မောင်မောင်အုန်း
ပြန်ကြားရေးဝန်ကြီး (၂၀၂၁ - လက်ရှိ) From Wikipedia, the free encyclopedia
Remove ads
ဦးမောင်မောင်အုန်း (၁၈ မေ ၁၉၅၀ မွေးဖွား) သည် ပြန်ကြားရေးဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီးတာဝန် ထမ်းဆောင်နေသူဖြစ်သည်။
သူသည် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ၂၀၁၄ ဇူလိုင်လမှ ၂၀၁၆ မတ်လအထိလည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
သူသည် တပ်မတော် (ကြည်း)မှ ဗိုလ်ချုပ်တစ်ဦးဖြစ်ပြီး နယ်စပ်ရေးရာ ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။[၁]
Remove ads
နိုင်ငံရေးသမားဘဝ
၂၀၁၄
၂၀၁၄ ဇွန်လတွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နေရာမှ နုတ်ထွက်သွားခဲ့သော ဦးလှမောင်တင် နေရာတွင် အစားထိုးခန့်အပ်ခဲ့ခြင်း ဖြစ်သည်။[၂] ထိုဝန်ကြီးချုပ်နေရာအား ရခိုင်တိုင်းရင်းသားများထဲမှ ခန့်အပ်ရန် ရခိုင်အမျိုးသားပါတီမှ တောင်းဆိုခဲ့သော်လည်း ဗမာလူမျိုးတစ်ဦးဖြစ်သူ ဦးမောင်မောင်အုန်းအား ခန့်အပ်ခဲ့သည်။[၃] ဦးမောင်မောင်အုန်းအား ခန့်အပ်ရန် သမ္မတ ဦးသိန်းစိန်က အဆိုပြုခဲ့ပြီး ဇွန်လ ၃၀ ရက်နေ့တွင် ရခိုင်ပြည်နယ် လွှတ်တော်က အတည်ပြုခဲ့သည်။[၄]
၂၀၂၁
တပ်မတော်မှ အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် ၇ ဖေဖော်ဝါရီ ၂၀၂၁ မှ ဟိုတယ်နှင့် ခရီးသွားလာရေး ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခံရသည်။ [၅] ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှစ၍ ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီးအဖြစ် ပူးတွဲထမ်းဆောင်စေခဲ့သည်။ [၆] ထို့နောက် ၂၀၂၁ ဩဂုတ် ၅ ရက်တွင် ဦးဌေးအောင်က ဟိုတယ်နှင့် ခရီးသွားလာရေး ပြည်ထောင်စုဝန်ကြီးအဖြစ် ဆက်ခံခဲ့သည်။
၂၀၂၅
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းပြီး အသစ်ဖွဲ့စည်းလိုက်သော ဦးညိုစောအစိုးရတွင် ပြန်ကြားရေးဝန်ကြီး ရာထူးကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ဆက်လက် ခန့်အပ်ခံရသည်။ [၇]
Remove ads
နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများ
လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် နိုင်ငံတကာမှ ဒဏ်ခတ်ပိတ်ဆို့မှုများ ခံနေရသည့် စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်မှုရှိသောကြောင့် ဦးမောင်မောင်အုန်း အပါအဝင် စကစနှင့် စကစအစိုးရအဖွဲ့ဝင်များစွာသည် နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူခြင်းကို ခံရသည်။
Remove ads
ဂုဏ်ပြုခံရခြင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ က ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက် နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၂၁၁/၂၀၂၂ ဖြင့် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သော စည်သူဘွဲ့ကို ကြည်း ၁၆၅၁၇ ဗိုလ်ချုပ်မောင်မောင်အုန်း(ငြိမ်း) အား ချီးမြှင့်အပ်နှင်းထားသည်။[၁၁]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads