ပယ်ဆောက်ချိန်

မြန်မာနိုင်ငံရေးသမား From Wikipedia, the free encyclopedia

Remove ads

ဦးပယ်ဆောက်ချိန် သို့မဟုတ် ဦးဘေဆော်ချိန် (တရုတ်: 白所成; ပင်ယင်: Bái Suǒchéng) သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်ရှိ ကိုးကန့်နိုင်ငံရေးသမားတစ်ဦး ဖြစ်သည်။သူ့ကို တရုတ်နိုင်ငံက မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့်ဒေသ အွန်လိုင်းလိမ်လည်မှု အဖွဲ့ အဓိကခေါင်းဆောင် အဖြစ် သတ်မှတ်သည်။ []

အချက်တိုများ ဦးပယ်ဆောက်ချိန်, အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ...
Remove ads

အတ္ထုပ္ပတ္တိ

၁၉၉၂ ခုနှစ်တွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) မှ ရန်မိုးလျံအား ထုတ်ပယ်ရာတွင် ဖုန်ကြားရှင်အား ပယ်ဆောက်ချိန်က ကူညီပေးခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် မြန်မာနိုင်ငံ အစိုးရ၏ အထောက်အပံ့ဖြင့် ဖုန်ကြားရှင်အား ဖယ်ရှားရန် ကြိုးပမ်းခဲ့သည်။[]၂၀၀၉ ခုနှစ်တွင် ဖြစ်ပွားခဲ့သော သုံးရက်ကြာ ကိုးကန့်အရေးအခင်းတွင် ဖုန်ကြားရှင်အား ဖယ်ရှားရန် တပ်မတော်နှင့် မဟာမိတ်ပြုခဲ့သည်။ ကြွင်းကျန်သော MNDAA အဖွဲ့အား ပယ်ဆောက်ချိန်၏ ဦးစီးမှုအောက်တွင် နယ်ခြားစောင့်တပ်ဖွဲ့ အဖြစ် အသိအမှတ်ပြုခဲ့သည်။[]

၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပယ်ဆောက်ချိန်သည် ကိုးကန့်မဲဆန္ဒနယ် အမှတ် ၂ ကိုယ်စားပြု၍ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခြင်းခံရသည်။[] ယင်းနောက်ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ သူ၏ အုပ်ချုပ်မှုအောက်တွင် ကိုးကန့်ဒေသသည် မူးယစ်ဆေးနှင့် လက်နက် ရောင်းဝယ်မှုများကြောင့် ထင်ရှားလာခဲ့သည်။[] သူသည် လူသိရှင်ကြား နေထိုင်လေ့မရှိဘဲ ၂၀၁၂ ခုနှစ် မတ်လတွင် လုပ်ကြံရန် ကြိုးပမ်းမှုမှ လွတ်မြောက်ခဲ့သည်။[]

ပယ်ဆောက်ချိန်၏ လက်ထောက်ဖြစ်သူ Liu Gaoxi သည်လည်း ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ရွေးကောက်ခံရပြီး ယခင်က မူးယစ်ဆေးဝါးအမှုများတွင် ပါဝင်ခဲ့သူ ဖြစ်သည်။[]

သူသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ အဖြစ် ၂၀၁၆ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ တာဝန်ထမ်းဆောင်သည်။ယင်းနောက် သူသည် နိုင်ငံရေးရာထူးမှ စွန့်ခွာပြီး သားဖြစ်သူတို့၏ နိုင်ငံရေးရာထူး နှင့် လက်နက်ကိုင်အဖွဲ့တို့၏ နောက်ကွယ်တွင် ဆက်ရှိနေခဲ့သည်။[၁၀]

Remove ads

၂၀၂၁ နောက်ပိုင်းဖြစ်ရပ်များ

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး မကြာမီ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်ဟောင်း ဦးမြင့်ဆွေကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့သည်။[၁၁]

၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၆ ရက်တွင်  ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေအား တာဝန်မှရပ်စဲလိုက်ပြီး အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်တိုင်းစစ် ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့် နှင့် အစားထိုးခန့်အပ်သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက် တွင် စတင်ခဲ့သော ညီနောင်မဟာမိတ်သုံးဖွဲ့၁၀၂၇ စစ်ဆင်ရေး ဖြစ်ပွားနေစဉ်အတွင်း ၎င်း အပါအဝင် မိသားစုဝင်များ ကိုးကန့်ဒေသမှ ထွက်ပြေးခဲ့ရသည်။[၁၂]

တရုတ်အစိုးရက ၎င်းအား ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက် တွင်  ကျားဖြန့်လောင်းကစားသံသယဖြင့်  ဖမ်းဝရမ်းထုတ်သည်။[၁၃] [၁၄]

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၀ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ဦးပယ်ဆောက်ချိန် အပါအဝင် ပယ်ရင်ချန်၊ ဝေ့ဟွိုင်ရန်၊ လျိုကျန့်ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာ နှင့် အခြားအရေးကြီး ပြစ်မှုကျူးလွန်သူဟု သံသယရှိသူ လေးဦးအား တရုတ်အစိုးရ ထံ လွှဲပြောင်းသည်။ [၁၅]

Remove ads

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads