လာအို လေကြောင်းလိုင်း
From Wikipedia, the free encyclopedia
Remove ads
လာအို လေကြောင်းလိုင်း[၁] သည် လာအိုနိုင်ငံ၏ နိုင်ငံတော် အလံတင် လေကြောင်းလိုင်း ဖြစ်ပြီး ဗီယင်ကျန်းမြို့တွင် ရုံးချုပ်တည်ရှိသည်။ ပြည်တွင်း သာမက ကမ္ဘောဒီးယား၊ တရုတ်၊ ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူ နှင့် တောင်ကိုရီးယား နိုင်ငံများသို့လည်း ချိတ်ဆက်ပျံသန်းလျက် ရှိသည်။ အဓိကအခြေစိုက် လေဆိပ်မှာ ဝတ်တေ အပြည်ပြည်ဆိုင်ရာ လေဆိပ် ဖြစ်သည်။ လာအို လေကြောင်းလိုင်းသည် လာအိုနိုင်ငံ၏ အများပြည်သူ အလုပ်နှင့် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာန၏ စီမံခန့်ခွဲမှု အောက်တွင် တည်ရှိသည်။[၁]
Remove ads
သမိုင်း
၁၉၇၆ ခုနှစ် စက်တင်ဘာလတွင် တော်ဝင် လာအို လေကြောင်းလိုင်း နှင့် လာအို လေကြောင်းလိုင်း တို့ကို ပူးပေါင်းလိုက်သည်။ ၁၉၇၉ ခုနှစ်တွင် လာအို လေကြောင်းပို့ဆောင်ရေးကုမ္ပဏီ အဖြစ် ပြောင်းလဲခဲ့သည်။ လေကြောင်းလိုင်းသည Douglas DC-3, DC-4 လေယာဉ်များဖြင့် ပြည်တွင်း ပြည်ပ ခရီးစဉ်များကို ပျံသန်းခဲ့သည်။ ၁၉၈၀ ခုနှစ်အကျော်တွင် လေယာဉ်များကို တရုတ်နိုင်ငံ နှင့် ဆိုဗီယက်ပြည်ထောင်စု တို့မှ မှာယူကာ အစားထိုး လဲလှယ်မှုများ ပြုလုပ်ခဲ့သည်။ ထို့နောက် ဘန်ကောက်မြို့၊ ဟနွိုင်းမြို့ နှင့် ဖနွမ်းပင် မြို့တို့ကို ပျံသန်းပြေးဆွဲခဲ့သည်။
၂၀၀၀ ခုနှစ်တွင် တရုတ်ယူနန် လေကြောင်းလိုင်းနှင့် ပူးပေါင်းခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် လေယာဉ်များကို ATR-42 လေယာဉ်များအဖြစ် အဆင့်မြှင့်တင်ခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် ATR-72 လေယာဉ်များအဖြစ် အဆင့်မြှင့်တင်ခဲ့သည်။
၂၀၀၃ ခုနှစ်တွင် လာအို လေကြောင်းလိုင်း ပုံရိပ်မြှင့်တင်မှုများ ပြုလုပ်ခဲ့ကာ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် လာအိုလေကြောင်းလိုင်း၏ ပထမဦးဆုံး အဲဘတ်စ် အေ၃၂၀ လက်ခံရရှိခဲ့သည်။ ဒုတိယမြောက် အဲဘတ်စ် အေ၃၂၉ကို ဒီဇင်ဘာလ တွင် လက်ခံရရှိခဲ့သည်။ အဆိုပါ အဲဘတ်စ် ၃၂၀ လေယာဉ်များကို အဆင့်အတန်း (၂) မျိုးခွဲကာ ခရီးသည် ၁၄၂ ဦးဆန့်သည်။
Remove ads
ပျံသန်းရာမြို့များ



၂၀၁၄ ဖေဖော်ဝါရီလတွင် လာအို လေကြောင်းလိုင်းသည် အောက်ဖော်ပြပါ မြို့များသို့ ပျံသန်းပြေးဆွဲလျက်ရှိသည်။
- လာအို နိုင်ငံ
- Luang Namtha - Louangnamtha Airport
- Luang Prabang - Luang Prabang International Airport Focus City
- Oudomxay - Oudomsay Airport
- Pakse - Pakse International Airport
- Savannakhet - Savannakhet Airport
- ဗီယင်ကျန်း - ဝတ်တေ အပြည်ပြည်ဆိုင်ရာ (အခြေစိုက်ကွင်း)
- Xieng Khuang - Xieng Khouang Airport
- ကမ္ဘောဒီးယား နိုင်ငံ
- ဖနွမ်းပင် - ဖနွမ်းပင် အပြည်ပြည်ဆိုင်ရာ လေဆိပ်
- စီရန်ရိ - စီရန်ရီ အပြည်ပြည်ဆိုင်ရာ လေဆိပ်
- တရုတ် နိုင်ငံ
- ကွမ်ကျိုးမြို့ - Guangzhou Baiyun International Airport
- ကူမင်း - ကူမင်း ချန်ဆွေ အပြည်ပြည်ဆိုင်ရာ လေဆိပ်
- Jinghong - Xishuangbanna Gasa International Airport
- ချင်းဒူ - Chengdu Shuangliu International Airport
- စင်ကာပူ နိုင်ငံ
- ထိုင်း နိုင်ငံ
- ဗီယက်နမ် နိုင်ငံ
- တောင်ကိုရီးယား နိုင်ငံ
- ဆိုးလ် - အင်ချွန် အပြည်ပြည်ဆိုင်ရာ လေဆိပ်
- ဘူဆန် - Gimhae International Airport
- လာအို နိုင်ငံ
ပူပေါင်းဆောင်ရွက်ခြင်း စာချုပ်
လာအို လေကြောင်းလိုင်းသည် အောက်ဖော်ပြပါ လေကြောင်းလိုင်းများနှင့် ပူးပေါင်းပျံသန်းလျက် ရှိသည်။
- ထိုင်း လေကြောင်းလိုင်း
- ဗီယက်နမ် လေကြောင်းလိုင်း
Remove ads
လေယာဉ်
၂၀၁၅ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် အောက်ဖော်ပြပါ လေယာဉ်အမျိုးအစားများ ပိုင်ဆိုင်ထားသည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads