ တက္ကသိုလ်တက်နေစဉ် ကျောင်းသူဘဝကပင် World Vision ၌ စာရေးအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ နောက်ပိုင်းတွင် စီမံကိန်းမန်နေဂျာအဖြစ် ဆောင်ရွက်ရသည်။ World Vision မှတစ်ဆင့် ခေါင်းဆောင်မှုပိုင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခွင့်ရခဲ့ပြီး၊ အမေရိကန်ပြည်ထောင်စု ပင်ဆီဗေးနီးယားပြည်နယ် ဖီလန်ဒဲဖီးယား အရှေ့ပိုင်းတက္ကသိုလ်၌ အင်န်ဂျီအို ခေါင်းဆောင်မှုပိုင်းဆိုင်ရာ အမ်ဘီအေအတန်းကို သင်ကြားခွင့်ရခဲ့သည်။ ၂၀၀၃ခုနှစ်တွင် ကရင်အမျိုးသမီးများ လှုပ်ရှားမှုအဖွဲ့ (KWAG) သို့ ဝင်ရောက်ခဲ့ရာ ၂၀၁၀တွင် အမှုဆောင်ဒါရိုက်တာ ဖြစ်လာခဲ့သည်။[၄]
၂၀၀၈ခုနှစ် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၌ ဆိုင်ကလုန်းမုန်တိုင်း နာဂစ်ဒဏ် ခံကြရသောအခါ မိသားစုများ ပြန်လည်ထူထောင်ရေးနှင့် အိုးအိမ်များ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအတွက် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ဦးရွက်ပြုခဲ့သည်။
မြန်မာနိုင်ငံ အမျိုးသမီး အဖွဲ့အစည်းများကွန်ရက်နှင့် အမျိုးသမီးများ ငြိမ်းချမ်းရေးကွန်ရက်တို့၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။
Remove ads
နိုင်ငံရေးလှုပ်ရှားမှု
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်၏ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၁၀ နေရာအတွက်[၅][၆][၇] အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဝင်ရောက်ယှဉ်ပြိုင်ရာ ၁၇၂,၂၉၅ မဲဖြင့် အနိုင်ရခဲ့သည်။[၁]
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက်[၈][၉] အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှပင် ဝင်ရောက်ယှဉ်ပြိုင်ရာ ၁၀၆,၁၄၄ မဲ (၇၁.၇၅%) ဖြင့် အနိုင်ရသော်လည်း[၁၀] စစ်အာဏာသိမ်းမှုကြောင့် လွှတ်တော်တက်ခွင့် မရခဲ့ပေ။
၂၀၂၁ ဧပြီလ ၁၆ရက်တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွဲ့စည်းသောအခါ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဖြစ်လာခဲ့သည်။[၁၁][၁၂][၁၃]
Remove ads
ကိုးကား
ပြင်ပလင့်ခ်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads