မော်လမြိုင် တက္ကသိုလ်
From Wikipedia, the free encyclopedia
Remove ads
မော်လမြိုင်တက္ကသိုလ်သည် မော်လမြိုင်မြို့တွင် တည်ရှိပြီး မြန်မာ့အရှေ့တောင်၏ အကြီးဆုံး တက္ကသိုလ်ဖြစ်သည်။ မော်လမြိုင်တက္ကသိုလ်ကို ၁၉၅၃ ခုနှစ်တွင်စတင် တည်ထောင်ခဲ့သည်။ မော်လမြိုင်တက္ကသိုလ်သည် ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်ပြီးလျှင် မြန်မာနိုင်ငံတွင် တတိယမြောက် တည်ထောင်သော ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ဖြစ်သည်။ မော်လမြိုင်တက္ကသိုလ်သည် ဝိဇ္ဇာဘွဲ့နှင့် သိပ္ပံဘွဲ့များ၊ မဟာဝိဇ္ဇာဘွဲ့များကို ချီးမြှင့်နိုင်သည်။ ထို့ပြင် မြန်မာနိုင်ငံအတွင်း အဏ္ဏဝါသိပ္ပံဘွဲ့ကို ချီးမြှင့်ပေးနိုင်သော တက္ကသိုလ်အချို့သာရှိရာ မော်လမြိုင်တက္ကသိုလ်သည် တစ်ခုအပါအဝင် ဖြစ်သည်။

Remove ads
သမိုင်း
တည်ထောင်ခြင်း
မော်လမြိုင်တက္ကသိုလ်ကို ၁၉၅၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၏ လက်အောက်ခံ မော်လမြိုင် ဥပစာကောလိပ် အဖြစ် ဖွဲ့စည်းခဲ့ကြသည်။ မော်လမြိုင်ကောလိပ်အဆောက်အဦးဒီဇိုင်းကို ဗိသုကာလက်ရာမြောက်လှသော ရန်ကုန်မြို့တော်ခန်းမ၊ ရန်ကုန် ဘူတာကြီး အစရှိသော အထင်ကရအဆောက်အဦးများ တည်ဆောက်ရာတွင် လူသိများ ထင်ရှားလှသည့် မြန်မာ ဗိသုကာပညာရှင် စည်သူဦးတင် ကပုံစံထုတ်ခဲ့ခြင်းဖြစ်သည်။

မော်လမြိုင် ဥပစာကောလိပ်၏ ပထမဆုံးကျောင်းအုပ်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူမှာ ၁၉၃၀ ခုနှစ်ဝန်းကျင်တွင် ပေါ်ပေါက်ခဲ့သော ခေတ်စမ်းစာပေလှုပ်ရှားမှုတွင် ဆရာဇော်ဂျီ၊ သိပ္ပံမောင်ဝ၊ မင်းသုဝဏ်၊ မောင်ထင်၊ မောင်သုတ၊ ဧမောင် တို့နှင့်အတူ ရှေ့တန်းမှ မားမားမတ်မတ် ဦးဆောင်ပါဝင်ခဲ့သူ စာရေးဆရာ ကုသ ခေါ် ဦးတိုးအောင်ဖြစ်သည်။
မြေနေရာရွေးချယ်ခြင်း
ကောလိပ်တည်ဆောက်ရန် မြေနေရာစတင်ရွေးချယ်စဉ်က လက်ရှိနေရာ၏ လှပသောရှုခင်းနှင့်ပတ်ဝန်းကျင်သည်ကောလိပ်တစ်ခု တည်ဆောက်ရန်အတွက် အကောင်းဆုံး မြေနေရာဖြစ်ခဲ့သည်။ ကောလိပ်၏ တည်နေရာသည် မော်လမြိုင်မြို့လယ်ခေါင်၏ အရှေ့မြောက် (၄) မိုင်အကွာတွင်တည်ရှိသည်။ ၎င်းကို ၁၉၅၀ အစောပိုင်းတွင်တည်ထောင်ခဲ့စဉ်က ကောလိပ်၏အရွယ်အစားမှာ ၄၁၇.၈၇ ဧကဖြစ်သည်။ ၎င်းကိုမော်လမြိုင် - တောင်ဝိုင်း၊ အဓိကလမ်းနှင့်မော်လမြိုင် - အမ်ရတ်လမ်းများဖြင့်ကန့်သတ်ထားသည်။ ထိုနေရာ၏ အရှေ့ဘက်ခြမ်းတွင်ကောလိပ်နှင့်မိုင်ဝက်အကွာအဝေးတွင်တောင်ဝိုင်းဟုခေါ်သော တောင်တန်းတစ်ခုရှိသည်။ ကောလိပ်နှင့်မိုင်လေးပုံတစ်ပုံခန့်အကွာတွင် ဗြိတိသျှတော်ဝင်လေတပ်နှင့် အမေရိကန် ကျားပျံလေသရဲအဖွဲ့ တို့၏ ဒုတိယကမ္ဘာစစ်လေယာဉ်ကွင်း (ယခုမော်လမြိုင်လေဆိပ်) ရှိသည်။ ကောလိပ်ကို မတည်ဆောက်မှီက တောင်ဝိုင်းတောင်နှင့် ၎င်း၏ပတ်ဝန်းကျင်သည် ၁၉ ရာစုနှင့် ၂၀ ရာစုအစောပိုင်း ကိုလိုနီခေတ်ကာလတွင် ဗြိတိသျှအုပ်ချုပ်သူအရာရှိများနှင့် ဒေသခံ အထက်တန်းလွှာလူတန်းစားများ၏ ပျော်ပွဲစားထွက်ရာစခန်းနှင့် ဒေသခံ တရုတ်အသိုင်းအဝိုင်း၏ ဥယျာဉ်များရှိရာ နေရာဖြစ်ခဲ့သည်။ ခရစ်နှစ် ၁၈၃၆ ခုနှစ်က ဗြိတိသျှပိုင်အောက်မြန်မာပြည်၏မြို့တော် မော်လမြိုင်မြို့သို့ (ထိုစဉ်က အထက်မြန်မာပြည်တွင် ဘကြီးတော်(စစ်ကိုင်းမင်း) စိုးစံချိန်ဖြစ်သည်) ရောက်ခဲ့သော ၁၉ရာစု အမေရိကန်ခရီးသွားစာရေးဆရာ Howard Malcom ၏ ခရီးသွားမှတ်တမ်းများအဆိုအရ၊ မော်လမြိုင်တရုတ်အသိုင်းအဝိုင်းမှ အစောပိုင်းအခြေချနေထိုင်သူများသည် တောင်ဝိုင်းတောင်( တရုတ်ဘာသာဖြင့် လင်းဒင် ဟုခေါ်ဆို) နှင့်ပတ်ဝန်းကျင် အနီးတဝိုက်တွင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ စိုက်ပျိုးကာ နေထိုင်ကြသည်ဟု ဆိုသည်။[၁]
တိုးချဲ့ခြင်း
၁၉၆၄ ခုနှစ်တွင် မော်လမြိုင် ဒီဂရီကောလိပ်အဖြစ် ပြောင်းလဲတိုးမြှင့်ခဲ့သည်။ ဒီဇင်ဘာ ၁၅ ရက် ၁၉၈၂ တွင် မော်လမြိုင် ဒီဂရီကောလိပ်၏ နည်းပညာဌါနသည် ကောလိပ်မှ သီးခြားခွဲထွက်ကာ အစိုးရနည်းပညာအင်စတီကျု (ယခု မော်လမြိုင်နည်းပညာတက္ကသိုလ်) ကိုတည်ထောင်ခဲ့သည်။

ထို့နောက် ၁၉၈၆ ခုနှစ်တွင် မော်လမြိုင် ဒီဂရီကောလိပ်မှ မော်လမြိုင်တက္ကသိုလ်အဖြစ်သို့ ပြောင်းလဲတိုးမြှင့်ခဲ့သည်။
Remove ads
ဘာသာရပ်များ သင်ကြားပေးမှု
မြန်မာ့ တက္ကသိုလ်ပညာရေးစနစ်တွင် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်များအား အတူတကွ ပေါင်းစည်းထားခဲ့ပြီး မော်လမြိုင်တက္ကသိုလ်သည် ရိုးရိုးဝိဇ္ဇာဘာသာရပ်များနှင့် သိပ္ပံဘာသာ အထူးပြု ကျောင်းသားများအား ဝိဇ္ဇာဘွဲ့များနှင့် မဟာဘွဲ့များကို ချီးမြှင့်ပေးသည်။ ၎င်းသည် ရိုးရိုး Bachelor Of Art(BA) ဝိဇ္ဇာဘွဲနှင့် Bachelor Of Science(BSc) သိပ္ပံဘွဲ့ ရယူနိုင်ရန်အတွက် လေးနှစ် အချိန်ပေးရပြီး BA(Hons) နှင့် BSc(Hons) တို့ကဲ့သို့သော ဂုဏ်ထူးတန်း(Honor Degree)များအတွက်ကိုမူ ၅နှစ်အချိန်ပေးရလေသည်။ဥပဒေပညာအတွက်မှာမူ ၅နှစ် အချိန်ပေးရသည်။ မြန်မာနိုင်ငံတွင် အဏ္ဏဝါသိပ္ပံဘွဲ့ချီးမြှင့်သည့် တက္ကသိုလ်မှာ အနည်းငယ်မျှသာရှိသည့်အနက် မော်လမြိုင်တက္ကသိုလ်သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ကမ်းခြေနှင့် ဆက်စပ်နေသော မြို့တစ်ခုဖြစ်သည့် မော်လမြိုင်မြို့တောင်ဘက် ၆၀ ကီလိုမီတာအကွာတွင် တက္ကသိုလ်၏အဏ္ဏဝါသပ္ပံလက်တွေ့စမ်းသပ်ရန်နေရာတစ်ခု ထားရှိပြီး မြန်မာနိုင်ငံတွင် ပထမဆုံးသော အမျိုးအစားဖြစ်သည်။
Remove ads
အုပ်ချုပ်သူများ စာရင်း (၁၉၅၃ မှ ယခု)
- ဦးတိုးအောင် (စာရေးဆရာ ကုသ) (၁၉၅၃ခု မတ်လ မှ ၁၉၆၃ ခု ဇူလိုင်လ)
- ဒေါက်တာဖေသောင်း
- ဦးလှရွှေ
- ဒေါက်တာ မန်းသက်စံ
- ဒေါက်တာမောင်ဒီ (၁၉၇၂ မှ ၁၉၇၇)
- ဦးခင်မောင်တင့် (တက္ကသိုလ်ဘုန်းနိုင်) (မော်လမြိုင် ဒီဂရီ ကောလိပ် ကျောင်းအုပ်ကြီး (၁၉၇၇ - ၈၅)၊ မော်လမြိုင် တက္ကသိုလ် ဒုတိယအဓိပတိ (၁၉၈၆ - ၈၈))
- ဦးတင်ဦးလှိုင်
- ဦးလှထွန်းအောင်
- ဒေါက်တာလှဖေ
- ဦးကြည်ဝင်း
- ဦးစန်းတင့်
- ဦးမြသိန်း(ဒုတိယပါမောက္ခချုပ်ဖြင့် တာဝန်ယူအုပ်ချုပ်)
- ဦးစောဟန်ရှိန်
- ဦးထွန်းသိန်း
- ဒေါက်တာဌေးအောင်
- ဒေါက်တာအောင်မြတ်ကျော်စိန်
- ဒေါက်တာချစ်စိန်တို့ဖြစ်ကြသည်။
အရေးကြီးသော အဆောက်အဦးများ
- ဗညားဒလ ဆောင်
- ရာမည ဆောင်
- ဘွဲ့နှင်းသဘင်ခန်းမ
- တက္ကသိုလ်ဆေးရုံ
- စက်စဲ အဏ္ဏဝါသိပ္ပံသုတေသနစင်တာ
- တက္ကသိုလ်အားကစားခန်းမ
- တက္ကသိုလ်စာကြည့်တိုက် - တက္ကသိုလ်စာကြည့်တိုက်အဖြစ် ၃ထပ် စာကြည့်တိုက်အား ဇန်နဝါရီလ ၂၀၀၄ ခုနှစ်တွင် ပြီးစီး၍ စာစောင်၊ စာအုပ်ပေါင်း ၁၀၆, ၀၀၀ ခန့် ထားရှိပြီးဖြစ်သည်။
သုတေသန
Songkla မင်းသား တက္ကသိုလ်[၂]
Silliman တက္ကသိုလ် - မော်လမြိုင်တက္ကသိုလ် သည် ဖိလစ်ပိုင်နိုင်ငံ Silliman တက္ကသိုလ်နှင့်သုတေသနနှင့်ပညာရေး ချိတ်ဆက်ချက်များ ရှိပြီးဖြစ်သည်။ [၃]
Scripps Institution of Oceanography[၂]
တိုကျိုအဏ္ဏဝါသိပ္ပံနှင့်နည်းပညာတက္ကသိုလ် - မော်လမြိုင်တက္ကသိုလ် သည် တိုကျိုအဏ္ဏဝါသိပ္ပံနှင့်နည်းပညာတက္ကသိုလ်နှင့်အပြည်ပြည်ဆိုင်ရာ လဲလှယ်သဘောတူညီချက်များ ရှိပြီးဖြစ်သည်။[၄][၅]
သဘာဝအရင်းအမြစ်နှင့်ဘဝကသိပ္ပံတက္ကသိုလ်, ဗီယင်နာ[၂]
Remove ads
ထင်ရှားသောဆရာဟောင်းများ
- ဦးတိုးအောင် (စာရေးဆရာ ကုသ) - ခေတ်စမ်းစာပေ လှုပ်ရှားသူ
- တက္ကသိုလ် ဘုန်းနိုင် - စာရေးဆရာ
- တက္ကသိုလ် မင်းမော် - စာရေးဆရာ
- ဒေါက်တာ ခင်မောင်ညွန့် - စာရေးဆရာ၊ မြန်မာ့သမိုင်း ကော်မရှင် အဖွဲ့ဝင်
- ဝဏ္ဏကျော်ထင် ဗိုလ်ဗကို - စာရေးဆရာ၊ ရုပ်ရှင် သရုပ်ဆောင်
- ကထိက ဒေါ်မြင့်သန်း - မြန်မာစာပေ ပညာရှင်
- Mohana Gill - အိန္ဒိယစာရေးဆရာမ[၁၀]
- ပါမောက္ခ ဒေါက်တာ မင်းတင်မွန် - စာရေးဆရာ
- နန္ဒာသိန်းဇံ - စာရေးဆရာ[၁၁]
- ဒေါက်တာ မန်းသက်စံ - စက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး
- အောင်သင်း - စာရေးဆရာ၊ တက္ကသိုလ်ကထိက
- ဒေါက်တာ ကိုကိုဦး - နျူကလီးယားဆိုင်ရာ သိပ္ပံပညာရှင်၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန ဝန်ကြီး
- ဒေါက်တာထွန်းတင့် - မြန်မာစာအဖွဲ့ စာတည်းမှူးချုပ်၊ အဆင့်မြင့်ပညာ မြန်မာစာသင်ရိုးညွှန်းတမ်း ကော်မတီဝင်
Remove ads
ထင်ရှားသောကျောင်းသားဟောင်းများ
- စိမ့်၊ (ပညာရေး) - တက္ကသိုလ်ကထိက၊ စာရေးဆရာမ
- အောင်ခင် - မြန်မာ့ဘောလုံးရွှေခေတ် ဂန္ဓဝင်လက်ရွေးစင်တိုက်စစ်မှူး
- စိုးမြင့် - မြန်မာ့ဘောလုံးရွှေခေတ်လက်ရွေးစင်နောက်တန်းခံစစ်မှူး
- ဆရာဝန် တင်ရွှေ - စာရေးဆရာ၊ ဆရာဝန်တင်ရွှေ စာပေဆု တည်ထောင်သူ
- တင်စိုး (ပါမောက္ခ) - စာရေးဆရာ၊ ရန်ကုန်စီးပွားရေး တက္ကသိုလ် ပါမောက္ခ
- နိုင်သက်လွင် - တိုင်းရင်းသားလူမျိုးများရေးရာ ပြည်ထောင်စု ဝန်ကြီး[၁၂]
- ဒုတိယဗိုလ်ချုပ်ကြီးသက်နိုင်ဝင်း - နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး
- ဒေါက်တာ ခင်မောင်ညို - ဓါတုဗေဒပညာရှင်၊[၁၃] စာရေးဆရာ၊ အယ်ဒီတာ၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခ
- ဒေါက်တာမောင်သင်း - မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်[၁၄]
- ဒေါက်တာ စင်သီယာမောင် - လူမှုကူညီရေးများအတွက် နိုင်ငံတကာမှ ဆုပေါင်း ၁၈ ခုတိုင်အောင် ချီးမြှင့်ခံရသူ
- ဒေါက်တာ ခင်ဆွေမြင့် - ရန်ကုန်တက္ကသိုလ် မြန်မာစာပါမောက္ခ/ဌာနမှူး၊ မြန်မာစာအဖွဲ့ အဖွဲ့ဝင်၊ နိုင်ငံတော်အဆင့်စာပေပြိုင်ပွဲများစာမူစိစစ်ရေးဥက္ကဋ္ဌ
- မာမာခိုင် - ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်
- စောထွန်း - ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်
- ထူးအိမ်သင် - တေးရေးတေးဆို
Remove ads
ကိုးကား
- Li, Yi (2016). Revisiting the Nineteenth- century Marketplace, and the Chinese Community in Moulmein. Center for Burma Studies Northern Illinois University. p.73
- မော်ကွန်းတင်ပြီးမိတ္တူ။ 22 January 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 January 2019 တွင် ပြန်စစ်ပြီး။
- Linkages & Partnerships | Silliman University (in en-US)။ 2017-10-03 တွင် ပြန်စစ်ပြီး။
- "Myanmar Seminar - Overseas Partner Institutions, University of Yangon and Mawlamyine University -:東京海洋大学" (in ja)၊ Myanmar Seminar - Overseas Partner Institutions, University of Yangon and Mawlamyine University -:東京海洋大学။ 30 June 2018 တွင် ပြန်စစ်ပြီး။ Archived from the original on 23 January 2019။
- Academic Exchange Agreements - 東京海洋大学။ 26 October 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2017-10-26 တွင် ပြန်စစ်ပြီး။
- Myanmar — Football United။ 12 August 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 July 2018 တွင် ပြန်စစ်ပြီး။
- Gill, Mohana (2013). Myanmar: Cuisine, Culture, Customs. Marshall Cavendish International Asia Pte Ltd. p. 41.
- ပြည်ထောင်စုလွှတ်တော်။ 29 May 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 July 2018 တွင် ပြန်စစ်ပြီး။
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads